Mazda ရဲ့ CX-90 ကားသစ် အတွက် နောက်ဆုံး ထွက်ပေါ်လာတဲ့ Teaser အရတော့ ကားက Plug-In Hybrid အမျိုးအစားဖြစ်လာတော့မယ် ဆိုတာ သေချာသွားခဲ့ပြီ ဖြစ်ပြီး E Skyactiv PHEV လို့လည်း ခေါ်တွင်မှာ ဖြစ်ပါတယ်။ အခု ကားကတော့ Brand အတွက် လျှပ်စစ်စွမ်းအင် ပေါင်းစပ် ကားတစ်စီး ဖြစ်လာတော့မှာ သေချာနေပါတယ်။ အဆိုပါ Crossover အသစ်ရဲ့ ပုံရိပ် တစ်ချို့ကိုလည်း ချပြခဲ့တာဖြစ်ပေ မယ့် ကားတစ်စီးလုံးကိုတော့ အခုလထဲမှာ သာ ကြေညာမှာ ဖြစ်ပါတယ်။ ပုံအရတော့ ကားရဲ့ အနောက်ဘက်ပိုင်း ထောင့်စွန်းလေးကို သေချာပြထားပြီး လူတစ်ယောက်က အားသွင်းကြိုးကို လက်နဲ့ ကိုင်ပြထား တာကိုလည်း ခပ်ဝါးဝါး လေးပြထားတာကြောင့် သေချာသွားတာပါ။ ဒါ့အပြင် PHEV ကား တစ်စီးအနေနဲ့ အားသွင်းပေါက်ကို ခရီးသည်ဘက်အခြမ်းမှာ ထည့်ထားတယ် ဆိုတာကိုတည်း အတည်ပြုရာ ရောက်ခဲ့ ပါတယ်။

Photo Credit: motor 1.com

အခု Teaser ပုံထဲက အတိုင်းကြည့်မယ် ဆိုရင်တော့ ကားရဲ့ အနောက်ဘက် ခရီးသည်ဘက် အခြမ်း ပုံစံကို ရှင်းရှင်း လင်းလင်းမြင်ရမှာဖြစ်ပြီး ခပ်ဝိုင်းဝိုင်းနဲ့ နိမ့်နိမ့်ရှိတဲ့ အနောက်ဘက် တံခါးပေါက်ကိုလည်း မြင်ရမှာပါ။ ကားရဲ့ Taillight ပိုင်းကတော့ အပြင်ဘက် အစွန်းကနေ ချွန်ထွက်နေမယ့် လေးထောင့် ဆန်ဆန်ပုံမျိုးဖြစ်ပြီး ကားရဲ့ အလယ်ဘက်ကို ပြေးထားတဲ့ Illuminated Strip အကြောင်းလေးတွေကိုလည်း မြင်ရနိုင်ပါတယ်။ ယခင် ပုံရိပ်တွေ တုန်းကတော့ အခုကားရဲ့ ကိုယ်ထည်ပေါ် မှာ Inline-Six ဆိုတဲ့ တံဆိပ်ကို မြင်ခဲ့ရဖူးတာဖြစ်ပြီး အခု PHEV ကား အနေနဲ့ ဆိုရင်တော့ ဘာအင်ဂျင်လဲ ဆိုတာကပါ မသေချာ သေးပါဘူး။ Mazda ဘက်က ကြေညာထားချက် တစ်ရပ် မှာတော့ ပထမ‌ဆုံးသော CX-90 2024 Model အသစ်က လျှပ်စစ် စွမ်းအင် သုံးလာမှာ ဖြစ်တယ်လို့ သိထားရတာ ဖြစ်ပေမယ့် PHEV တစ်မျိုးတည်းပဲ ရနိုင်မယ့် သဘောလို့တော့ မှတ်ယူလို့ မရတာကြောင့် ဝေခွဲရတော့ ခက်နေပါသေးတယ်။

Photo Credit: motor 1.com

အင်ဂျင်ပိုင်း အတွက် ခန့်မှန်းကြည့်ရမယ် ဆိုရင်တော့ 323 hp နဲ့ 369 lb-ft Torque အထိ စွမ်းဆောင် နိုင်တဲ့ Plug- In Hybrid 2.5 Liter အင်ဂျင်ကိုပါ CX 60 တုန်းကလို ပြန်သုံးပေးလာ နိုင်ပါသေးတယ်။ အဆိုပါ အင်ဂျင်နဲ့ ဆိုရင် တော့ တစ်နာရီ ၆၂ မိုင် နှုန်းတင်ဖို့ကိုပဲ ၅.၈ စက္ကန့်အတွင်း ဖြစ်နိုင်ကာ အမြင့်ဆုံးကတော့ တစ်နာ‌ရီ ၁၂၄ မိုင် အထိ ရှိခဲ့ ပါတယ်။ ဘက်ထရီ ပိုင်းကတော့ 17.8 kWh ပမာဏ ကိုသုံးထား တာကြောင့် တစ်ခါ အားသွင်းရင် ၃၉ မိုင်အထိ ကို မောင်းနိုင်ခဲ့တာပါ။ CX-60 တုန်းကတော့ 3.3 Liter Inline-Six အင်ဂျင်ကို 48-Volt Mild-Hybrid စနစ်နဲ့ တွဲဖက်ထားတဲ့ ပုံစံမျိုးကိုလည်း ရရှိခဲ့သေးတာ ဖြစ်ပြီး 280 hp နဲ့ 331 lb-ft Torque အထိကို စွမ်းဆောင်နိုင်ခဲ့ ပါတယ်။ Mazda ကတော့ Inline-Six အင်ဂျင်ကိုမှ Rear-Wheel Drive Version နဲ့ Mazda 6 ကားတွေမှာ မိတ်ဆက်လာဖို့ ရည်ရွယ်နေတာ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားသစ်က မရောက်လာနိုင်သေးတာ ကြောင့် အခုလိုမျိုး စွမ်းဆောင်ရည် ပမာဏကို CX-90 ကားသစ် တွေမှာပဲ တွဲဖက်ပေးလာနိုင်တာ ကိုလည်း မျှော်လင့်လို့ရတာ ဖြစ်ပါတယ်။

Ref: motor 1.com