လွန်ခဲ့တဲ့ ၇၅ နှစ် ကတည်းက ထွက်ရှိခဲ့တဲ့ သက်တမ်းရင့် Maserati GranTurismo ကားကတော့ အခုဆိုရင် သိသာ တဲ့ အရွေ့တစ်ခုနဲ့အတူ လျှပ်စစ်ကား ခေတ်သစ်တစ်ခုအဖြစ် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ယခင် Gran Turismo ကားတွေကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက ထုတ်လုပ်မှုတွေ ရပ်ဆိုင်းလိုက်ပြီး အခု Redesigned Version အသစ်မှာတော့ ဂတ်စ် ဒါမှမဟုတ် လျှပ်စစ်သီးသန့် ကားတွေအနေနဲ့ ရရှိလာ တော့မှာ ဖြစ်တယ်လို့ ကုမ္ပဏီ က တရားဝင် မိတ်ဆက်သွားပါပြီ။ 2024 Model အနေနဲ့ ရောက်လာမယ့် အဆိုပါ ကားသစ်ရဲ့ ဈေးကို မသိရ သေးပေမယ့်လည်း $ 200,000 နီးပါး လောက်တော့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Modena ၊ Trofeo နဲ့ Folgore ဆိုတဲ့ မျိုးကွဲ ၃ မျိုးနဲ့ ထွက်လာတဲ့  အဆိုပါ ကားသစ်တွေအပြင် လာမယ့် နှစ်ထဲမှာကိုပဲ GranTurismo Convertible အမိုးဖွင့် ဒါမှမဟုတ် GranCabrio တို့ ထပ် ရောက်လာနိုင်တယ်လို့ သိရပါသေးတယ်။ ဒါ့အပြင် အဆိုပါ ကားသစ်တွေနဲ့အတူ ၇၅ နှစ်ပြည့် အထူးထုတ် PrimaSerie ကားသစ် တွေလည်း မိတ်ဆက်ပေးလာဖို့ များနေပြန်ပါတယ်။

Photo Credit: MotorAuthority

အခုထွက်လာတဲ့ ကားသစ် ၃ မျိုးမှာတော့ ဇိမ်အကျဆုံးကားက Modena ဖြစ်ပြီး၊ Sport အဆန်ဆုံး ကတော့ Trofeo ဖြစ်ကာ လျှပ်စစ်သီးသန့်ကတော့ Folgore ကား ဖြစ်လာမှာပါ။ Folgore နာမည်ကတော့ Maserati ရဲ့ နောက်ထွက်မယ့် လျှပ်စစ်ကားတွေ တိုင်းမှာ ဆက်သုံးလာနိုင်ပြီး Grecale Crossover နဲ့ MC 20 Supercar တွေရဲ့ လျှပ်စစ် မျိုးကွဲတွေမှာလည်း ဒီနာမည် ပါလာနိုင်ပါတယ်။ MC 20 ရဲ့ Twin-Turbo 3.0 liter V6 engine ကို သုံးပေးထားတဲ့ Modena နဲ့ Trofeo ကားတွေ မှာမှ Modena က 490 hp နဲ့ Trofeo က 550 hp အထိ စွမ်းဆောင် နိုင်မှာပါ။ ကား၂ မျိုးလုံးမှာတော့ 8-Speed Automatic ဂီယာ ၊ All-Wheel Drive နဲ့ 0-62 mph ပမာဏ ကို ၄ စက္ကန့်အောက် စွမ်းဆောင်ရည် စတာတွေရလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်စစ်မော်တာ ၃ လုံးနဲ့ T ပုံစံ ဘက်ထရီတို့ ပေါင်းစပ်လာတဲ့လျှပ်စစ်ကားသစ် Folgore ကားကတော့ 760 hp အထိပဲ အမြင့်ဆုံး စွမ်းဆောင် နိုင်မှာ ပါ။ 92.5 kWh ရှိတဲ့ ဘက်ထရီကြောင့် တစ်ခါ အားသွင်းထားရုံနဲ့ မိုင် ၃၀၀ ဝန်းကျင် မောင်းနှင်နိုင်မှာဖြစ်ပြီး 800-V Platform ကြောင့် အမြန်အားသွင်း စနစ်လည်း ရနိုင်ပါတယ်။ DC Fast Charger နဲ့ ဆိုရင်တော့ မိုင် ၁၀၀ စာကို ၁၀ မိနစ် အတွင်းအားပြည့်နိုင်ပြီး 0-62 mph ပမာဏကလည်း ၂.၇ စက္ကန့် အတွင်း အရှိန်တင်မောင်းလာနိုင်ကာ အမြင့်ဆုံး မြန်နှုန်းက တော့ ၁၉၉ မိုင်အထိ ရှိနိုင်ပါတယ်။

Photo Credit: MotorAuthority

Maserati ကတော့ လျှပ်စစ်ကားမှာရော သာမန်ကားသစ်တွေမှာပါ Multi-Link Design နဲ့ Platform အသစ်ကို သုံးပေးထားတာဖြစ်ပြီး Maserati ရဲ့ ကိုယ်ပိုင် Software နဲ့ OTA Update လည်း ရဖို့ရှိပါသေး တယ်။ Maserati ကလည်း လာမယ့် အနာဂတ်မှာ လျှပ်စစ်ကား ကုမ္ပဏီ ဖြစ်လာဖို့ အာမခံထားပြီး Grecale Folgore နဲ့ MC 20 Folgore ဆိုတဲ့ လျှပ်စစ်ကားသစ်တွေကလည်း ဆက်တိုက် ထွက်လာတော့မှာပါ။ အခု ကားတွေရဲ့ ဒီဇိုင်းပိုင်းကလည်း ယခင်ကတည်းက လှပြီးသား ခန့်ညားတဲ့ အသွင်အပြင်တွေကို ဆက်ထိန်းကာ ပိုကောင်းအောင် လုပ်ပေးထားပြီး LED တွေကိုလည်း ကားရဲ့ ရှေ့နောက်အကုန် ထည့်ပေးထားပါ တယ်။ ကိုယ်ထည် အချိုးအစားတွေကတော့ ယခင်ထက် ပိုကောင်းလာခဲ့ပြီး တစ်လက်မလောက် ပိုနိမ့်ကာ ၀.၈ လက်မ လောက်လည်း ပိုကျယ်လာခဲ့ပါတယ်။ ကားတွေကတော့ ၄ ယောက်စီးဖြစ်ပြီး ၁၂.၂ လက်မ အရွယ် Instrument Cluster နဲ့ ၊ Android စနစ် သုံး ၁၂.၃ လက်မအရွယ် Infotainment Screen တွေအပြင် Climate Settings တွေအတွက် ၈.၈ လက်မအရွယ် Screen လည်း ပါဝင်လာပါသေးတယ်။ ဂီယာ ရွေးရတာမျိုးလို အဓိက လုပ်ဆောင်ချက်တွေ အတွက် Physical Buttons တွေကိုပဲ ဆက်သုံးပေးထား ဦးမှာပါ။ အခြားသော ရွေးလို့ရသေးတဲ့ Features တွေ အနေနဲ့ ဆိုရင်တော့ Head-Up Display နဲ့ စပီကာ ၁၄ လုံး ဒါမှမဟုတ် ၁၉ လုံး အထိ ရွေးလို့ရတဲ့ Sonus Faber အသံစနစ် နဲ့ Trim အစုံ တွေ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority