ပြီးခဲ့တဲ့ လပိုင်းတုန်းကပဲ Porsche ရဲ့ လူစိတ်ဝင်စားမှုရှိတဲ့ ကားမော်ဒယ်တစ်စီး ဖြစ်တဲ့ Panamera ရဲ့ Prototype ကို စမ်းသပ်နေတာ မြင်ခဲ့ရပြီးပါပြီ။ ဒါပေမယ့် အံ့အားသင့်စရာ ကောင်းတာကတော့ ကားရဲ့ အရှေ့ဘက် Fascia  က တစ်မူကွဲပြားနေတာဖြစ်လို့ မျိုးဆက်သစ်ဇိမ်ခံ Sedan ကားရဲ့ဒီဇိုင်းသစ်လမ်း ကြောင်း အသစ်ကို မြင်ရပြီ လား ဆိုတာ စိတ်ဝင်စားစရာ ကောင်းလာစေခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေရှိ တာကတော့ အဆိုပါ မျိုးဆက်သစ် Panemera ကားရဲ့ အစောပိုင်း ဆန်းသစ်နေဆဲ ကားပုံကြမ်းသာ ဖြစ်နိုင်သေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Porsche ဆိုတာကလည်း ကားသစ်တွေ ဖန်တီးရာမှာ ပြင်ဆင်ချိန် ပိုကြာကြာ ယူတတ်တာ ထုံးစံပဲ မို့ အခုချိန်ကတော့ အဆိုပါ ကားသစ်ကို မြင်ရဖို့ အကြာကြီးစပြီး စောင့်ဆိုင်းရဦးမယ့် အချိန်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ လက်ရှိ အဆိုပါ ကားကိုတော့ ၂၀၂၁ Model အတွက်ပဲ အဆင့်မြှင့်တင် ပေးထားပြီး နောက် ၂ နှစ်လောက် ဈေးကွက် ထဲ ကျင်လည်နေဦးမှာပါ။ ပုံမှန်အားဖြင့် ကားတစ်စီးရဲ့ မျိုးဆက်သစ် မော်ဒယ်ကို ၄ နှစ် လောက်နေမှ တစ်ခါ ပေးတတ်တဲ့ Porsche ကြောင့် အခု ကားကိုလည်း ၂၀၂၄ မော်ဒယ်အသစ် အဖြစ် ခန့်မှန်းလို့ ရနေမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ဆိုရင်တော့ Motor.es ကနေ အဆိုပါ မျိုးဆက်သစ်ကားရဲ့ ဖြစ်နိုင်ဖွယ် ပုံရိပ်ကြမ်း တွေကို ရေးဆွဲ ချပြ ခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်း ကတည်းက မြင်တွေ့ခဲ့ရတဲ့ Spy Shots တွေကို အခြေခံ ရေးဆွဲထားတာပါ။ ဘယ်လိုပဲ ပြောပြော ကားသစ် မြင်ရဖို့က ကြာနေသေးလို့ အခု ပုံကြမ်းက မတိကျနိုင် သေးပဲ အပြောင်းအလဲ တွေ များလာ နိုင်ပါသေးတယ်။ ပုံမှန် Porsche ကား တစ်စီးရဲ့ ဒီဇိုင်း အသွင်သဏ္ဍာန်ကနေ ကြီးကြီးမားမား ခွဲထွက်လာလိမ့်မယ်လို့တော့ မမျှော်လင့် ရပဲ Hatchback ဆန်ဆန် ကားအနောက်ပိုင်းကိုလည်း ဆက်မြင်ရ ဖို့ ရှိပါသေးတယ်။ အဆိုပါ ကားသစ်ရဲ့ အချိုး အစားတွေရဲ့ တစ်စီးလုံးရဲ့ ပုံစံကို ခြုံပြီး ခန့်မှန်းကြည့်ရမယ် ဆိုရင်တော့ ခပ်ပါးပါး လျလျ ကား တစ်စီး ဖြစ်မယ် ဆိုတာ သေချာပါတယ်။ ဒါ့အပြင် Overhang တွေက တော့ လက်ရှိထက် အနည်းလောက် ပိုတိုလာနိုင်တဲ့ အခြေအနေကြောင့် Sports ဆန်တဲ့ အရသာကို ပိုပေး လာနိုင်တဲ့ ကားလည်း ဖြစ်လာနိုင်ပြန်ပါတယ်။

Photo Credit: motor 1.com

တစ်ဖက်မှာတော့အဆိုပါ Panamera ကားရဲ့တွဲဖက်ဖြစ်တဲ့ Taycan က လျှပ်စစ်ကားတစ်စီးအဖြစ် မြင်လာ ရဖို့ ရှိပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခု Panemera ကားအသစ်မှာတော့ Combustion Engine ကို ဆက်သုံး လာ ဦးမယ်လို့ မျှော်လင့် ရပါတယ်။ ဒါပေမယ့်လည်း အစောပိုင်း ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရတော့ အဆိုပါ ကားသစ် ရဲ့ ရွေးချယ်နိုင်စရာ Powertrain တွေထဲမှာ Plug-In Hybrid တွေ လည်း ပါဝင်လာနိုင် တယ်လို့ သိထားရပြီး Mercedes- AMG GT 63 S E Performance ကားနဲ့တော့ တိုက်ရိုက်ယှဉ်ပြိုင်ရ လာနိုင်ပါတယ်။ လာမယ့် လပိုင်းတွေထဲမှာတော့ အဆိုပါ မျိုးဆက်သစ် ကားအတွက် အချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပြီး ထုတ်လုပ်တဲ့ အဆင့်ဖြစ်လာမယ့် ကားတွေကိုတော့ လာမယ့် ၂၀၂၃ မတိုင်ခင်မှာပဲ စတင် မြင်တွေ့လာရမယ်လို့ ခန့်မှန်းရပါတယ်။

Ref: motor 1.com