2024 Model ဖြစ်လာတဲ့ Ford Edge Hybrid ကားသစ်ရဲ့ တရားဝင် ပုံရိပ်တွေကိုတော့ တရုတ်ဈေးကွက်ကနေ စတင် မြင်တွေ့လာ ရပြီဖြစ်ပါတယ်။ အထူးသဖြင့် ခေတ်မှီပြီး သေသပ်လှပတဲ့ ဒီဇိုင်းအပြောင်း အလဲကို အခုကားမှာ သိသိသာသာ တိုးတက်လာတဲ့ တစ်ချက်အဖြစ် စတင်မြင်တွေ့ကြရမှာပါ။

Photo Credit: AllAutoExperts

တကယ်တော့ အဆိုပါ Edge ကားသစ်ရဲ့ ဒီဇိုင်းတစ်ချို့ကို ပြီးခဲ့တဲ့ ဩဂုတ် လကတည်းက စတင်မြင်တွေ့ထား ခဲ့ရကြပြီး အခု Hybrid Version ကလည်း တစ်ပုံစံတည်း တူညီလာဖို့ ရှိနေပါတယ်။ ဒါကြောင့် ပြောင်းလဲသွားတဲ့ ရလဒ် အနေနဲ့ ဆိုရင်တော့ Chrome Bar ပါဝင်လာတဲ့ Grille အကြီး တစ်ခုကို ယခင်ထက် ပိုကြီးတဲ့ အသွင်နဲ့မြင်လာ ရမှာဖြစ်ပြီး အောက်ဘက် Chrome Brow Line တွေကလည်း ကားရဲ့ ရှေ့မီးကြီးတွေကိုတောင် ကျော်သွားမယ့်ပုံမျိုး ဖြစ်ပါတယ်။ အခု 2024 Ford Edge Model ရဲ့ ဒီဇိုင်းအသစ်တွေကတော့ သေချာပေါက် ယခင်မော်ဒယ်ကနေ သိသိသာသာ ကွဲထွက်လာတာဖြစ်ပြီး ကားက ယခင်ကထက် ပိုပြီးလည်း ပါးပါးလျလျရှိလာသလို ပိုပြီးလည်း ခန့်ခန့် ညားညား ရှိလာတဲ့ အသွင်ကို ပေးလာတာ တွေ့ရမှာပါ။ နောက်ထပ် သိသာစေမယ့် တစ်ချက်ကတော့ ကားက ယခင် မျိုးဆက်ထက် ၄.၈ လက်မ လောက် အထိကို ပိုရှည်လာတာဖြစ်ပြီး ၁၉၇ လက်မ အထိကို ရှိလာခဲ့ပြီ ဖြစ်တာကြောင့် အတွင်းခန်းလည်း ပိုကျယ်လာ နိုင်ပါတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့် လက်ရှိမှာတော့ အတွင်းခန်း ပုံရိပ်တွေကို တရားဝင် မမြင်တွေ့ ထားရသေးတာကြောင့် ခန့်မှန်းရ ခက်နေပါ‌ သေးတယ်။ စက်ပိုင်း ဆိုင်ရာမှာတော့ 2.0 Liter Gas Engine ကို လျှပ်စစ်မော်တာနဲ့ တွဲသုံး ထားမယ့် Hybrid ဖြစ်တာ ကြောင့် စွမ်းဆောင်ရည်ပိုင်းကလည်း 271 hp အထိ ကိုရှိလာပါလိမ့်မယ်။ ဒီပမာဏကတော့ ယခင်မျိုးဆက် အဟောင်းထက်  30 hp လောက်ကို ပိုတိုးတက်လာတာ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ကိုတော့ တရုတ်ဈေးကွက် အတွင်းမှာပဲ မြင်ရဦးမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စတင်ကျင်းပမယ့် ဂေါင်ဇူး ကားပြပွဲကြီးမှာ မိတ်ဆက် သွားမယ်လို့လည်း သိရပါတယ်။

Ref: AllAutoExperts