2022 CES ပွဲကြီးမှာ ကြေညာခဲ့ပြီး ကတည်းက မျှော်လင့်နေခဲ့ကြတဲ့ 2024 Chevrolet Blazer လျှပ်စစ် ကားသစ် ကတော့ တရားဝင် ထွက်ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။ အခု ကားအပြင် နောက်ထပ် Front-Wheel Drive ၊ Rear-Wheel Drive နဲ့ All-Wheel Drive ကား မျိုးကွဲ တွေကိုပါ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပြီး ရဲဌာနတွေ အတွက်ပါ သီးသန့်ဖန်တီး ပေးသွား ဦးမှာလည်း ဖြစ်ပါတယ်။ ကားရဲ့ Range ကတော့ တစ်ခါ အားသွင်းထားရုံ နဲ့ ၃၂၀ မိုင် အထိကို မောင်းနှင် နိုင်မှာ ပါ။ လက်ရှိမှာတော့ Trim Level တွေ အကုန်လုံးအတွက် အသေးစိတ် အချက်အလက်တွေ မချပြထား သေးပေမယ့်လည်း Range အမြင့်ဆုံးဖြစ်တဲ့ Blazer EV SS ကတော့ 557 hp နဲ့ 648 lb-ft Torque အထိကို စွမ်းဆောင်ရည် ရှိနေတာပဲ ဖြစ်ပါတယ်။ အခု ကားမှာတော့ ကုမ္ပဏီ ရဲ့အခေါ် Wide Open Watts (WOW) လို့ အမည် ရတဲ့ စနစ်နဲ့ မြှင့်တင်လိုက်ဦးမယ် ဆိုရင် တစ်နာရီ မိုင် ၆၀ နှုန်း အထိကို ၄ စက္ကန့် အောက်လောက်အထိနဲ့တင် အရှိန်တင်မောင်းနှင်နိုင်မှာပါ။ ကားရဲ့ အားသွင်းစနစ်ကတော့ Level 2 AC ကြိုး ဒါမှမဟုတ် DC Fast Charger ကိုမှ 190 kW တွေနဲ့ အားသွင်းမယ် ဆိုရင်တော့ 11.5 kW လောက် အထိ ကိုအားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားသစ်ကတော့ 1LT၊ 2LT၊ RS နဲ့ SS Trim Level တွေ အဖြစ် ထွက်ပေါ်လာ ခဲ့ပါတယ်။ LT Grade တွေမှာတော့ Monochromatic ဆိုတဲ့ အပြင်ဘက် အသွင်အပြင်ကို မြင်ရပြီး ၁၉ လက်မ အရွယ်ဘီးတွေနဲ့ ရလာနိုင်မှာပါ။ RS Trims တွေမှာ ဆိုရင်တော့ ၂၁ လက်မ အရွယ် ဘီးတွေနဲ့ အတူ SS Trim မှာတော့ အနက်ရောင် အမိုး ၊ ၂၂ လက်မ ဘီးတွေနဲ့ အတူ ပါဝင်လာပါတယ်။ RS နဲ့ SS ကားတွေ မှာဆိုရင် LED Lights တွေနဲ့ Illuminated Chevy Logo တွေကို တပ်ဆင် ထားပြီး ထူးခြားတာက အဆိုပါ Logo တွေက ယာဉ်မောင်းကားနားကပ်လာတာတို့ အဝေးထွက်သွားတာ တို့မှာ မီးလေး လင်းလာမှာပါ။ ဒါ့အပြင် ကားကို ပလပ်တပ်ပြီး အားသွင်းထားမယ် ဆိုရင်လည်း ရှေ့ မီးတွေက ကားရဲ့ မီးအား ဝင်နေတဲ့ အခြေအနေတွေကို ဖော်ပြ ပေးနေမှာပဲ ဖြစ်ပါတယ်။ အတွင်းခန်း ပိုင်းမှာတော့ ၁၇.