Peugeot ရဲ့ 2008 Crossover ကားသေး အမျိုးအစားကတော့ အခုနှစ်မှာ Mid-Cycle Facelift Version ထွက်လာတော့မှာနဲ့အတူ အပြောင်းအလဲတွေ လည်း များလာတော့မှာပါ။ တော်တော် ပြောင်းလဲသွားမယ့် ဒီဇိုင်းပိုင်း ၊ လျှပ်စစ် စွမ်းအင်မျိုးကွဲ အသစ်တို့နဲ့ မြင်လာရနိုင်တဲ့ အဆိုပါကားသစ် စမ်းသပ် ပုံရိပ်တွေကိုတော့ မကြာခင် ရက်ပိုင်းထဲကမှ တွေ့ထား ရပါသေးတယ်။ Kolesa.ru ဆီက ပေါ်လာတဲ့ ပုံကြမ်းတွေ အရတော့ အခုကားအသစ်မှာ Range အမြင့်ဆုံး 2024 Peugeot 2008 GT-Line ပုံရိပ်တွေကို စမြင်လာ ရပြီဖြစ်ပြီး ယခင်ဒီဇိုင်းနဲ့ မတူတာတွေ အတော်လေး တွေ့လာရပါတယ်။ အဓိက အပြောင်းအလဲ ပိုင်းတွေကတော့ အပြင်ပိုင်းမှာဖြစ်ပြီး ဟိုးယခင် 308 Hatchback နဲ့ Wagon ကားတွေ ပုံစံကို ပြန်လည် အမှတ်ရစေမယ့် Radiator Grille ကိုပါ မြင်ရမှာပါ။ ဒါ့အပြင် Brand ရဲ့ Logo အသစ်ကိုလည်း အလယ်မှာ ထည့်ပေးထားပြီး Grille အသစ်ရဲ့အောက်မှာတော့ ဘန်ဘာ ဒီဇိုင်းအသစ် ကို သုံးပေးထားပြီး ထောင့်လေးထောင့်မှာ Faux Air Intake ပေါက်လေးတွေ ဖန်တီးထားတာ တွေ့ရပါတယ်။ အစောပိုင်း မြင်ခဲ့ရတဲ့ Prototypes ပုံရိပ် တွေ အရ ဆိုရင်တော့ ကားရှေ့မီးကြီး ပိုင်းတွေကို Full-LED Cluster တွေအစား သာမန် Halogen Headlight တွေနဲ့ အစားထိုးထားတာကို မြင်ခဲ့ရတာပါ။ ဒါပေမယ့်လည်း Headlight အပိုင်းကိုတော့  အနည်းငယ် ဒီဇိုင်းအပြောင်းအလဲ လေးတွေ လုပ်ပေးထား နိုင်ပါသေးတယ်။ ကားရဲ့ အနောက်ဘက်ပိုင်းမှာ တော့ ပုံကြမ်းတွေအရ နည်းနည်းပိုပါးလျ တဲ့ ဒီဇိုင်းမျိုးနဲ့ Taillight တွေကို Graphics လေးတွေ ပေါင်းထည့် ပေးလာဖို့ များပါတယ်။ အနောက်ဘက် ဘန်ဘာ တစ်ခုလုံးကိုလည်း ‌ဒီဇိုင်းပုံပြောင်းတာမျိုး လေးတွေ အနည်းနဲ့အများ လုပ်ထားတာကို မြင်ရဦးမှာပါ။

Photo Credit: motor 1.com

ကုမ္ပဏီ ဘက်က အတည်ပြု ပေးထားချက် အရတော့ အဆိုပါ Peugeot 2008 Facelift Model ကားအသစ်တွေမှာ Mild-Hybrid အင်ဂျင်တွေ ပါပါလာ မယ်ဆိုတာ သိထားရပါတယ်။ အဓိကအားဖြင့် 100 hp နဲ့ 130 hp စွမ်းဆောင်ရည် အကြားလောက်ပဲ ရှိထားပေမယ့် Six-Speed Dual-Clutch Automatic ဂီယာကိုလည်း တွဲဖက် ပေးလာ နိုင်ပါတယ်။ အဆိုပါ ဂီယာနဲ့ ဖြစ်လာမယ့် အပြင် 21 kWh လျှပ်စစ် မော်တာကိုပါ 15 Percent Fuel Efficiency ပမာဏလောက် ထောက်ပံ့ပေးနိုင်ဖို့အတွက် ထည့်ပေးလာနိုင်ပါတယ်။ ဒါတင်မကသေးပဲ လျှပ်စစ် သီးသန့် ဖြစ်လာနိုင်မယ့် e-2008 ဆိုတဲ့ ကားသစ်ကလည်းအလားအလာ ကောင်းနေပြီး Peugeot အနေနဲ့ လျှပ်စစ် မော်တာ အသစ်နဲ့အတူ 156 hp အထိ စွမ်းဆောင်လာနိုင်ပါတယ်။ ဘက်ထရီ အပိုင်းကလည်း ပိုကြီးလာနိုင်တဲ့ အတွက် တစ်ခါအားသွင်းရင် ၂၅၀ မိုင် လောက် အထိ‌ကို မောင်းလာ နိုင်ဖို့ရှိတာကြောင့် လျှပ်စစ်ကားသစ် အနေနဲ့ ရော မော်ဒယ်အသစ်တွေနဲ့ပါ မြင်လာရတော့မယ့် Peugeot 2008 ကားတွေကိုတော့ မျှော်လင့် စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com