Chevrolet Aveo ဆိုတာကတော့ ၂၀၀၀ ခုနှစ်တွေ ကတည်းက အမေရိက ဈေးကွက်ထဲ မှာထွက်ရှိခဲ့တဲ့ Entry-Level ကားတစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ မက္ကဆီကို ကား ဈေးကွက် ထဲမှာလည်း ရနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း 2024 Version သစ်အနေနဲ့ စတင် ထွက်ရှိလာခဲ့ ပါပြီ။ မက္ကဆီကို ဈေးကွက်ထဲက လက်ရှိ Aveo ကတော့ တံခါးလေးပေါက်ပါ Sedan ဖြစ်ပေမယ့် အခု ကားသစ်ကတော့ တံခါး ၅ ပေါက်နဲ့ Hatchback တစ်စီး ဖြစ်လာပါတယ်။ အခု မျိုးဆက်သစ်ကားက‌ ပိုပြီးလည်း လေးထောင့်ဆန်လာရုံမက ပိုလည်းခေတ်မှီတဲ့ ပုံပေါက်လာခဲ့ပြီး ရှေ့ မီးကြီးတွေကအစ ခပ်ပြားပြားနဲ့ ကြည့်ကောင်းလာတာပါ။ အနောက်ဘက်မှာတော့ ပိုပြီး ချွန်ချွန် ထက်ထက် အသွင်မျိုး ရအောင် ဖန်တီးပေးထားပြီး Simulated  Diffuser တစ်မျိုးလည်း ပါဝင်လာ ခဲ့ပ်တယ်။

Photo Credit: motor 1.com

အခု ကားသစ်ရဲ့ အတွင်းခန်း ပုံရိပ်တွေကို ချမပြထားသေးတဲ့အပြင် ရနိုင်မယ့် အသေးစိတ် Trim တွေ အကြောင်းကိုလည်း မသိရသေးပါဘူး။ ကုမ္ပဏီ ဘက်ကတော့ အခုကားသစ်မှာ လေအိတ် ၆ လုံးနဲ့ ခရီးသည် အားလုံးအတွက် ထိုင်ခုံခါးပတ် သတိပေး စနစ်တွေ ပါဝင်လာမယ်ဆိုတာ လောက်ပဲ ပြောထားပါသေးတယ်။ လက်ရှိ Aveo ကတော့ သာမန် အဆင့်လောက် အတွင်းခန်းကိုပဲ ရရှိ ထားတာ ဖြစ်ပြီး ၄.၂ လက်မ အရွယ် Infotainment Screen နဲ့ အလိုအလျောက် အပူချိန်ထိန်း စနစ်တို့ လောက် ပဲပါရှိ နေသေးတာပါ။ အင်ဂျင်ပိုင်းကို မသိရသေးပေမယ့် လက်ရှိ Aveo ကားကတော့ 1.5 Liter Four- Cylinder အင်ဂျင်ကိုသုံးထားပြီး 107 hp နဲ့ 104 lb-ft Torque အထိ စွမ်းဆောင် ထားပါတယ်။ ပုံမှန် အားဖြင့် ကတော့ Five-Speed Manual ဂီယာ ဒါမှမဟုတ် Four-Speed Auto ဂီယာ တွေကို ရရှိမှာ ဖြစ်ပြီး Front-Wheel Drive စနစ်ကို သုံးထားတာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အမေရိက ဈေးကွက်ထဲမှာလိုပဲ အခုကားက မက္ကဆီကို ဈေးကွက်ထဲမှာပါ အခြေခံကျတဲ့ ကားကောင်းတစ်စီး ဖြစ်လို့နေဆဲပါပဲ။ လက်ရှိ မျိုးဆက်ကားကတော့ $ 13,965 ဝန်းကျင်လောက် ကျသင့်တာဖြစ်ပြီး အခြား သော ကားအမျိုးအစားတွေ ဖြစ်တဲ့ Onix နဲ့  Cavalier တို့လို ကားတွေကလည်း ဒီ ဈေးကွက်ထဲ ရှိထားတာ ဖြစ်ပါတယ်။ အမေရိက ဈေးကွက်ထဲမှာတော့ Chevrolet က Lineup တွေ တဖြည်းဖြည်းနဲ့  လျော့ပါး လာနေပြီး Spark နဲ့ Malibu တို့ကို သိပ်မမြင်ရတော့ကာ Camaro ကလည်း ထပ်မြင်ရဖို့ မသေချာတော့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com