အသစ် ထွက်လာမယ့် ၁၁ ခုမြောက် မျိုးဆက်သစ် 2024 Honda Accord ရဲ့ ကားပုံစံက ဘယ်လိုဖြစ်လာမလဲဆိုတာကို ခန့်မှန်းလာကြတဲ့ အထဲမှာမှ အခုဆိုရင် တော့ အနီးစပ်ဆုံးတူလာနိုင်တဲ့ ပုံကြမ်းကိုပါ မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ အခု ဒီဇိုင်းကတော့ အရွယ်အစား အလယ်အလတ်ရှိ Sedan မျိုးဆက်သစ်အတွက် အတော်လေးတိကျ ပြည့်စုံတဲ့ ဒီဇိုင်း ဖြစ်ပြီး ဘရာဇီးရဲ့ အစိုးရဝက်ဘ်ဆိုဒ် တစ်ခုဆီကနေ ပေါက်ကြားထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အဆိုပါ ပုံကြမ်းမှာ ထူးခြားတာကတော့ ကားသစ်ရဲ့ ဖြစ်နိုင်ဖွယ် ပုံစံကို ပတ်ပတ်လည် မြင်တွေ့ထားရတာဖြစ်ပြီး ဒီပုံစံက တကယ်ကိုပဲ ထုတ်လုပ်မယ့် အဆင့်အထိ ရောက်လာ နိုင်ပါတယ်။ အခုပုံကြမ်းမှာဆိုရင် ယခင်ကတည်းက ကြိုတင်ခန့်မှန်းထားခဲ့တဲ့ Taillight တွေအစား Light Bar အပြည့် ပါဝင်လာမယ်ဆိုတဲ့ အချက်က မှန်ကန် ခဲ့တာ တွေ့ရပြီး Accord အသစ် တစ်စီးလုံးကတော့ အခု ဒီဇိုင်းအတိုင်းသာ ဆိုရင် အတော်လေး သန့်ရှင်းလှပတဲ့ Fastback ကားပုံစံ လေး ဖြစ်လာတော့မှာ သေချာပါတယ်။

Photo Credit: MotorTrend

ကားရဲ့ အရှေ့ဘက်ပိုင်းကတော့ 2023 Honda CR-V ဆီက အနည်းငယ် ပြန်လည် မှီငြမ်းထားတဲ့ အရသာ ကိုမြင်နေရပြီး Six-Pointed Grille ပုံစံကိုမှ ခပ် ပြားပြား ရှည်ရှည်မီးကြီးတွေနဲ့ ပေါင်းစပ်ထားတာမျိုး ဖြစ်ပါတယ်။ ကားရဲ့ Overhang တွေ ကလည်း အရှေ့နဲ့ အနောက်က ဘီးတွေထက် နည်းနည်း လေးပိုရှည် တာဖြစ်ပြီး  မျိုးဆက် ၁၀ ခု မြောက်တုန်းက Wheelbase ကိုလည်း ပြန်လည်ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် ကားရဲ့ အရှည်ကတော့ ယခင်ကထက် နည်းနည်း ပိုရှည်လာနိုင်ပြီး အတွင်းခန်း Cabin နဲ့ အနောက်ဘက် ပစ္စည်းထည့်စရာ နေရာတွေမှာ ပိုကျယ် လာနိုင်ပါတယ်။ ကားရဲ့ တစ်စီးလုံးကို ခြုံကြည့်ရမယ် ဆိုရင်တော့ ပိုပြီး ခေတ်ဆန် အဆင့်မြင့်တဲ့ ဘက်ကိုသွားထားပြီး Honda အနေနဲ့ ပိုကောင်းတဲ့ သီးသန့်ဆန်ဆန် Sedan တွေဘက်ကို ဦးတည်နေတာ မြင်နေရ ပါတယ်။

Photo Credit: MotorTrend

အခု မျိုးဆက်သစ် Accord အသစ်ကတော့ ယခင်ကားရဲ့ Platform အပေါ်မှာသာ အခြေခံ ထုတ်လုပ်ထားနိုင် ပေမယ့် အင်ဂျင်ပိုင်းဆိုင်ရာ တွေမှာတော့ ပို ကောင်းအောင် ပြုပြင်မွမ်းမံထားတာမျိုး တွေရှိလာနိုင်ပါတယ်။ ခန့်မှန်း ရသလောက် ကတော့ အဆိုပါ အင်ဂျင်တွေထဲမှာ Turbo 1.5 Liter I-4 အင်ဂျင်ကိုမှ Continuously Variable Automatic Transmission (CVT) ဂီယာ စနစ်နဲ့ တွဲပေးထားတာမျိုး ဒါမှမဟုတ် Turbo 2.0 Liter I-4 Engine ကို 10- Speed Automatic Gear နဲ့ တွဲပေးတာမျိုးတွေ နဲ့ရရှိလာနိုင်ပါတယ်။ ဒါ့အပြင် 2.0 liter I-4 Engine ကို လျှပ်စစ် မော်တာနဲ့ တွဲပေးထားမယ့် Hybrid ကားမျိုးကို လည်း မျှော်လင့်ထားမိပြီး Honda အနေနဲ့ All-Wheel Drive Version ထုတ်ပေးမလား ဆိုတာတော့ မသေချာ သေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။ လက်ရှိမှာတော့ Hybrid CR-V အသစ်ကိုလည်း အပြည့်အစုံချပြခဲ့ပြီးဖြစ်တာကြောင့် နောက်လာမယ့် Honda Accord အသစ်အတွက် ကိုလည်း အခြားသော အချက်အလက်တွေကို အခုနှစ်ကုန်ပိုင်းလောက်မှာ တင်ထပ်ပြီးသိရလာနိုင်ကာ ထုတ်လုပ်မှုတွေ ကိုတော့ ၂၀၂၄ လောက်မှာ စတင်လာ နိုင်မယ်လို့ခန့်မှန်းရပါ တယ်။

Ref: MotorTrend