Chevrolet ကတော့ သူတို့ရဲ့ ၈ ခု မြောက် မျိုးဆက် ပြိုင်ကားပေါ်မှာ အခြေခံ ဖန်တီးထားတဲ့ 2023 Corvette Z06 ကို ရောင်းချထားပြီး ဖြစ်ပေမယ့် အခုတစ်ခေါက် မှာတော့ Customer Race Car အဖြစ် ဝယ်ယူလို့ ရဦးမယ့် နောက်ထပ် GT3 Spec ကားသစ်ကိုပါ ချပြလာ ခဲ့ပြန်ပါတယ်။ အခု ပြိုင်ကားကိုတော့ ၂၄ နာရီကြာ ယှဉ်ပြိုင်ရတဲ့ နာမည်ကျော် Daytona ကား ပြိုင်ပွဲအတွင်း ချပြလာ ခဲ့တာဖြစ်ပြီး စိတ်ကြိုက် ပြိုင်ပွဲဝင်ချင်တဲ့ ကားပြိုင်ပွဲ အသင်း တွေ အတွက်လည်း မျက်စိကျချင်စရာ ဖြစ်လာမှာပါ။ အဆိုပါ ကားသစ် ကိုတော့ 2024 ကားပြိုင်ပွဲ ရာသီအမှီ ရရှိ လာတော့မှာ ဖြစ်တဲ့ အပြင် သာမန် ပြိုင်ပွဲတွေ အတွက်ရော ၊ လမ်းကြမ်းပွဲ တွေ အတွက်ပါ အသုံးဝင် ယှဉ်ပြိုင် နိုင်ပါလိမ့်မယ်။ ဒါကြောင့် အခြားသော နာမည်ကျော်တွေ ဖြစ်ကြတဲ့ Aston Martin Vantage နဲ့ Porsche 911 လိုကားမျိုးတွေနဲ့ပါ ထိပ်တိုက် ယှဉ်ပြိုင်လာနိုင်ဖို့ ရှိနေပါပြီ။

Photo Credit: MotorAuthority

ခန့်မှန်းချက်တွေ အရတော့ IMSA SportsCar Championship ပြိုင်ပွဲ ရဲ့ GTD Pro နဲ့ GTD Class  ပွဲတွေ ၊ FIA World Endurance ပြိုင်ပွဲ ရဲ့ GTE Pro နဲ့ GTE Am Class ပွဲတွေမှာ အဓိက ယှဉ်ပြိုင်လာ နိုင်ပါတယ်။ အခုလိုမျိုး Corvette အခြေပြု GT3 Custom Race Car မျိုးကို ထုတ်လုပ် ပေးလာတာ ပထမဆုံး အကြိမ်တော့ မဟုတ်တော့ ပဲ အမေရိက အခြေစိုက် Corvette ကား Tuner ဖြစ်သူ Callaway တို့ကလည်း မျိုးဆက် အဆက်ဆက်မှာ ဖန်တီး ပေးခဲ့ ဖူးပါသေးတယ်။ ဒီ တစ်ခေါက်မှာတော့ ကားဖန်တီးမှု အပိုင်းကို Chevrolet ကိုယ်တိုင်ကိုက ပြုလုပ်ပေးခဲ့တာ ဖြစ်ပြီး Pratt Miller Engineering နဲ့တော့ တစ်ချို့ အပိုင်းတွေမှာ ပူးပေါင်း ခဲ့ပါသေးတယ်။ Chevy ရဲ့ အဆို အရတော့ Z06 GT3.R နဲ့ လမ်းမ ထက်သာမန်မောင်း Z06 ကားတွေ က Chassis အတူတူ ပေါ်မှာပဲ ဖန်တီးထားတာ ဖြစ်ပြီး LT6 5.5 Liter V8 အင်ဂျင် ကတော့ အဆိုပါ ကားတွေအတွက် အရေးအကြီးဆုံးသော အပိုင်းပါပဲ။ Z06 GT3 ကို ဖန်တီး ခဲ့စဉ်တုန်းကလည်း ပိုကြမ်းတဲ့ ပြိုင်ကားတစ်မျိုး ဖြစ်တဲ့ Corvette C8.R ကားကို အခြေခံ ထားတာပဲ ဖြစ်ပါတယ်။ အခု တစ်ခေါက်ကားမှာ သေချာထပ်ပြီး ပြင်ဆင်ပေးထားတာ တွေကတော့ Steel Roll Cage ပါလာတာ ၊ ဘီးတွေ ၊ တာယာတွေ ၊ Spring တွေ နဲ့ ၊ Damper ၊ ဘရိတ်တွေ အကုန်လုံးကအစ ပြိုင်ကား တစ်စီး ကောင်းကောင်း ပြိုင်မောင်းနိုင်ဖို့အတွက် သေချာပြင်ဆင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု လက်ရှိမှာ စိတ်ဝင်စား ခံနေရတဲ့ အဆိုပါ GT3.R ပြိုင်ကားအသစ်ကိုတော့ စတင် မှာယူနိုင်ပြီလို့ သိရပြီး လာမယ့် ၂၀၂၃ တတိယ ၃ လပတ် ကာလ လောက်မှာ မှာယူထားသူတွေထံ စတင် ပို့ဆောင် ပေးလာပါလိမ့်မယ်။ ဈေးနှုန်း တွေကတော့ အဆိုပါရက် နားရောက်တော့မှ အတိအကျ ထုတ်ပြန်ပေးလိမ့်မယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း C8.R  ပြိုင်ကား အတွက်ကတော့ အခု ၂၀၂၃ မကုန်ခင် သာမန် ပြိုင်ပွဲတွေရော လမ်းကြမ်း ပွဲတွေမှာပါ ယှဉ်ပြိုင် နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Corvette ပြိုင်ကား အဖွဲ့အတွက်ကတော့ သာမန်ပွဲ တစ်ပွဲချင်းစီမှာ C8.R တစ်စီးစီ ဝင်ပြိုင်နေမှာ ဖြစ်ပြီး ပိုအရေးကြီးတဲ့ Le Mans World Endurance ကားပြိုင်ပွဲ ကြီးထဲမှာတော့ ကား ၂ မျိုးနဲ့ ဝင်ရောက် ယှဉ်ပြိုင်နေမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

(2) Rolls-Royce ကားတွေဈေးကြီးနေရခြင်းအကြောင်းရင်းများ – YouTube