၇ လက်မ အရွယ် ရှိတဲ့ Screen ကြီးကို Dashboard အလယ်မှာ ကန့်လန့် ဖြတ်ထည့်ပေးထားပြီး ၁၁ လက်မ အရွယ် Digital Instrument Cluster ကိုလည်း ထည့်ပေးထား ပါသေးတယ်။ GM ရဲ့ Super Cruise ယာဉ်မောင်းအကူ စနစ်ကိုတော့ ရွေးချယ်စရာ အနေနဲ့ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ကားမှာတော့ Start Button မပါဝင်လာပဲ ထူးခြားတာကတော့ ကားအနေနဲ့ ကားသော့ကို အာရုံခံနိုင်ပြီး ယာဉ်မောင်းက ကားပေါ်တက်ပြီးတာနဲ့ ဘရိတ်ကိုနင်း ပြီး တန်းထွက် လိုက်ရုံပါပဲ။ RS နဲ့ SS Grade တွေမှာ ဆိုရင်တော့ အတွင်းခန်း လုပ်ဆောင်ချက်ပိုပြီး စုံစုံလင်လင် နဲ့ ရရှိလာပြီး RS Grade မှာဆိုရင် အပြာနဲ့ အနီရောင် Stitch လေးတွေကိုတောင် ထည့်ပေးထားပါတယ်။ SS Grade ကတော့ Adrenaline Red နဲ့ Argon Orange ဆိုတဲ့ Trim အရောင် တွေနဲ့ ရရှိ နိုင်ပြီး အောက်ဘက် အပြားဒီဇိုင်းနဲ့ စတီယာတိုင် တို့ အပြင် HVAC Vents အဲကွန်း ပေါက်တွေလည်း ပါဝင်လာပါတယ်။ ထိုင်ခုံတွေ ကလည်း အပူအအေး ချိန်ညှိ ပေးတဲ့ စနစ်တွေပါ ထည့်သွင်း ပေးထားတာပါ။

Photo Credit: motor 1.com

အခု ကားမှာ လုံခြုံရေးစနစ် အနေနဲ့ကတော့ Chevy Safety Assist Suite ကို စံ အနေနဲ့ ထည့်သွင်းပေးထားပြီး အလို အလျောက် အရေးပေါ်ဘရိတ်စနစ် ၊ အရှေ့ဘက် ယာဉ်တိုက်မှု ဖြစ်နိုင်တာကို ကြိုတင် သတိပေးနိုင်တဲ့ စနစ် ၊ အရှေ့ဘက်မှာ လမ်းသွားလမ်းလာ ဖြတ်သွားရင် အလိုအလျောက် ဘရိတ်ဖမ်းပေးတဲ့ စနစ်တို့ ပါဝင်လာပါတယ်။ ဒ့ါအပြင် Lane-Keep Assist စနစ်နဲ့ Smart Headlights စနစ်တွေကိုလည်း ထည့်သွင်းပေးထားပြီး အနောက်ဘက် အလိုအ လျောက် ဘရိတ်စနစ်နဲ့ ပါကင်စနစ်တွေကိုလည်း ရရှိနိုင် ဦးမှာပါ။ လာမယ့် နွေရာသီ ၂၀၂၃ မှာတော့ Blazer EV 2LT နဲ့ RS ကားသစ်တွေကို $ 47,595 နဲ့ $ 51,995 စတဲ့ဈေးနှုန်းတွေနဲ့ ရရှိလာနိုင်ပြီး SS Trim ကိုတော့ နောက်နှစ် နှောင်းပိုင်း လောက်မှသာ $ 65,995 လောက်နဲ့ စတင် ရရှိလာနိုင်ပါတယ်။ 1LT Trim ကားသစ် ကိုတော့ လာမယ့် ၂၀၂၄ ပထမ ၃ လပတ် အတွင်းမှာ ရလာနိုင်ဖို့ ရည်မှန်းထားပြီး $ 44,995 ခန့် ကျသင့်လာမှာပါ။နောက်ပိုင်း ထွက်လာမယ့် ရဲဌာနသုံး သီးသန့်ကားကိုတော့ လာမယ့် ၂၀၂၄ ပထမ သုံးလပတ် မှာပဲ ချပြလာနိုင်ဖို့ ရည်မှန်းထားပြီး SS Grade ကို အခြေခံ သုံးလာနိုင်ပါတယ်။ ဒါ့အပြင် Lineup ထဲက အကြီးဆုံးသော ဘက်ထရီကို ထည့်သွင်းလာနိုင်ကာ Rear-Wheel Drive ဒါမှမဟုတ် All-Wheel Drive စနစ်တွေကို ထည့်သွင်းလာနိုင်ပြီး အတွင်းခန်းကိုလည်း သီးသန့် ပြင်ဆင်ပေးလာ မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com