ဂျပန် ဈေးကွက်ထဲ လအနည်းငယ် လောက်ကတည်းက ရရှိထားပြီး ဖြစ်တဲ့ မျိုးဆက်သစ် Subaru Crosstrek ကားကတော့ အခုဆိုရင် မြောက်အမေရိက ကားဈေးကွက် ဆီကိုပါ ခြေဆန့်လာခဲ့ပါပြီ။ 2023 ချီကာဂို ကားပြပွဲကြီးမှာ မိတ်ဆက် ခဲ့တဲ့ အခုကားသစ်ကတော့ ဈေးကွက် မတူတဲ့နည်းတူ ဈေးနှုန်းတွေရော အခြား အရာတွေမှာပါ ပြောင်းလဲမှု တစ်ချို့ ရှိလာတာ ဖြစ်ပါတယ်။ အခု မြောက်အမေရိက Version မှာ ထူးခြားတာ တစ်ခုကတော့ All-Wheel Drive Version ဖြစ်လာပြီး ဈေးပိုသက်သာတဲ့ Front-Wheel Drive ကားလည်း ပါဝင်လာ ပါသေးတယ်။ Trim မြင့်တဲ့ Model တွေ အနေနဲ့ ဆိုရင်တော့ 182 hp အထိ စွမ်းဆောင်နိုင်မယ့် 2.5 Liter Boxer Four-Cylinder အင်ဂျင်ကိုလည်း ရွေးချယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Trim တွေကိုတော့ Sport နဲ့ Limited တွေလို့ အမည်ပေးထားပြီး အခု အမေရိက ဈေးကွက်အတွက် သီးသန့် ထူးခြားချက် အနေနဲ့ ကားအတွင်းအပြင် အဝါရောင် လိုင်းလေးတွေ ထည့်ပေးထားတာပါ။ အခြားသော Trim တွေ အဖြစ် 152 hp နဲ့ 145 lb-ft Torque အထိ စွမ်းဆောင် နိုင်မယ့် 2.0 Liter Four-Pot အင်ဂျင်ပါ Base Trim  Premium Trim စတာတွေ ပါလာပြီး Hybrid Trim ကတော့ လုံးဝကို ပါမလာတော့တာပဲ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

တကယ်တော့ အဆိုပါ အင်ဂျင် အတွဲအစပ်တွေက ယခင်မျိုးဆက် အဟောင်းတုန်းက အတိုင်းပဲဖြစ်ပြီး အခု မျိုးဆက်သစ် Crosstrek ရဲ့ ပြောင်းလဲမှုတွေမှာ ဆိုရင် ကားကိုယ်ထည် နည်းနည်း ပိုရှည်လာတာက သိသာ စေပါတယ်။ ဒါတင်မကသေးပဲ အတွင်းခန်းမှာပါ ၇ လက်မ အရွယ် Screen ကို သုံးလာတာတွေ ၊ နောက်ထပ် ရွေးချယ်လို့ ရဦးမယ့် ၁၁.၆ လက်မ Screen အပါ Starlink Multimedia စနစ် တွေကလည်း အပြောင်းအလဲ တွေထဲ ပါဝင်ပါတယ်။ Subaru ကတော့ အခု SUV အသစ်ကို ပိုမာပိုကောင်းတဲ့ Chassis ပေါ်မှာ ဖန်တီးထားတယ်လို့ ဆိုထားပြီး WRX ကား ရဲ့ Electronic Steering Rack စနစ်ကို ယူသုံးပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ အနောက်ဘက် ထိုင်ခုံတွေကို ခေါက်ထားလိုက်မယ်ဆိုရင် ၅၄.၇ ကုဗ ပေ ပမာဏ အထိ ရှိမယ့် ကုန်တင်စရာ နေရာရနိုင်ပြီး ယခင် ကားထက်တော့ ဒီနေရာမှာ နည်းနည်း ပိုရှည်တာ သိသာသွား စေတာပါ။ လမ်းကြမ်းပိုင်းတွေ အတွက်ကိုလည်း ကားရဲ့ မြေပြင်ကင်းလွတ် အမြင့်က ၈.၇ လက်မ အထိကို ရှိထားမှာ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

 ကားရဲ့ ဈေးတွေကတော့ ယခင် ကားမော်ဒယ်နဲ့ အတူတူပဲ ရှိနေဦးမှာဖြစ်ပြီး CVT အင်ဂျင်ပါတဲ့ 2023 Model Base Trim ကို $ 24,995 ရခဲ့တဲ့ အတိုင်းပဲ ဆက်ရှိနေမှာပါ။ ဒါပေမယ့် အခြားသော သယ်ယူ ပို့ဆောင် စရိတ် နဲ့ အခွန်အခတွေကို ထပ်ပေါင်းဦးမယ် ဆိုရင်တော့ $ 70 ကနေ $ 1,295 လောက် အထိကို ဈေးပိုသွား နိုင်ပါသေးတယ်။ ဒီလိုဆိုရင်တော့ 2024 Crosstrek ကားရဲ့ ဈေး အသက်သာဆုံး Version က $ 26,290 လောက် အထိ ရှိလာမှာပဲ ဖြစ်ပါတယ်။ အခု ကားသစ်တွေကိုတော့ နေရာနှစ်နေရာ ကနေ ထုတ်လုပ်လာမှာ ဖြစ်ပြီး 2.0 Liter အင်ဂျင်နဲ့ Base Premium Model တွေကို ဂျပန် နိုင်ငံက Gunma စက်ရုံမှာ ထုတ်လုပ်သွားမှာပါ။ နောက်ထပ် 2.5 Liter အင်ဂျင် နဲ့ Sport Limited စတဲ့ Trim တွေကိုတော့ အမေရိကန် နိုင်ငံ ၊ အင်ဒီယာနာမှာ ရှိတဲ့ Lafayette မှာ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အခုလာမယ့် နွေရာသီမှာ ဆိုရင်တော့ 2.5 Liter အင်ဂျင် အပါအဝင် Trim အနိမ့်ကားတွေကို ဈေးကွက် ထဲစတင် ပို့ဆောင်ပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: motor 1.com