2024 Mazda CX-90 ကားရဲ့ Standard Version ကတော့ အတော်လေးကို ခန့်ညားတဲ့ အသွင်အပြင်နဲ့ အသုံးလည်း အတော်တည့်တဲ့ ကားတစ်စီး ဖြစ်ပါ တယ်။ အဆိုပါ ကားရဲ့ အမြင့်ဆုံး ဓာတ်ဆီ ကားမှာ ဆိုရင် 3.3 Liter Turbocharged အင်ဂျင်ကို သုံးထားတာကြောင့် 340 hp နဲ့ 369 lb-ft Torque အထိ ကို စွမ်းဆောင် နိုင်ပါတယ်။ အဆိုပါ ကားမှာ ဆိုရင်တော့ အလန်းစား အင်ဂျင်ကြီးနဲ့ Eight-Speed အော်တိုဂီယာ တို့ ပါထား တဲ့အပြင် လျှပ်စစ်မော်တာ အသေးတစ်လုံးကိုပါ အပိုထည့်ပေးထားသေးတာ တွေ့ရမှာပါ။

Photo Credit: AllAutoExperts

ဒါ့အပြင် Mazda အနေနဲ့ CX-90 ကိုမှ 2.5 Liter Inline-Four အင်ဂျင်နဲ့ လျှပ်စစ်မော်တာ ၊ 17.8 kWh ဘက်ထရီတို့ ပေါင်းစပ်ပြီး Plug-In Hybrid ကား တစ်စီးကိုပါ ဖန်တီးပေးလာဖို့ ရှိနေပါ သေးတယ်။ အဆိုပါ ကားသစ် မှာတော့ စွမ်းဆောင်ရည်ပိုင်းက 323 hp နဲ့ 369 lb-ft Torque အထိကိုရှိ လာနိုင်တာ ကြောင့် အတော်ကောင်းတဲ့ ကားတစ်စီးအဖြစ် မြင်ရဖို့ ရှိနေပါသေးတယ်။ ဒါပေမယ့် အခုဆိုရင် CX-90 စထွက်လာကတည်းက စိတ်ဝင်စားစရာအပြောင်း အလဲ တစ်ရပ်အဖြစ် Instagram Artist တစ်ယောက် ဖြစ်သူ Kelsonik က ကားကို ပုံပြောင်းပြီး သူမတူတဲ့ အပြင်အဆင် ဒီဇိုင်းတစ်ချို့ကို ဖန်တီး ပေးလာ ခဲ့ပါတယ်။ အဆိုပါ ဒီဂျစ်တယ် ပုံကြမ်းမှာ ဆိုရင်တော့ SUV ရဲ့ အမြင့်ကို သိသိသာသာ ပြောင်းလဲ ပေးထားပြီး ယခင် ခန့်ခန့်ညားညား ကား တစ်စီးအသွင် ကနေ Sport ဆန်ဆန် ပိုကြမ်းလာတဲ့ Aggressive ပုံစံ ကားတစ်စီး အဖြစ် ‌ပြောင်းပေး လိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ဒါတင်မကသေးပဲ ကားတစ်စီး လုံးကို အနက်ရောင်ပဲ သုံးထားပြီး Grille ဘောင်တွေ ၊ တံခါး ဘောင်တွေနဲ့ Rocker Panels တွေကအစ အနက်ရောင်တွေ ကိုပဲ သုံးပေးထားတာကြောင့် ကြည့်လိုက်တာနဲ့တင် သူမတူ တဲ့ အမြင်မျိုးဖြစ်နေမှာပါ။ ဒါ့အပြင် အခုပုံကြမ်းထဲက 2024 CX-90 ကို ဘီးတွေကအစ လုံးဝထူးခြားတဲ့ ဘီးပုံစံ ကွဲတွေ ဖန်တီး ပေးထားလိုက်တာကြောင့် တော်တော်လေးကို ကြည့်ကောင်းနေပါတယ်။ ဒီလိုပုံစံ မျိုးနဲ့ CX-90 ကားသစ် ထွက် လာဖြစ်မယ် ဆိုရင်လည်း အတော်ကို ထူးခြားနေမှာတော့ သေချာပါတယ်။

Ref: AllAutoExperts