ထုတ်လုပ်မယ့် ကားအဆင့်ကိုရောက်နေပြီဖြစ်တဲ့ 2024 GMC Hummer EV SUV ကားကတော့ လမ်း ကြမ်းပိုင်း စွမ်းဆောင်ရည် တွေကို Moab ‌ဒေသမှာ စတင် စမ်းသပ်နေပါပြီ။ အဆို ကားသစ်တွေ ကိုတော့ လာမယ့် နှစ်မှာစတင် ပွဲထုတ်တော့မှာ ဖြစ်ပြီး GM ရဲ့ ဥက္ကဌ ဖြစ်သူ Mark Reuss ကတော့ သူတို့ရဲ့ ကား သစ်တွေကို Utah ရဲ့ လမ်းကြမ်း မောင်း လမ်းကြောင်းတွေမှာပါ စမ်းသပ်နေပြီ ဖြစ်တယ်ဆိုတာ ဖော်ပြထား ခဲ့ပါတယ်။ ထုတ်လုပ်ရေးတွေကိုတော့ လာမယ့် ၂၀၂၃ အစောပိုင်းမှာ စတင် လာတော့မယ်လို့ ဖော်ပြထား ပြီး လက်ရှိ မှာ ဘယ်လောက်အထိ ကောင်းအောင် လုပ်ထားနိုင်လဲ ဆိုတာကို ဖော်ပြထားပေမယ့်ဘယ် အဆင့်လောက်အထိ ရောက်နေပြီလဲ ဆိုတာကို မပြောထားသေးပါဘူး။ ၂၀၂၁ မှာ စတင် မြင်ခဲ့ရတဲ့ GMC Hummer EV ရဲ့ SUV Version ကားဟာ အခု ၂၀၂၂ ရဲ့ Pickup Truck နဲ့ အချက်အလက်တွေ အတော်‌ များများ တူညီလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ကား အရွယ်အစား အရ အနည်းငယ် သေးငယ်လာပြီး လမ်းကြမ်းပိုင်း ပိုကောင်းအောင် စွမ်းဆောင်လာနိုင်တာကတော့ မတူညီတဲ့ ပြောင်းလဲ မှုတွေပဲ ဖြစ်ပါတယ်။ SUV အနေနဲ့ ကတော့ ၁၂၆.၇ လက်မ ရှိတဲ့ Wheelbase တွေ ပါဝင်လာပြီး အတော် လေး ရှည်တယ်လို့ဆို နိုင်ပေမယ့် Pickup Truck ထက်တော့ ၈.၉ လက်မလောက်တိုမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကား အကွေ့ တွေ နဲ့ ဘရိတ် အယူအဆတွေမှာ ပိုမောင်းလို့ ကောင်းလာနိုင်ပြီး ကားအကွေ့တွေ အတွက်ကလည်း ၃၅.၄ ပေ လောက်ပဲ လိုတာကြောင့် Pickup တုန်းကထက်တော့ ၁.၇ ပေ လောက် တိုနေမှာပါ။

Photo Credit: MotorAuthority

Hummer EV Pickup လိုမျိုးပဲ အခု SUV မှာလည်း CrabWalk လုပ်ဆောင်ချက်ပါဝင် လာဖို့ ရှိပါတယ်။ အဆိုပါ စနစ်က တော့ ဂဏန်းသွားလို့ နာမည်ပေးထားတဲ့ အတိုင်း Four Wheel စတီယာတိုင် စနစ်ကြောင့် ဘေးတိုက်သွား နိုင်တဲ့အထိ ထူးခြားနေတာပါ။ ဒါ့အပြင် အသစ်ပါဝင်လာမယ့် Extract Mode  မှာဆိုရင် လည်း ကားရဲ့ အမြင့် ကို သာမန် ၉.၉ လက်မ ကနေ ၁၅.၉ လက်မအထိ မြှင့်တင်ပေးနိုင်ပြီး GM ရဲ့ Super Cruise Hands Free ယာဉ်မောင်းအကူစနစ်ကိုပါ သုံးလို့ ရနိုင်ဦးမှာ ဖြစ်ပါတယ်။ 2024 Model အနေနဲ့ ရမယ့် Hummer EV SUV Edition 1 Launch Version ကားသစ်ကိုတော့ အခြေခံဈေး $ 105,995 နဲ့ စတင် လာမှာပါ။ အဆိုပါ ကားမှာတော့ 830 hp နဲ့ 1,000 lb-ft Torque အထိ စွမ်းဆောင်လာနိုင်ပြီး GMC က တော့ တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်မောင်းနိုင်ဖို့ဆိုရင် ၃.၅ စက္ကန့်အတွင်း ရနိုင်မယ်လို့ဆို ထားပါတယ်။

Photo Credit: MotorAuthority

ကားသစ် မှာတော့ 20 kWh Battery ကို သုံးပေးထားပြီး Range ၃၀၀ မိုင် အထိမောင်းနိုင်မှာလည်းဖြစ် ကာ 800 V DC အမြန် အားသွင်းစနစ်ကြောင့် 300 kW အထိကို အားသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ရွေးချယ် လို့ရဦးမယ့် Off-Roade Package မှာ ဆိုရင်လည်း Range က ၂၈၀ မိုင် အထိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Pack မှာတော့ ၃၅ လက်မအရွယ် လမ်းကြမ်းပိုမောင်းနိုင်တဲ့ တာယာတွေ ထည့်ပေးသွားမှာ ဖြစ်ကာ ၊ ကျောက်တုံးတွေ ရွှံ့နွံတွေထဲ အထိကို ကောင်းကောင်း မောင်းနိုင်မှာပါ။ ဈေးနှုန်း ကတော့ Edition 1 ရဲ့ ‌ဈေးကိုပဲ $ 110,595 ထပ်ဖြည့်ကာ ဝယ်ယူရမှာ ဖြစ်ပါတယ်။ နည်းနည်းပိုဈေးနည်း မယ့် Hummer EV SUV Models တွေ လည်း ဆက်တိုက် ထွက်လာ ဦးမှာပါ။ Hummer EV 3X Version ဆိုရင်တော့ $ 99,995 နဲ့ပွဲထွက်လာနိုင်ပြီး Edition 1 ကားနောက် လာမယ့်နွေရာသီမှာ မြင်လာရ နိုင်ပါတယ်။ ဒါ့အပြင် မော်တာ ၂ လုံးတပ် ထားမယ့် EV 2 X ကတော့ $ 89,995 အခြေခံ ဈေးနဲ့ ပွဲထွက် လာနိုင်ကာ Range အရတော့ မိုင် ၃၀၀ အထိ ရနိုင်ပါတယ်။ နောက်ဆုံးမှာတော့ မိုင် ၂၅၀ မောင်းနိုင်မယ့် လျှပ်စစ်မော်တာ ၂ လုံးပါ EV 2 Model ပွဲထွက်လာနိုင်ပြီး လာမယ့် နွေရာသီ ၂၀၂၄ အရောက်မှာ $ 79,995 ဈေးနဲ့ ဝယ်ယူရလာနိုင်ပါတယ်။

Ref: MotorAuthority