Hyundai ရဲ့ Ioniq 7 ကားသစ်ကတော့ Brand ရဲ့ လျှပ်စစ် ကားတွေထဲမှာ အမြင့်ဆုံး အမျိုးအစား အဖြစ် ထိုင်ခုံ ၃ တန်းပါ SUV အနေနဲ့ ၂၀၂၄ မှာ ထွက်ပေါ်လာတော့မှာပါ။ အခုဆိုရင်တော့ အဆိုပါ ကား တကယ့်လက်တွေ့ ဘဝမှာ ဘယ်လို ပုံစံပေါက်နေမလဲ ဆိုတာကို သေချာ ဖော်ပြထားတဲ့ ဒီဂျစ်တယ်ပုံကြမ်းကို စတင်မြင်လာရပါပြီ။ မြင်ရသလောက်ကတော့ ကားရဲ့ရှေ့ပိုင်းမှာ Seven Concept မှာတုန်းက မျက်နှာစာအတိုင်း ရှိနေပြီး ဒေါင်လိုက်ကျတဲ့ LED မီးတွေနဲ့အတူ ဘေးဘက်တွေမှာ မီးလုံးလေးလုံး ပါတဲ့ Lamps တွေကိုလည်း တစ်ဖက် တစ်ချက်စီ‌တွေ့ရမှာပါ။ ကားရဲ့အလယ်တည့်တည့်မှာတော့ Faux Grille ဒီဇိုင်းကို မြင်တွေ့ရပြီး ယခင် Pixel ပုံစံ LED တွေလိုမျိုးလိုတော့ မဟုတ်လာ ခဲ့ပါဘူး။ ဒါ့အပြင် ပိုပြီးတော့ ပါးလျတဲ့ မီးအလင်းတန်းလေးတွေ ကိုလည်း အင်ဂျင်စက်ဖုံး အောက်ခြေမှာ ထည့်ပေးထားတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

Seven Concept မှာ ချပြခဲ့ဖူးတဲ့ ပုံရိပ်တွေအရ ဆိုရင်တော့ ကားမှာ ပိုကြီးပြီး အပေါ်လှန်တင်လို့ရတဲ့ Suicide တံခါး တွေ ပါဝင်လာတာ ဖြစ်ပြီး ကားအတွင်းခန်းထဲ ပိုပြီး သေချာမြင်ရဖို့ ရှိနေတာပါ။ ဒါပေမယ့် တကယ်တမ်း ထုတ်လုပ် ရင်တော့ အဲ့ဒီလောက် ခေတ်မဆန် နိုင် သေးပါဘူး။ တကယ်တမ်း ဈေးကွက်တင်ပြီ ဆိုရင်လည်း ကားရဲ့ ဘေးဘက်တွေ  တစ်လျှောက် Z ပုံစံ နဂိုအမှတ်အသား လေးတွေကိုလည်း ဆက်ထည့်ပေးလာနိုင်ပြီး အနောက်ဘက် Fender တွေကိုလည်း အပေါ်ဘက် နည်းနည်းတင်ပေးထားတဲ့ ပုံပေါက်နိုင်ပါတယ်။ အဆိုပါ Concept ကို ချပြခဲ့ တုန်းကတော့ Hyundai ရဲ့ Electric Global Modular Platform E-GMP ကို သုံးထားခဲ့ပြီး 800 V အထိ ရှိတဲ့ Architecture Platform တစ်ခုလည်း ဖြစ်ပါတယ်။ ကားရဲ့ စနစ်ကတော့ အမြန် အားသွင်းစနစ်ကိုမှ 350 Kw အထိ ထောက်ပံ့ ပေးနိုင် မယ်လို့ ဆိုခဲ့ဖူးတာကြောင့် တကယ်သာဆိုရင် ၁၀ ကနေ ၈၀ % အထိ အားအမြန် ပြည့်ဖို့ကို ၁၀ မိနစ်ပဲ ကြာတော့မှာပါ။

Photo Credit: motor 1.com

တကယ်တမ်း ထုတ်လုပ်မယ် ဆိုရင်တော့ Ioniq 7 အနေနဲ့ 10p kWh ရှိတဲ့ ဘက်ထရီကို သုံးလာနိုင်ပြီး မိုင် ၃၀၀ Range အထိ ရနိုင်ကာ လျှပ်စစ် မော်တာတွေကလည်း ဝင်ရိုးတစ်ခုဆီမှာ သီးသန့်ဆင်ပေးထားမှာပါ။ ဒါကြောင့် စုစုပေါင်း စွမ်းဆောင်ရည်ကတော့ 308 hp လောက် အထိကို ရှိလာနိုင်ပါတယ်။ အတွင်းခန်းမှာတော့ Mineral Plaster နဲ့ ဝါးသစ်သားတို့လို ရေရှည်ပြန်လည် အသုံးပြုနိုင်တဲ့ ပစ္စည်း တွေနဲ့ပဲ ဖန်တီးထားတာမှာ ဖြစ်ပြီး Hygiene Airflow စနစ်ကိုလည်း UVC စနစ်နဲ့ ပေါင်းစပ်ထားမှာ ဖြစ်လို့ ကားအတွင်းခန်းကို စိတ် ကြိုက်အေးမြသန့်ရှင်း နေစေမှာ ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ အဆင့်မရောက်သေးလို့ အတိအကျ မသိရသေးပေမယ့်လည်း အဆင့်မြင့် ယာဉ်မောင်းအကူ စနစ်တွေတော့ ပါဝင်လာဖို့ ရှိနေပြီး Level 3 အဆင့် မောင်းသူမဲ့စနစ် ကိုလည်း ထည့်သုံးပေးလာ နိုင်ပါတယ်။ ဒါပေမယ့် ယာဉ်မောင်းကတော့ အဆင်သင့် ရှိနေရဦးမယ့် မောင်းသူမဲ့ အဆင့်ပဲ ဖြစ်နိုင်ပါတယ်။ Hyundai အနေနဲ့ လာမယ့် ၂၀၂၅ အထိ အမေရိက မှာဖော်ဆောင်မယ့် လုပ်ငန်းတွေအတွက် ဒေါ်လာ ၇.၄ ဘီလီယံ အထိ ရင်းနှီး မြုပ်နှံထားတာ ဖြစ်ကာ အဆိုပါ လုပ်ငန်းတွေထဲမှာတော့ နိုင်ငံတွင်း လျှပ်စစ်ကားတွေ အခု ၂၀၂၂ ကတည်းက နေစတင် ထုတ်လုပ်ဖို့ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ အဆိုပါ အခုနှစ်ထဲ စထုတ် နိုင်မယ့် ကားမော်ဒယ်ကိုတော့ Ioniq 6 အဖြစ် သိထားရပြီး လျှပ်စစ် Sedan ကားတစ်စီး ဖြစ်လာနိုင်ပါတယ်။

Ref: motor 1.com