2024 Chevrolet Trailblazer ကားသစ်ကတော့ ဒီဇိုင်း ပြောင်းထားတဲ့ အရှေ့ဘက် ခေါင်းပိုင်းရယ် ပိုပြီး Standard ကျကျ ထည့်ပေးလာတဲ့ နည်းပညာတွေ နဲ့ ပွဲထွက်လာခဲ့ပါပြီ။ ဈေးနှုန်း တွေကို အတိအကျ မသိရသေးပေမယ့်လည်း ဝယ်ယူ သူတွေအဖို့ ကတော့ LS ၊ LT ၊ Activ နဲ့ RS Trim တွေဆိုပြီး ရွေးချယ် နိုင်ပါလိမ့်မယ်။  ကားရဲ့ အရှေ့ပိုင်း Nose က ပိုလို့တောင် ကျဉ်းသွားပြီး မီးလုံးနေရာ တွေကိုလည်း ချွန်ချွန်ထက်ထက်ပုံစံ သုံးပေးထား လိုက်တာ တွေ့ရပါ တယ်။ ကားရဲ့ Grille အောက်ဘက်က မီးအိမ်တွေကတော့ ဘဲဥပုံစံရှိပြီး Trapezoidal ပုံစံ အပေါက်ကို တော့ Fascia အောက်ဘက်မှာ ထည့်သုံးပေးထားပါ‌ တယ်။ အခု မော်ဒယ်မှာ ပါဝင်လာတဲ့ ‌ရွေးချယ်စရာ အရောင်သစ် တွေကတော့ Copper Harbor Metallic နဲ့ Cacti Green တို့ ဖြစ်ပါတယ်။ Trim တွေ အကြား ကွဲကွဲပြားပြားဖြစ်စေဖို့ အတွက် Trailblazer RS မှာ အနက်ရောင် Trim အပြင်ဘက်မှာတင် ထည့်သုံးပေးထားပြီး Grille ကိုလည်း Trapezoidal ပုံစံ ၊ ဘီးတွေကိုလည်း ၁၉ လက်မနဲ့ အိတ်ဇော ပိုက်မှာလည်း Chrome Tips တွေ ထည့်ပေးထားလိုက်တာ တွေ့ရမှာပါ။ Activ Trim မှာတော့ ပိုကြမ်းကြမ်း တမ်းတမ်း အသွင်ကို ပေးနိုင်ပြီး Shocks ပုံစံ အသစ်တွေနဲ့ လမ်းကြမ်းပိုင်း ပိုကောင်းမယ့် Dampers တွေကိုလည်း ထည့်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းမှာတော့ ယခင် ၇ လက်မ ဒါမှမဟုတ် ၈ လက်မ အရွယ် Screen အစား အခုဆိုရင် ၁၁ လက်မ အရွယ် Touchscreen ကိုထည့်ပေးထားပြီး ကြိုးမဲ့ Apple CarPlay စနစ်နဲ့ Android Auto တို့ကိုလည်း ရရှိထားမှာပါ။ ဒါ့အပြင် Instrument Cluster ထဲမှာ ၈ လက်မ အရွယ် Driver Display လည်း ပါဝင် လာတာဖြစ်ပြီး ယခင် ၄.၂ လက်မ အရွယ် Screen နေရာ အစားဝင်လာတာလည်း ဖြစ်ပါတယ်။ Standard အနေနဲ့ ပါလာတာတွေ ကတော့ Push-Start ခလုတ် ၊ Cruise Control စနစ်တွေနဲ့ HD ဘက်ကြည့် ကင်မရာတို့ပါပဲ။ ကားအတွင်း ကြိုးမဲ့ ဖုန်းအားသွင်း စနစ်ကိုတော့ LT ၊ Activ နဲ့ RS Trim တွေမှာပဲ အပိုအနေနဲ့ ရွေးချယ်ထည့်သွင်း နိုင်ပါလိမ့်မယ်။ အရှေ့ဘက် ခရီးသည် ထိုင်ခုံတွေကလည်း ပြားချလိုက်လို့ ရတာကြောင့် အနောက်ခုံတွေလည်း ခေါက်ထား လိုက်ရင် ၈.၅ ပေ လောက်အထိကိုကြမ်းခင်း ပမာဏ ရလာပါလိမ့်မယ်။ ဒါကြောင့်လည်း ပစ္စည်းတင်ဖို့ အတွက် ၁,၅၄၀ လီတာ လောက်အထိကို နေရာရမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ စက်ပိုင်းဆိုင်ရာ တွေကတော့ အပြောင်းအလဲ မရှိပဲ Standard Engine က 1.2 Liter Turbocharged Three-Cylinder ဖြစ်ကာ 137 hp နဲ့ 162 lb-ft Torque အထိရှိတာ ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင်ကိုတော့ Front-Wheel Drive စနစ်နဲ့အတူ CVT ဂီယာနဲ့ တွဲဖက် မောင်းနှင် နိုင်မှာပါ။ ဒါ့အပြင် 155 hp နဲ့ 174 lb-ft Torque အထိ ရှိမယ့် 1.3 Liter Turbocharged Three-Cylinder အင်ဂျင်ကိုလည်း ရွေးချယ်နိုင်သေးပြီး Front-Wheel Drive စနစ် ၊ CVT ဂီယာတို့နဲ့ အတူရနိုင်မှာပါ။ ဒါတင်မကသေးပဲ အဆိုပါ အင်ဂျင်ကို All-Wheel Drive စနစ်နဲ့ ရွေးဝယ်ချင် သေးတယ် ဆိုရင်တော့ Nine-Speed Automatic ဂီယာနဲ့ပါ တွဲပြီး ရနိုင်ပါလိမ့်မယ်။ Chevrolet တို့ကတော့ လက်ရှိ အချက်အလက် အနေအထားတွေကို Trailblazer 2021 Model ကတည်းက စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး စထွက် တုန်းကတော့ $ 19,995 ကနေ စတင်ခဲ့တာပါ။ 2023 Model မှာ တုန်းကဆိုရင်လည်း $ 23,395 နဲ့ စတင်လာတာကြောင့် အခု ကားသစ်ရော ဘယ်လောက်အထိ ဈေးရှိလာမလဲ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com