Ford ရဲ့ နောက်ဆုံးပေါ် ဂန္ဓဝင်ဆန်တဲ့ Mustang ကားကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကပဲ အသစ် မိတ်ဆက်ထား ခဲ့ပါတယ်။ အဆိုပါ ကားကတော့ စွမ်းဆောင်ရည် အတော်လေး မြင့်မားတဲ့ Dark Horse Version အနေနဲ့ 5.0 Liter V8 Mustang အင်ဂျင်ကို သုံးပေးထားတာကြောင့် သာမန် လမ်းပေါ်တွေထက်စာရင် ပြေးလမ်းတွေ အတွက်တောင် ပိုသင့်တော်နေတာ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ကို ဝယ်ယူထားသူတွေ လက်ထဲ အရောက်မပို့နိုင်သေးခင်မှာ ထူးထူးခြားခြား အသွင်ပြောင်း ဒီဇိုင်းပြောင်းထားတဲ့ Mustang ပုံစံတစ်စီးကို မြင်လာရပြန်ပါတယ်။

Photo Credit: AllAutoExperts

အခု ကားဒီဇိုင်းကို ဖန်တီးခဲ့တဲ့ ဒီဇိုင်းပညာရှင်ကတော့ Mustang ကိုမှ Widebody Kit ထပ်ထည့်ပေးလိုက်တာ ဖြစ်ပြီး အရှေ့နဲ့ အနောက်ဘီးဖုံးတွေမှာလည်း Flared အပြင်အဆင်လေးတွေ သုံးပေးလိုက်တာ တွေ့ရမှာပါ။ အဓိက ကတော့ အဆိုပါ ၇ ခုမြောက် မျိုးဆက် Mustang ကားသစ်အတွက် ကြီးကြီးမားမား အပြောင်းအလဲတွေ မြင်စေချင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်နာကတော့ အနက်ရောင် Matte အသားနဲ့ အပြင်အဆင်တွေ ကိုလည်း ကားရဲ့အရှေ့ဘက် Grille မှာ ထည့်သုံးပေးလိုက်ကာပိုပြီး ခေတ်မှီဆန်းသစ်တဲ့ Fascia တစ်ခုအသွင် ပေါ်လာစေခဲ့ ပါတယ်။

Photo Credit: AllAutoExperts

နဂို ကတည်းက ခပ်ကြီးကြီး ပုံစံရှိပြီးသား Ford Mustang ရဲ့ အရှေ့ဘက် Splitter ကိုတော့ Abimelec Design ရဲ့ ဒီဇိုင်း အပြင်အဆင်နဲ့ ခြယ်သပြောင်းလဲ ပေးထားလိုက်တာ တွေ့ရပါတယ်။ ဒါ့အပြင် ကားရဲ့ အပြင်ဘက် ပုံစံ အပြောင်းအလဲ တွေအကြား သိသိသာသာကြီး ထင်းနေစေတဲ့ တစ်ချက်ကတော့ Toyo R888 တာယာ တွေနဲ့ တွဲဖက် အသုံးပြုပေးထားတဲ့ Matte Bronze Five-Spoke ဘီးတွေပါပဲ။ ဒါ့အပြင် Dark Horse ကားအကြမ်းစားတွေရဲ့ အမှတ်သညာ ဖြစ်တဲ့ မူလ အနောက်ဘက်က အတောင်ပံကြီး နေရာမှာလည်း Ducktail Lip Spoiler အသစ်ကို ပြောင်းပေးထားလိုက်တာကြောင့် တကယ်ကို ကြီးကြီးမားမား ပုံပြောင်းသွားစေမယ့် Wide Body Kit လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

Ref: AllAutoExperts