Toyota ရဲ့ C-HR ကား အမျိုးအစား ကတော့ ခေတ်လွန်ပြီးဆန်းသစ်တဲ့ ဒီဇိုင်း အပြင်အဆင်တွေကြောင့် ထွက်ထားတာ ၆ နှစ်ကြာလာခဲ့တာတောင် ကြာပြီလို့ မထင်ရသေးပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြီးခဲ့တဲ့ လပိုင်း တုန်းကမှ Toyota ကနေ Prologue ဆိုတဲ့ ကား Concept ကို ချပြလာတာကြောင့် အဆိုပါ Concept ကို ဒုတိယ မြောက်မျိုးဆက် C-HR ကားသစ်အနေနဲ့  လာမယ့် ၂၀၂၄ ‌မှာ ချပြလာလိမ့်မယ်လို့ ယူဆ လာခဲ့ ကြပါတယ်။ အခုဆိုရင် ပဲ အဆိုပါ Concept ကို အခြေခံရေးဆွဲထားတဲ့ C-HR ဒီဂျစ်တယ် ပုံကြမ်းတစ်ရပ်ကို စတင် မြင်တွေ့လာရပါပြီ။ အဆိုပါ ကားသစ်ကတော့ သိထားရသလောက် အနေအထားမှာ ဆိုရင် သာမန် Crossover အသေးတွေနဲ့ လုံးဝ ကွဲထွက် နေမယ့် ကားကိုယ်ထည် အပြင်ဘက် ဒီဇိုင်းကို ဖန်တီး ပေးလာလိမ့်မယ်လို့ သိထားရပါတယ်။ ဒါ့အပြင် Concept အရတော့ ခပ်ပါးပါး အသွင်လေး ဖြစ်လာမယ့် C ပုံစံရှေ့မီးကြီးတွေဟာ အခု Crossover ကားလေးကို ပိုပြီး ကြွကြွရွရွ နဲ့ ခပ်ထန်ထန် ဖြစ်သွားစေနိုင်ပါ လိမ့်မယ်။ ဒါ့အပြင် ပိုကျယ် လာမယ့် အနောက်မီး Taillights တွေအပြင် Sports ပိုဆန်ပြီး အမိုးမှာ တပ်ဆင်မယ့် Spoiler လည်း ပါဝင်လာနိုင်သေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ နောက် တံခါးလက်ကိုင်တွေကို Prologue Concept မှာ ဖျောက်ထားတယ် ဆိုပေမယ့် အခုကားမှာတော့ သိသာနေပြီး အရှေ့ဘက် တံခါးလက်ကိုင်တွေနဲ့ တစ်ဖြောင့်တည်း လောက်မှာ ပါလာပါတယ်။ ယခင်ထွက်ထားတဲ့ C-HR တုန်းကလည်း သုံးခဲ့ဖူးတဲ့ C-Pillar တွေ ကိုကြည့်မယ် ဆိုရင်တော့ Toyota အနေနဲ့ အခု ဒီဇိုင်းအသစ်တွေမှာ ယခင်လို သာမန်လက်ကိုင် ပုံစံတွေကိုပဲ ဖန်တီးချင် နေပုံရပါသေးတယ်။ ဒါပေမယ့်‌ တကယ့်လက်တွေ့မှာတော့ Concept ရဲ့ လက်ကိုင်အပျောက် တံခါးဒီဇိုင်း တကယ်ဖြစ်လာ ဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ကုမ္ပဏီဘက်ကတော့ အခုကားသစ်ရဲ့ အတွင်းခန်းက တကယ် ကျယ်ဝန်း လာမှာဖြစ်ပြီး Wheelbase လည်းနည်းနည်း တိုးထားမှာဖြစ်လို့ အနောက်ခန်းလည်း ပိုကျယ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဆိုပါ Crossover မှာကတော့ Overhang အရှည်တွေ မသုံးထားနိုင် သေးတာကြောင့် သိသိသာသာကြီး ရှည်လာမယ့် ကားတစ်စီးတော့ မဟုတ်သေးပါဘူး။ Prologue Concept မှာတုန်းက မြင်ခဲ့ရတဲ့ ဘေးဘက် မှန်ကင်မရာတွေကိုတော့ ယခင် C-HR တွေရဲ့ သာမန် ဘက်မှန်နေရာမှာ အစားထိုးထည့်ထားပြီး Toyota ရဲ့ အရောင် ၃ ရောင်စပ် အမျိုးအစားကိုလည်း ပိုဈေးကြီးတဲ့ မော်ဒယ်တွေမှာ သီးသန့်ရလာနိုင်ပါ‌ သေးတယ်။ အမြင်ပိုင်း အပြောင်းအလဲ တစ်ချို့ကလွဲလို့ 2024 C-HR ထွက်လာမယ် ဆိုရင် Plug-In Hybrid အင်ဂျင် အမျိုးအစား ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ လျှပ်စစ် သီးသန့် ကားကိုတော့ မစီစဉ်ရသေးပဲ ကုမ္ပဏီ အနေနဲ့ သီးသန့် EV Platform တစ်ရပ်နဲ့အတူ Subcompact Crossover EV တစ်စီးကိုပဲ ဖန်တီးချင်ပုံ ရနေပါတယ်။ အခုကားသစ် ဘယ်တော့ လောက် မိတ်ဆက်တာ မြင်ရမလဲ ဆိုတဲ့ အချက်မှာတော့ Prologue Concept တုန်းက ပြောခဲ့ကြတဲ့အတိုင်း ၂၀၂၃ အခုနှစ် နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၄ အစောပိုင်းလောက်မှာ ဖြစ်လာနိုင်ပါလိမ့်မယ်။

Ref: motor 1.com