၇ ခုမြောက် မျိုးဆက် ဖြစ်လာတဲ့ နာမည်ကျော် Ford Mustang ကားတွေတော့ တရားဝင်ထွက်ပေါ်လာပြီဖြစ်ပြီး Coupe ၊ Convertible ၊ EcoBoost နဲ့ GT တွေကလွဲလို့ 500 hp လောက် အထိကို စွမ်းဆောင်နိုင် မယ့် 2024 Dark Horse အမျိုးအစားတွေ စုံစုံလင်လင် ထွက်ပေါ်လာခဲ့ ပါတယ်။ အဆိုပါ ကားမှာတော့ Bespoke Six-Speed Manual ဂီယာနဲ့ အတူ ၊ NACA Ducts ၊ Brembo Brake တွေနဲ့ Cooling ပိုင်းတွေပါ ပိုကောင်းအောင် လုပ်ပေးလာတာ တွေ့ရပါတယ်။ ပြိုင်ကား နဲ့ လမ်းမထက် သွားနိုင်မယ့် ရိုးရိုးကားတွေအဖြစ် ထွက်ပေါ်လာတာဖြစ်ပြီး ရိုးရိုးကားမှာမှ Dark Horse S နဲ့ Dark Horse R တို့ဆိုပြီး ထပ်မံ ခွဲထွက်လာ ပါတယ်။ Ford Mustang Dark Horse S ကတော့ လမ်းမထက် မောင်းနှင်နိုင်မယ့် ကားတစ်စီးဖြစ်ကာ ပြိုင်ကားပုံစံကိုမှ ကြိုက်တဲ့ ဝါသနာရှင်တွေ အတွက်တော့ တကယ်ကို အမိုက်စားပါပဲ။ ကားရဲ့ အလေးချိန်ကို ပုံမှန်ထက်လျှော့ချနိုင်ဖို့ အတွက်လည်း Ford ကနေ လုံခြုံရေးပိုင်း အတွက် လိုတာကလွဲလို့ အခြားမလိုတဲ့ အစိတ်အပိုင်းတွေ Trim ပိုင်းတွေကို ဖြုတ်လာခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ကား ပုံစံ ထိုင်ခုံတွေနဲ့ စတီယာ တိုင်၊ လုံခြုံရေးအကာ အကွယ်တွေနဲ့ မီးငြှိမ်းတဲ့ စနစ်တွေကိုတော့ သေချာထည့်သွင်း ပေးထားပါတယ်။

Photo Credit: motor 1.com

2024 Mustang Dark Horse S ပြိုင်ကားကတော့ အတွင်းခန်းမှာလည်း တော်တော်လေး အပြောင်းအလဲတွေ လုပ်ပေးထားပြီး Knobs တွေနဲ့ ခလုတ်တွေကို Headlights တွေ ၊ Wipers တွေ ၊ ဘေးအချက်ပြမီး တွေ ၊ Rain Light တွေနဲ့ ဘက်ကြည့်မှန်ချိန်ဖို့တွေ အတွက် သုံးပေးထားပါတယ်။ Ford ကတော့ အခုကားမှာ Speed Limiter ကိုလည်း ဖြုတ်ထားခဲ့ပြီး ဘေးဘက်က ခရီးသည်ထိုင်ခုံကိုလည်း လိုချင်တယ်ဆိုမှပဲ ထည့်ပေးမှာ ဖြစ်ပါတယ်။ အချက်အလက် တွေ ပြပေးမယ့် Display System ကို လည်း တစ်ပါတည်း ထည့်ပေးထားပြီး အပြင်ဘက် အပြင်အဆင်တွေမှာ ဆိုရင်လည်း Hood Pins တွေ ၊ လိုသလို ချိန်လို့ရမယ့် အနောက်ဘက်က အတောင်ပံ ၊ အရှေ့အနောက် Tow Hooks တွေနဲ့ အဆင့်မြှင့်ထားတဲ့ အိတ်ဇောတို့အထိ ထည့်သွင်းပေးလာ ခဲ့တာကို တွေ့ရပါတယ်။ ဘီးတွေကိုလည်း လမ်းမထက်သွား ကားနဲ့အတူတူ ထည့်သုံး ပေးထားမှာ ဖြစ်ပေမယ့် အရှိန်နှုန်းကို လိုသလို ထိန်းပေးနိုင်မယ့် ဘရိတ် အပိုတွေကိုတော့ ထည့်ပေးထား ဦးမှာပါ။ ဒါ့အပြင် အဆိုပါ S ပြိုင်ကားအနေနဲ့ Multimatic DSSV Dampers တွေ ကိုလည်း ရရှိဦးမှာဖြစ် ပြီး အဆိုပါ ပစ္စည်းတွေကနေ ကားရဲ့ အလေး ချိန်နဲ့ Camber Settings စတာတွေကို လိုသလို ချိန်ညှိမောင်းနှင်နိုင်ပါလိမ့်မယ်။

Photo Credit: motor 1.com

Mustang Dark Horse R ကားသစ်ကတော့ S ကားရဲ့ ကောင်းကွက်တွေ အတော်များများ ပြန်ပါလာမှာ ဖြစ်ပေမယ့် Ford Performance Parts ဘီးတွေကို သုံးပေးလာမှာပါ။ စွမ်းဆောင်ရည်ပိုင်းနဲ့ ပိုကောင်းတဲ့ ဘက်ထရီအတွက် Fuel Cell တွေပါ သုံးပေးလာခဲ့ပြီး Bespoke Seam Welding တွေလည်း ရလာပါတယ်။ ဒါ့အပြင် အဆိုပါ R Version မှာ တော့ ပြိုင်ကားတွေလို ခံစားရစေမယ့် အပြင်အဆင် အသစ်တွေကို လည်း ထည့်ပေးထားပြီး တကယ့်ပြိုင်ကား တွေလိုလည်း ပိတ်ရက်တွေမှာ ပြိုင်ကားကွင်းတွေဆီ သွားမောင်းလို့ရဦးမှာပါ။ လက်ရှိ S650 မျိုးဆက်ထဲမှာတော့ Mustang ပြိုင်ကား ၆ မျိုးထက် မနည်း ထုတ်လုပ်ဖို့ စီစဉ်ထားပြီးဖြစ်ပြီး GT3 ၊ GT4 မျိုးကွဲတွေလည်း ပါဝင်လာမှာပါ။ ဒါ့အပြင် NASCAR နဲ့ NHRA Factory X ပွဲတွေအတွက် ရည်ရွယ်ထားမယ့် သီးသန့်ကားတွေကိုလည်း မြင်ရဖို့ ရှိပါသေးတယ်။ ဒါ့အပြင် ယခင် GT 3 ရဲ့ မျိုးဆက်သစ် ကားအရသာကိုလည်း လာမယ့် ၂၀၂၄ ထဲမှာ ကျင်းပမယ့် Le Mans Endurance ပြိုင်ကားပွဲကြီးမှာ မြင်ရဖို့ရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com