တရုတ်ဈေးကွက်ထဲ ပေါက်ကြားလာခဲ့တဲ့ ကားပုံစံ ပုံရိပ်အသစ်တွေ အပြီးမှာတော့ အခုဆိုရင် 2024 Ford Edge ကားသစ်ရဲ့ တရုတ် Version ကားသစ်ကို တရားဝင် ချပြမိတ်ဆက်လာခဲ့ပြီ ဖြစ်ပါတယ်။ အခုကား ကတော့ တရုတ် ဈေးကွက်အတွက် သီးသန့်ပဲဖြစ်ပြီး ၂၀၁၅ ကတည်းက ပုံပြောင်းပေးထားတဲ့ အမေရိက ဈေးကွက်ရဲ့ Ford Edge ကိုတော့ အစားမထိုးသေးပါဘူး။ အခု Version အသစ်မှာတော့ Wheelbase အရှည် အနေနဲ့ L Form ကိုပြသထားတာကြောင့် ယခင်မျိုးဆက် အဟောင်းနဲ့ အတော်လေး ကွဲပြားလာပါလိမ့်မယ်။ 

Photo Credit: motor 1.com

2023 Ford Mondeo ဆီက ခပ်တောင့်တောင့်ချွန်ချွန် ဒီဇိုင်းကိုလည်း ယူသုံးပေးထားပါတယ်။ အဆိုပါ Mondeo ကားဆိုတာကတော့ မနှစ်ကမှ တရုတ် ဈေးကွက်ထဲမှာပဲ Fusion ကားနေရာ အစားထိုး ဝင်ရောက်လာတဲ့ Mid-Size Sedan တစ်မျိုး ဖြစ်ပါတယ်။ ပိုပြီး မြင့်လာတဲ့ အပြင် ပိုပြီးလည်း ခပ်ပြားပြား ဖြစ်လာတဲ့ ကိုယ်ထည်ပိုင်းနဲ့ ခပ်ပြတ်ပြတ် ဒီဇိုင်မျိုး ပိုပေါက်လာတဲ့ ခေါင်းပိုင်းတွေကတော့ ကားရဲ့ပုံစံကို ယခင် ‌မြင်နေကျ Edge Model ‌တွေရဲ့ ခပ်လုံးလုံး အသွင်ကနေ ကွဲထွက်နေစေမှာပါ။ 

Photo Credit: motor 1.com

အခုကားသစ် Edge L က တကယ်တော့ ထိုင်ခုံ ၃ တန်းပါ Edge Plus Model ရဲ့ မျိုးဆက်သစ်အနေနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး အရှည် ၁၉၆.၉ လက်မ ၊ အကျယ် ၇၇.၂ လက်မနဲ့ အမြင့် ၆၉.၈ လက်မအထိ ရှိထားတာပါ။ ကားသစ်ကတော့ လက်ရှိ  အမေရိက ဈေးကွက်ထဲက Ford Explorer နဲ့ အရွယ်အစား အတော် လေး ဆင်တူပြီး Wheelbase ပမာဏ ၁၁၆.၁ လက်မ ဆိုတာကတော့ Explorer ထက် ၃ လက်မ လောက်ပိုတိုပါသေးတယ်။ အင်ဂျင်ပိုင်းကတော့ 2.0 Liter Turbo-4 ကြောင့် 249 hp နဲ့ 279 lb-ft Torque အထိ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ Hybrid အနေနဲ့လည်း ပေါင်းစပ်ပေးထားဦးမှာ ဖြစ်တာကြောင့် Hybrid ကားကို လိုချင်တယ် ဆိုရင်တော့ 271 hp နဲ့ 300 lb-ft Torque အထိ စွမ်းဆောင်ရည်ကို ပြန်ရပါလိမ့်မယ်။ ကားနှစ်မျိုး လုံးကိုတော့ All-Wheel Drive နဲ့ပဲ ပွဲထွက်ပေးလာ လိမ့်မယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

အတွင်းခန်းကို ကြည့်မယ်ဆိုရင်လည်း ၁၂.၃ လက်မ အရွယ် Digital Instrument Cluster နဲ့ တကယ်ကိုကြီးမားတဲ့ ၂၇ လက်မ အရွယ် Touchscreen ကြီးတို့ကို မြင်ရမှာပါ။ အပေါ်ဘက် မှာလည်း Head- Up Display ပါဝင်ဦးမှာဖြစ်ပြီး Bang&Olufsen အသံစနစ် ၊ Ambient မီးရောင်တွေ ၊ Panoramic အမိုးတွေ ကြောင့်တော့ ပိုပိုပြီး ခမ်းနားတဲ့ အတွင်းခန်း အသွင်အပြင်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Ford Edge L ကားသစ်ကိုတော့ တရုတ် ဈေးကွက်အတွက် လာမယ့်နွေဦးမှာတင် ရောင်းချလာဖို့ ရှိနေပြီး 2024 Model အဖြစ် မြင်တွေ့ရနိုင်ပါတယ်။ 

Ref: motor 1.com