Cupra ကား ကုမ္ပဏီ ကတော့ အခု တစ်ပတ်ထဲမှာပဲ ထူးထူးခြားခြား ကားတစ်စီးကို ချပြလာခဲ့ပြီး ပိုထူးခြား တာ ကတော့ အဆိုပါ ကားက ကုမ္ပဏီအဖို့ တစ်နှစ်ကို အစီးရေ ၅၀၀,၀၀၀ အထိ ရောင်းနိုင်ဖို့ ပစ်မှတ် ထား တာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက ကားသစ်ပေါင်း ၂၀၀,၀၀၀ လောက်အထိ ရောင်းချ ခဲ့ရပြီးတဲ့ စပိန် ကား မ္ပဏီ Cupra အဖို့ ကတော့ အခုရည်မှန်းချက်က ဖြစ်သင့်တယ်လို့ ဆိုလို့ရပါ တယ်။ SEAT ရဲ့ Brand အခွဲ တစ်ခုလည်း ဖြစ်တဲ့ အဆိုပါ Cupra ကားကုမ္ပဏီကတော့ Terramar ဆိုတဲ့ ဘာစီလိုနာ မြို့နားက ဆိပ်ကမ်းမြို့လေး တစ်မြို့ရဲ့ နာမည်နဲ့ အခုလို ကားသစ်တစ်စီး ချပြလာတာ ဖြစ်ပါ တယ်။ ကားရဲ့ ကတော့ Compact Crossover တစ်စီး အသွင်ဖြစ်ပြီး နောက်လာမယ့် မျိုးဆက်သစ် Audi Q 3 ကား ရဲ့ တွဲဖက်လည်း ဖြစ်လာနိုင်ပါတယ်။ ဒ့ါအပြင် အဆိုပါ ကားသစ်တွေကိုတော့ ဟန်ဂေရီ မှာရှိတဲ့ VW Group ရဲ့ Gyor စက်ရုံမှာ ဖန်တီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အစောပိုင်း သိထားရတဲ့ အချက်အ လက်တွေ အရတော့ Cupra Terramar ကားသစ်က ၄.၅ မီတာ ရှည်ပြီး မျိုးဆက်သစ် Audi Q 3 ထက် တော့ နည်းနည်းလေး ပိုကြီးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Photo Credit: motor 1.com

အခု မြင်ရတဲ့ပုံတွေအရကိုပဲ ကားသစ်ရဲ့ အရှေ့ဘက် Fender မှာ အားသွင်းပေါက် ပလပ် ထိုးဖို့ နေရာလေး ပါထားတာ တွေ့ရတဲ့အတွက် Terramar ကားသစ်ဟာ Plug-In Hybrid အင်ဂျင်သုံးလာဖို့ များနေပါတယ်။ ဘက်ထရီပိုင်းကို သေချာ မသိရသေး ပေမယ့်လည်း လျှပ်စစ်သီးသန့် အပြည့်နဲ့ ဆိုရင်တော့ ၆၂ မိုင် အထိ ခရီးနှင်နိုင်လိမ့်မယ်လို့ သိရပါတယ်။ ဒါပေမယ့် လုံးဝသာမန်အင်ဂျင်နဲ့ Compact Crossover အဖြစ်လည်း ပွဲထွက်လာနိုင်သေးပြီး တကယ် သာ ဆိုရင်တော့ အဆိုပါ ကားက VW ရဲ့ နောက်ဆုံးသော သာမန်အင်ဂျင် ကားတောင် ဖြစ်သွားနိုင်ပါတယ်။

Photo Credit: motor 1.com

နောက်တစ်ချက် သိထား ရတာကတော့ အခုကားက Cupra Brand အတွက်လည်း Combustion Engine သုံးလာ မယ့် နောက်ဆုံး ကားဖြစ်လာနိုင်သေးပြီး နောက်ဆုံးတော့ နောက်ပိုင်း ထွက်သမျှ ကားအားလုံး လျှပ်စစ်ကားတွေ ဖြစ်နေမှာပါ။ C-Segment Crossover ကားတစ်စီး အနေနဲ့တော့ နောက်ပိုင်းမှာ MQB Platform ရဲ့ အဆင့်မြင့် Version အနေနဲ့ စသုံး ပေးလာနိုင်ပါတယ်။ အခု ကားသစ်ကိုတော့ လာမယ့် ၂၀၂၄ အရောက်မှာ စတင်မိတ်ဆက်ပေးလာနိုင်ပြီး Ateca နဲ့ Formentor တို့ရဲ့အထက်မှာ ရပ်တည်လာနိုင် မယ့် ကားအမြင့် တစ်စီးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Unstoppable Impulse လို့ အမည်ပေးထားတဲ့ Event ပွဲကြီးထဲမှာပဲ မနှစ်က မြင်ခဲ့ရတဲ့ UrbanRebel  ဆိုတဲ့ Concept ကားကို နည်းနည်း ဝိတ်လျှော့ပြီး ပြင်ဆင်ပြသထား ပါသေးတယ်။ အဆိုပါ ကားကိုတော့လာမယ့် ၂၀၂၅ လောက်မှာ စတင် ထုတ်လုပ်လာနိုင် မယ်လို့ မျှော်လင့်ထားရပါတယ်။

Ref: motor 1.com