Kia အနေနဲ့ သူတို့ရဲ့ နိုင်ငံတကာ ဈေးကွက်အသားပေး High-Riding Lineup တွေကို အစ ပြုခဲ့တာဟာ ၂၀၁၉ ခုနှစ် က Seltos နဲ့ ဖြစ်ပါတယ်။ အဆိုပါ နှစ်ရဲ့ နိုဝင်ဘာ လလောက် တုန်းက မြောက်အမေရိက ဈေးကွက် အတွက် လော့အိန်ဂျလိစ် ကား ပြပွဲကြီးမှာ စတင် ချပြခဲ့တာဖြစ်ပြီး ၂၀၂၀ ရဲ့ ပထမ ၃ လ ပတ် လောက်မှာပဲ စတင် ရောင်းချ ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ Compact Crossover ကားသစ် ဟာ Update အသစ် ရလာတော့မှာ ဖြစ်ပြီး ကားသစ်မှာတော့ အတွင်းခန်း အဆင့်မြှင့်တင်မှု အတော် များ များကို မြင်လာ ရနိုင်ပါတယ်။ ကားသစ် ကတော့ အပြင်ဘက်မှာ မီးလုံးတွေ အပိုင်းက စပြီး အသစ် အဆန်း တွေ အနေနဲ့ မြင်လာရကာ LED Daytime Running Lights တွေနဲ့ Fog Lights တွေကိုလည်း သပ်သပ် စီခွဲထုတ်ပေးထားတဲ့ ဒီဇိုင်းနဲ့ ပြင်ဆင် ပေးထားတာ ဖြစ်ပါတယ်။ Kia အနေနဲ့ ကားရဲ့ အရှေ့ဘက်ပိုင်းကို အမြင်ပြောင်းနိုင်ဖို့အတွက် Skid Plate ကိုလည်း ပုံပြောင်းပေးထားပြီး Mesh Grille ကိူလည်း ယခင်က ထက် ပိုကြီးအောင် ပြင်ပေးထားပါတယ်။ ဒါတင်မကသေးပဲ ယခင်တုန်းက ငွေရောင် Trim လေး တွေကို လည်း အလယ်နားကနေ ထားရာကနေ အောက်ဘက်ကို ရွှေ့ပေးလိုက်သေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အနောက်ဘက်မှာတော့ Light Bar ကြီးကို ထည့်ပေးလိုက်တာကြောင့် ကားက ယခင်ကထက်ကိုပဲ အတော် ကြီးလာသယောင် ထင်ရလာစေပါတယ်။ ဒါ့အပြင် ကားရဲ့ Taillight တွေကလည်း ယခင်ကထက် ပိုပြီး တိကျ ပြတ်သားတဲ့ အသွင်ဒီဇိုင်းတွေ ဖြစ်လာတာပါ။ အနောက်မှာ ပါလာတဲ့ အနီရောင် Reflectors တွေကလည်း ဘန်ဘာရဲ့ Plastic Cladding ‌တွေနဲ့ နေရာပြန်ချထားသလို အိတ်ဇောပိုက် ပုံစံတူ နေရာတွေ ပါမလာတော့တာ ကတော့ ကျေးဇူးတင်စရာ ဖြစ်နေပါတယ်။ အတွင်းခန်းထဲ ဝင်လိုက်မယ်ဆိုရင်တော့ အပြောင်းအလဲတွေနဲ့ Dashboard ကို မြင်ရမှာဖြစ်ပြီး ၁၀.၂၅ လက်မအရွယ် Screen တွေကို ဘေးချင်း ကပ်ယှဉ်ပေးထားတာကို အရင်ဆုံးတွေ့ရမှာပါ။ ဒါ့အပြင် Gear အုံအပိုင်းကိုလည်း မမြင်ရတော့ပဲ ခေတ်ပေါ် အသွင် ဖြစ်တဲ့ Rotary Switch ခလုတ် အဝိုင်းလေးနဲ့ အစားထိုးလိုက်ပြီ ဖြစ်ပြီး ခလုတ်တွေ အများကြီးနဲ့ လည်း ဝန်းရံ ထားလိုက်ပြန်တာပါ။ Kia အနေနဲ့ ကတော့ HVAC Control ခလုတ်တွေကိုတော့ ဆက်ထိန်း ပေးထားပြီး Infotainment တစ်ခုတည်း ကနေ ထိန်းရတာမျိုးတော့ မဟုတ် သေးတာ ဖြစ်လို့ မဆိုးဘူးလို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Hyundai ၊ Genesis နဲ့ Kia တို့ရဲ့ ထုံးစံအတိုင်း အခုအထိ မြင်ထားရသမျှကတော့ အမြင်ဒီဇိုင်း ပိုင်းတွေ ပဲရှိပါသေးတယ်။ အခု လာမယ့် လပိုင်းမှာတော့ စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို ချပြ လာမှာ ဖြစ်ပြီး ဘူဆန် ကားပြပွဲကြီးမှာ မြင်ရဖို့ ရှိနေပါတယ်။ ယခင်တုန်းကတော့ အဆိုပါ ကားကို ဥရောပ ဈေးကွက်တွေ အထိ မသွင်းခဲ့ဖူးပေမယ့် အခု ဆိုရင်တော့ အဆိုပါ ကားနီးပါး အရွယ်တူတဲ့  XCeed ကားကို တော့ ပိုသေးတဲ့ Stonic ကားရဲ့ အပေါ်မှာထည့်ကာ ရောင်းချပေးနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com