Mercedes-Benz EQB ရဲ့ သာမန် အင်ဂျင် ကားအမျိုးအစားကတော့ သက်တမ်းရလာပြီဖြစ်လို့ Mid Cycle Refresh ‌ကားသစ်တောင် ထွက်လာတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း GLB ရဲ့ Version အသစ်ဟာ လျှပ်စစ် မျိုးကွဲ ဖြစ်လာတော့မယ် ဆိုတဲ့ သဘောကို ဆောင်နေပြီး အခုဆိုရင်လည်း EQB ကားသစ်လို့ ယူဆရတဲ့ကားရဲ့ အတွင်းခန်း ပုံရိပ် တစ်ချို့ကို မြင်တွေ့လာရပါပြီ။ အခု အတွင်းခန်း ပုံရိပ်မှာ ထူးခြားတာကတော့ စတီယာတိုင် အသစ် ပါဝင်လာတာ ဖြစ်ပြီး Center Console အပိုင်းကိုတော့ မမြင်ရအောင် ဖုံးထားပါသေးတယ်။ ကုမ္ပဏီ ဘက်ကတော့ ကားသစ်မှာ အဆိုပါ Console ပိုင်းကို အပြောင်းအလဲ ကြီးကြီးမားမားလုပ်ဖို့ ကြိုတင် စီစဉ်နေပုံလည်း ရပါတယ်။ အခု အတွင်းခန်း မှာတော့ Dashboard အပြည့် Display ကြီးကို မြင်ထား ရပေမယ့် နောက်ပိုင်း Mercedes Model တွေမှာ ပါဝင်လာတဲ့ နောက်ဆုံးပေါ် MBUX Infotainment Software ပိုင်း ပါမပါ ဆိုတာကိုတော့ မမြင်ထားရသေးပါဘူး။

Photo Credit: motor 1.com

အခု ပုံရိပ်တွေအရ ကားရဲ့ အပြင်ဘက် မျက်နှာစာ ဒီဇိုင်းပိုင်းတွေကို သေချာမမြင်ရသေးပဲ Camouflage တွေ အများ အပြား အုပ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇိုင်းပိုင်းအရ မသိမသာ အပြောင်အလဲ လေးတွေကိုပဲ မျှော်လင့်လို့ ရနိုင်တာ ဖြစ်ပြီး ဘန်ဘာဒီဇိုင်း ၊ Grille ပုံပြောင်း လေးနဲ့ အခြားသော အသေးစား ပုံစံသစ် လေးတွေကို မြင်လာရနိုင် ပါတယ်။ အခု ပုံစံအရတော့ ရှေ့မီးကြီးတွေက ပုံစံတူဖြစ်လာဖို့များပြီး မီးလုံးအတွင်းထဲက Lighting Graphics ‌တွေ ကိုပဲ ပြောင်းလဲ ပေးလာနိုင်ပါတယ်။ ဒါပေမယ့် ကားရဲ့ အနောက်ဘက်မှာတော့ Camouflage သိပ်မအုပ်ထားလို့ နည်းနည်း ခပ်ရှင်းရှင်း မြင်တွေ့ထားရပြီး နောက်မှးတွေနဲ့ ကားနောက်ပိုင်း အပြင်အဆင် တွေကိုတော့ မြင်တွေ့နိုင်ပါတယ်။ ဒီဇိုင်းပိုင်း အရတော့ မြင်ရ‌သလောက် သိပ်ပြီး အပြောင်းအလဲမရှိ လာသေးတာပါ။

Photo Credit: motor 1.com

Mercedes တို့ ကတော့အမေရိက ဈေးကွက်ထဲမှာတင် EQB ကို ပုံစံ ၂ မျိုး နဲ့ မိတ်ဆက်ထားတာ ဖြစ်ပြီး All-Wheel Drive ပါဝင် တဲ့ EQB 300 4 Matic ကားကတော့ 255 hp အထိ စွမ်းဆောင်နိုင်တာဖြစ်ပါတယ်။ နောက်ထပ် တစ်မျိုး ကတော့ EQB 350 4Matic ဖြစ်ပြီး 288 hp အထိ စွမ်းဆောင်ထားနိုင်တာပါ။ ဒီ တစ်ခေါက်ကားသစ် မှာလည်း ဘက်ထရီ နည်းပညာ သစ်တွေကြောင့် Range တက်လာတာကို မျှော်လင့်လို့ ရကောင်းရနိုင်ပေမယ့် စွမ်းဆောင်ရည် ပိုင်းတော့ အများကြီး ပြောင်းလဲလာနိုင်ဖို့ မရှိသေးပါဘူး။ အခု တစ်ခေါက် EQB ကားသစ်ကို ဘယ်တော့လောက် ချပြလာမလဲ မသိရသေးပေမယ့်လည်း အဆိုပါ ကားမတိုင်ခင်မှာတင် GLB ကား မျိုးဆက်သစ်ကို အရင်ဆုံး ပြသလာ နိုင်ဖို့ များနေပါတယ်။ ဒါပေမယ့် အဆိုပါကား ၂ စီး လုံးကတော့ အခုနှစ် မကုန်ခင်မှာတင် မြင်လာရနိုင်တာ ဖြစ်ပြီး ၂၀၂၄ Model အဖြစ် မြင်ရလာမှာပါ။ ဒီဇိုင်းလည်းအသစ် ဖြစ်လာနိုင်ပြီး ပုံစံပြောင်းတာ လေးတွေလည်း ရှိလာမှာဖြစ်လို့ ဈေးကလည်း ပြောင်းလဲလာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ EQB 300 4Matic က $ 55,550 ကနေ စတင် ထားတာဖြစ်ပြီး 350 Model ကတော့ $ 55,750 နဲ့ စတင် ထားတာပဲဖြစ်လို့ ကားသစ်ဈေးတွေကို စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com