N-Van ဆိုတဲ့ ကားကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကမှ ဂျပန်ဈေးကွက် အတွင်းမှာပဲရတဲ့ Kei Car အမျိုးအစားဖြစ်အောင် ဖန်တီး ယူထားတဲ့ အတော်သေးသေး ကားလေးဖြစ်ပါတယ်။ ကားလေးက ၁၃၃.၇ လက်မ အရှည် ၊ ၅၈.၁ လက်မ အကျယ်နဲ့ ၇၆.၇ လက်မ အမြင့်ရှိပြီး ဘီးတွေအကြား အကွာအဝေး ကလည်း ၉၉.၂ လက်မပဲ ရှိတာပါ။ မိသားစုဝင် စုစုစုပေါင်း လေးယောက် အထိတော့ ကောင်းကောင်း ဝင်ဆံ့တဲ့ လေးထောင့်ဆန် ဆန် ချစ်စရာ ကားသေးလေး အဖြစ်လည်းမြင်ရမှာ ဖြစ်ပါတယ်။
အဆိုပါ ကားမှာတော့ 0.7 Liter ပမာဏ လောက်ပဲရှိတဲ့ Naturally Aspirated Turbocharged Three-Cylinder Engine ကိုတပ်ဆင် ပေးထားတာကြောင့် စွမ်းဆောင်ရည် ကတော့ 64 hp နဲ့ 77 lb-ft Torque ပဲ ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်နဲ့ တွဲဖက်တဲ့ ဂီယာမှာတော့ Manual နဲ့ CVT ဂီယာ တွေအဖြစ် ၂ မျိုး ရနိုင်မှာဖြစ်ပြီး Front-Wheel Drive နဲ့ All-Wheel Drive ဆိုပြီးတော့လည်း ရွေးချယ် နိုင်ပါသေးတယ်။ ကားက တော့ တကယ်ကို သေးသေးနဲ့ ချစ်ဖို့ကောင်းတဲ့ Camper ယာဉ်တစ်စီးဖြစ်တဲ့အပြင် ဘက်စုံသုံးလို့ရဦးမယ့် Hill Climb တောင်တက်ယာဉ် အသေးစားလေး အဖြစ်လည်း အဆင်ပြေစေမှာပါ။ လာမယ့် ၂၀၂၄ နွေဦး ရာသီ လောက်ကစပြီး အဆိုပါ ကား လေးကိုပဲ လျှပ်စစ် သီးသန့် အနေနဲ့ ရဦးမယ်လို့ သိရပြန်ပါတယ်။ ဒါပေမယ့် အခုကတည်းက ဂျပန်ဈေးကွက် အတွင်း ကြေညာပေးထားတဲ့ အဆိုပါ လျှပ်စစ် Version သစ်မှာ တော့ တစ်ခါ အားသွင်းထားရင် ၁၂၄ မိုင် လောက် အထိ မောင်းနှင် နိုင်ပါလိမ့်မယ်။ ဒီပမာဏ က သိပ်မများဘူး ဆိုပေမယ့်လည်း ကားသေးတာကြောင့် ဘက်ထရီတွေ ခပ်ကြီးကြီးသုံး မရနိုင်တာကိုလည်း ပြန်ပြီး သတိပြုရဦးမှာ ဖြစ်ပါတယ်။ Honda ကတော့ အဆိုပါ လျှပ်စစ် ကားသေးလေးဟာ အိမ်စီးအပြင် လုပ်ငန်းလည်း သုံးလို့ရမယ်လို့ ဆိုထားပြီး အတွင်းခန်းမှာဆိုရင် အရှေ့ဘက် ခရီးသည်တင် ခုံအထိကိုပါ ခေါက်ကာ ကုန်များများတင်လို့ရအောင် စီစဉ်ပေးထားသေးတာ တွေ့ရမှာပါ။
တစ်ခု ကောင်းတာ ကတော့ အခု လျှပ်စစ်ကားသေးလေးက ဈေးအသက်သာဆုံး သာမန် အင်ဂျင်ကားလောက်ကိုပဲ ရှိတာဖြစ်လို့ လျှပ်စစ် ကားတွေထဲ အတော်ကို ကုန်ကျစရိတ် သက်သာစေမှာပါ။ လတ်တလော ငွေဈေးတွေအရ ဆိုရင်ကိုပဲ အမေရိကန် ဒေါ်လာ ၇,၃၀၀ လောက်ပဲ ကျသင့်မှာဖြစ်ကာ ယခင် မိတ်ဆက်ခဲ့ဖူးတဲ့ အလားတူ ပြိုင်ဖက် Nissan Sakura နဲ့ Mitsubishi eK X ကားတွေ ဆိုရင်တောင် ဒေါ်လာ ၁၄,၀၀၀ လောက်အထိ ရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ကားတွေထဲကမှ Mitsubishi ဆိုရင် ဒေါ်လာ ၁၇,၇၀၀ တန် Minicab MiEV ကို ထုတ်လုပ်ထားတာဖြစ်ပြီး 16 kWh ဘက်ထရီ နဲ့ တစ်ခါအားသွင်းထားရင် ၈၃ မိုင်ပဲ မောင်းနှင်နိုင်တာပါ။ အဆိုပါ ကားကတော့ 2WD ပဲ ဖြစ်ပြီး နှစ်ယောက် ဒါမှမဟုတ် ၄ ယောက်စီး Version တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကားကတော့ ၁၉၉၉ ကတည်းက ထုတ်လုပ်ခဲ့တာ ဖြစ်တာကြောင့် မျိုးဆက် ၆ ခု အထိ ကိုရှိပြီဖြစ်ပြီး သက်တမ်း ပိုရင့်တယ်လို့ ဆိုရမှာပါ။
Ref: motor 1.com