ပြီးခဲ့တဲ့ ဇန်နဝါရီ လပိုင်း ကတည်းက လျှပ်စစ်စွမ်းအင်သုံး Blazer ကားအကြောင်း အတည်ပြုပေးခဲ့တဲ့ Chevrolet ကတော့ အခုဆိုရင်တော့ GM CEO ဖြစ်သူ Mary Barra ကနေတစ်ဆင့် ကားသစ်ကို တရားဝင် လှစ်ဟပြလိုက်ပါပြီ။ အဆိုပါ ကားသစ်ကိုတော့ လောလောဆယ်မှာ ပုံရိပ်ပဲ ပြထားတာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ လာမယ့် ဇူလိုင်လ ၁၈ ရက် နေ့မှာ ထပ်မံမိတ်ဆက်ချပြသွားမှာ ဖြစ်တယ်လို့ CEO ရဲ့ Twitter Post မှာ ဖော်ပြထား ပါတယ်။

Photo Credit: MotorAuthority

Teaser တွေ အများကြီး မြင်ခဲ့ရအပြီးမှာ တွေ့ရတဲ့ အခု Blazer ကားသစ်ကတော့ SS Model အနေနဲ့မြင်ရ တာပါ။ လက်ရှိ ဓာတ်ဆီ စွမ်းအင်သုံး Blazer တွေနဲ့ သပ်သပ်ဆီ ဖြစ်သွားတဲ့ Blazer EV ကတော့ ကားတစ် စီးရဲ့ အရောင် ဒီဇိုင်း ပိုင်းတွေက Chevy Camaro ဆီက အနည်းငယ်မှီငြမ်းပြီး အလန်းစားပြောင်းလဲ သွား တာဖြစ်ပါတယ်။ ကားသစ်မှာ တော့ ယခင်နဲ့ဆင်တဲ့ Grille ၊ Coke အအေးဗူးလိုပုံစံပေါက်နေတဲ့ ကားကိုယ် ထည် အချိုးလှလှ လေးတို့ကို မြင်ရမှာပါ။ ဒါပေမယ့် အမိုးပိုင်း ကတော့ အနောက်ဘက်မှာ ပိုပြီး လေးထောင့် ကျနေပါတယ်။  အရှေ့ဘက်ဘီး တွေရဲ့ အနောက် နားလေးမှာတော့ Gill-Like Design နဲ့ အားသွင်းပေါက် ပါလာခဲ့ပြီး ယခင် Video Teaser မှာ မြင်ခဲ့ရတဲ့ အတိုင်းမှန်ကန် ခဲ့ကာ Cadillac Lyriq တုန်းကလိုပဲ အဆိုပါ အားသွင်ပေါက် အဖုံးလေးက ဆွဲဖွင့်ရတဲ့အစား ကိုယ်ထည်ထဲကနေ ပေါ်လာမှာပါ။ လာမယ့် 2030 အရောက်မှာ ကုမ္ပဏီကနေ အမေရိက ဈေးကွက်အတွက် လျှပ်စစ်ကားသစ် အမျိုး အစားပေါင်း  ၂၀ ထုတ် လုပ်ဖို့ လျာထားတာဖြစ်ပြီး အခု Blazer EV ကတော့ တစ်စီး အပါအဝင်ပါပဲ။

Photo Credit: MotorAuthority

အခု ကားမှာတော့ GM ရဲ့ Ultium Battery နဲ့ အတူ Powertrain Architecture ပိုင်းတွေကိုလည်း သုံး ထားနိုင်ပြီး Cadillac Lyriq ကစလို့ GMC Hummer EV နဲ့ Chevrolet Silverado EV တွေလို ကောင်း ကောင်းလိုက်ပြီး စွမ်းဆောင် နိုင်မှာ သေချာပါတယ်။ အခု လျှပ်စစ်ကားကို တရားဝင် ထပ်မိတ်ဆက်တော့မှာ ဖြစ်ပေမယ့် နောက်ထပ် ဂတ်စ်ကား အသစ်ကို ဘယ်တော့ ထွက်လာမလဲ ဆိုတာတော့ မသိရသေးပါဘူး။ တကယ်သာ ဆိုရင်တော့ ကုမ္ပဏီ အနေနဲ့ အဆိုပါ ကားတွေကို လာမယ့်နှစ် အနည်းငယ် အတူတူ ရောင်းချဖို့ စီစဉ်ထားနိုင်ပါတယ်။ ကားသစ်ရဲ့ အသေးစိတ် အစိတ် အပိုင်းတွေ အကြောင်းကို မသိရသေးပေမယ့် တစ်ခါ အားသွင်းထားရင်တော့ အနည်းဆုံး မိုင် ၃၀၀ လောက်အထိ ရနိုင် ဖို့ မျှော်လင့်ရပါတယ်။ တကယ်တမ်းမှာ တော့ အခု Blazer SS က စွမ်းဆောင်ရည် ပိုမြင့်နိုင်ပြီး လက်ရှိ Blazer မှာ တော့ SS ဆိုတဲ့ ကားအမျိုးအစား မရှိသေးတာကြောင့် စွမ်းဆောင်ရည် ပိုကောင်းတဲ့ အမြင့်ဆုံး Chevy SUV တစ်စီးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း Chevrolet ကတော့ အဆိုပါ ကားကိုပဲ SS Models တွေအစား RS Model တွေအဖြစ် ထုတ်ပေးဖူးပြီး စွမ်းဆောင်ရည်ပိုင်းတော့ အပြောင်းအလဲ မလုပ်ပေးခဲ့ဖူးပါဘူး။ တစ်ဖက်မှာလည်း Equinox EV ကားသစ်ကပါ ထွက်လာတော့မှာ ဖြစ်လို့ လာမယ့် ဇူလိုင် ၁၈ ရက်နေ့မှာ အခု 2024 Blazer EV ကား အကြောင်း အသေးစိတ်ကို သေချာစောင့်ကြည့်ရတော့မှာပါ။

Ref: MotorAuthority