Chevrolet တို့ ကတော့ လာမယ့် နှစ်အတွက် Silverado EV လျှပ်စစ် ကားသစ်ကို ချပြလာဖို့ အဆင့်သင့် ဖြစ်နေပြီး အခုဆိုရင်တော့ ကြော်ငြာ Video တောင် ရိုက်ကူး‌ပြင်ဆင်နေပြီလို့ ယူဆရပါတယ်။ Ultium-Platform ကို အခြေစိုက် ပြင်ဆင်ထားတဲ့ အဆိုပါ ကားကိုတော့ လျှပ်စစ် ကားသစ်ကြီး တစ်စီး အနေနဲ့ ဘာမှ ဖုံးကွယ်မထားပဲ အတိုင်းသားကို Montana မှာရှိတဲ့ Helena မြို့က ရိုက်ကွင်းတစ်ခုမှာ မြင်တွေ့ လိုက်ရတာပါ။ အဆိုပါ ကားရဲ့ အနောက်ဘက်မှာ တော့ Matte Black အရောင်နဲ့ Porsche Cayenne ကင်မရာကားကို အသုံးပြု ရိုက်ကူးနေတာ မြင်လိုက်ရတာ ဖြစ်လို့ သေချာတာကတော့ သာမန်ဆိုရှယ် မီဒီယာဆီ တင်ဖို့လောက် မဟုတ်နိုင်ပဲ စီးပွားဖြစ် ကြော်ငြာဖို့ ပြင်ဆင်နေတယ်လို့ ပဲ ယူဆရမှာပါ။ ဒါပေမယ့် မြင်ရတဲ့ Video ထဲမှာကတော့ တကယ့်ကားထက် အနောက်ကနေ ကင်မရာ ကရိန်း အကြီးကြီးနဲ့ လိုက်ရိုက်ပေးနေတဲ့ ကင်မရာကားကပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းနေတာပဲ ဖြစ်ပါတယ်။ အခု Video ကိုတော့ The Drive ရဲ့ Instagram Page ကနေ တွေ့ရှိထား ရတာပဲ ဖြစ်ပါတယ်။

Photo Credit: InsideEvs

Chevrolet အနေနဲ့ကတော့ သူတို့ရဲ့ Silverado လျှပ်စစ်ကားသစ်ကို အနာဂါတ်ဆန်တဲ့ ခေတ်လွန်ဒီဇိုင်း အပြင်အဆင် တွေနဲ့ အလန်းစားဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ Ultium Platform အသစ်ရဲ့ ဆွဲဆောင်မှုတွေ ကြောင့်လည်း နည်းပညာမြင့် လုပ်ဆောင်ချက် အများအပြားကိုပါ ထည့်ပေးထားနိုင်တာကြောင့် ဝယ်ယူလိုသူတွေ ကိုလည်း အတော်များများ ဆွဲဆောင် နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ လတ်တလောမှာကိုပဲ ကုမ္ပဏီရဲ့ တရားဝင် ပြောကြားချက်အရ အဆိုပါ လျှပ်စစ်ကားသစ်ကို အကြိုမှာယူထားသူတွေအနေနဲ့ အမှာစာပေါင်း ၁၅၀,၀၀၀ ကိုတောင် ကျော်သွားခဲ့ပြီလို့ သိရပါတယ်။ အခုကားက Truck ကား တစ်စီး ဖြစ်တာကြောင့် တစ်ဦးချင်း သဘောကျလို့ ကြိုမှာယူထားကြသူတွေအပြင် လုပ်ငန်းသုံးတွေ ၊ အဖွဲ့လိုက် မှာကြတာတွေကလည်း GM ရဲ့ ရောင်းအားကို ပိုကောင်း လာစေနိုင်တာ တွေ့ရမှာပါ။ အထူးသဖြင့် မှတ်တမ်းတွေအရ ဆိုရင် အဖွဲ့လိုက် လုပ်ငန်းတွေကကိုပဲ တစ်ဖွဲ့ကိုကား အစီးရေ ၂၀၀ နဲ့ အထက်လောက် မှာယူကြတာကြောင့် ပိုပြီး ရောင်းအားမြန်စေတော့တာပါပဲ။ အခု လျှပ်စစ်ကားသစ် ရဲ့ အဓိက ပြိုင်ဘက်ကတော့ F-150 Lightning ဖြစ်ဖို့ များနေပြီး ဈေးကွက်ထဲရောက်ပြီးသား အဆိုပါ Ford ကား ကတော့ အစီးရေ ထောင်ဂဏန်း လောက် အထိကို ရောင်းချထားရပါတယ်။ ဈေးကွက်ထဲရောက်ခဲ့တဲ့ ပထမဆုံး တစ်လ ဇွန် လမှာတင်ပဲ အဆိုပါ F-150 Lightning ကား အစီးရေပေါင်းက ၁,၈၃၇ စီး အထိ ရောင်းချခဲ့ရပြီး ဖြစ်တယ် လို့ သိရပါတယ်။

Photo Credit: InsideEvs

ပြီးခဲ့တဲ့ ဇန်နဝါရီ ကတည်းက Ford CEO ဖြစ်သူ Jim Farley ကနေ သူတို့အနေနဲ့ F-150 Lightning ကားကို ကြိုတင် အမှာစာပေါင်းမှာတင် အစီးရေ ၂၀၀,၀၀၀ နီးပါးစာ ရထားတယ်လို့ ဆိုထားကာ ပြီးခဲ့တဲ့ မေလ အလယ်လောက် အရောက်မှာတော့ အမှာစာတွေ‌ကိုတောင် ပိတ်သိမ်းလိုက်ရ တော့တာပဲ ဖြစ်ပါတယ်။ အဆိုပါ အမှာစာတွေကိုတော့ လာမယ့် နွေလောက် ရောက်မှသာ ပြန်ပြီးလက်ခံ နိုင်ဖို့လည်း ရှိနေပါတယ်။ တကယ်တော့ Silverado EV နဲ့ F-150 Lightning တို့က တူသလိုလိုနဲ့ မတူတဲ့ နေရာတွေ အတော်များပြီး အခု ထွက်လာမယ့် Silverado ရဲ့ EV Platform က Bespoke EV Platform ဖြစ်သလို Rear Wheel စတီယာတိုင် ၊ Air Suspension တို့နဲ့ ပါလာမှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်တွေကိုတော့ Ford ရဲ့ကားမှာ မရနိုင်သေးပဲ တကယ်လည်း ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ကြတာ ကြောင့် ဘယ်ကားကို ပိုပြီးလူ ကြိုက်များကာ ပိုဝယ်ဖြစ်ကြမလဲ ဆို‌တာတော့ သေချာစောင့်ကြည့် ရတော့မှာပါ။

Ref: InsideEvs

(26) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube