General Motors ရဲ့ Subcompact Crossover ကား တစ်စီးဖြစ်တဲ့ Cadillac XT4 ကတော့ ကားသစ်တစ်စီးအဖြစ် ပွဲထွက်လာခဲ့ပြီဖြစ်ပြီး လာမယ့် နွေရာသီ မှာတင်ပဲ ဈေးကွက်ထဲ ရောက်ရှိလာ တော့မှာပါ။ မကြာသေးခင်ကမှ အသစ် ထွက်လာခဲ့တဲ့ Chevrolet Trailblazer နဲ့ Buick Encore GX တို့လိုပဲ အခုကား သစ်မှာလည်း ယခင်ပုံစံ ခလုတ်တွေ အများကြီးနဲ့ ဒီဇိုင်းကို ဆက်ပြီး မမြင်လာရတော့ပါဘူး။ အခုကားမှာ ထူးခြားတာကတော့ Display Screen တွေကို ပေါင်းထားတဲ့ Digital Instrument Cluster ပုံစံ ၊  Center Infotainment System တွေကို တွေ့ရမှာဖြစ်ပြီး Screen ကြီးက ၃၃ လက်မ အထိကို ရှိနေကာ 9K ရုပ်ထွက် အထိကို ပေးစွမ်းနိုင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Cadillac Lyriq တုန်းက ပုံစံကို အနည်းငယ် မှီငြမ်းကာ ယာဉ်မောင်ဘက် အခြမ်း ပိုမြင်ရ စေဖို့ အတွက် နည်းနည်းလေး မသိမသာ ကွေးပေးထား ပါသေးတယ်။

Photo Credit: motor 1.com

အခု Screen ကြီးနဲ့ အတူပြီးပြည့်စုံ နေစေတာကတော့ ဂီယာအုံ အပါအဝင် အရေးကြီးတဲ့ Control တွေအတွက် ထည့်သွင်းပေးထားတဲ့ ခလုတ်တစ်ချို့ပါပဲ။ ဒါ့အပြင် Infotainment Settings ပိုင်းတွေ အတွက်ကိုပါ Rotary Dial အကွက်လေးတစ်ခု ထပ်ထည့်ပေးထားပါသေးတယ်။ Trim level နဲ့ ဝယ်ယူချင်တဲ့ Package အပေါ် မူတည်ပြီးကား သစ်မှာ အရောင်သစ်တွေအပြင် သစ်သား ၊ ကာဗွန်ဖိုက်ဘာနဲ့ အလူမီနီယံ စတဲ့ အပြင်အဆင်တွေကို စိတ်ကြိုက် ရွေးချယ် ယူနိုင် ပါလိမ့်မယ်။ Cold Weather ဆိုတဲ့ Package တစ်မျိုးမှာ ဆိုရင် အလိုအလျောက် နွေးနေအောင် အပူပေးထားနိုင်မယ့် ထိုင်ခုံတွေနဲ့ စတီယာတိုင် တို့ပါ ဝင်လာနိုင်ပြီး ပိုမြင့်တဲ့ Trim တွေမှာဆိုရင် အနှိပ်ထိုင်ခုံတွေ ကိုတောင် ထည့်ပေးထား ပါသေးတယ်။ ‌ဒါ့အပြင် ကားအတွင်းက Screen ကြီးကို သုံးစွဲသူစိတ် ကြိုက် ပြင်ဆင် Customize လုပ်နိုင်မှာ ဖြစ်ပြီး Google Services တွေလည်း တရားဝင် သုံးနိုင်တာကြောင့် အသံနဲ့ ခိုင်းစေတာမျိုး တွေလည်း ဖန်တီးကြည့် လို့ ရပါတယ်။ စပီကာ ၁၃ လုံး ပါဝင်တဲ့ AKG Studio အသံစနစ်ကလည်း အခုကားကို ပိုပြီး အဆင့်မြှင့်တင် ပေးနိုင်နေတာပါ။ အခြားသော ယာဉ်မောင်း အကူစနစ်နဲ့ လုံခြုံရေးစနစ်တွေ အစုံအလင်ကိုလည်း အခုကားမှာ မြင်ရမှာဖြစ်ပြီး Cross-Traffic Alert ၊ Lane-Keep Assist နဲ့ အခြားသော အလိုအ လျောက် High Beam မီးတွေနဲ့ Lane-Departure Warning စတဲ့ စနစ်သစ်တွေကိုလည်း သေချာပေါက် ရရှိလာဦးမှာပါ။

Ref: motor 1.com

နောက်ထပ် ‌ရွေးချယ်လို့ရသေးတဲ့ Active Safety Package မှာဆိုရင်တော့ ‌Adaptive Cruise Control စနစ်၊ အဆင့်မြင့် အရေးပေါ် ဘရိတ် ၊ လမ်းသွားလမ်း လာတွေရဲ့ အနေအထားကိုသတိပေးစနစ်၊ Speed Limit Assist နဲ့ လမ်းညွှန် အမှတ်အသားတွေ သိနိုင်မယ့်စနစ် စသဖြင့် အတော်လေး စုံစုံလင်လင် ရှိလာပါ တယ်။ ဒါပေမယ့် ကံမကောင်းတာ ကတော့ အဆိုပါ Package ကို ပိုမြင့်တဲ့ XT4 Trim Level တွေမှာပဲ ရ နိုင်မှာပါ။ ဒါပေမယ့်ကားသစ် တိုင်းမှာတော့ 5 G ကွန်ရက်နဲ့ နောက်ဖုံး အလိုအလျောက်ဖွင့်ပေးတဲ့ စနစ်ကို တစ်ပါတည်း ထည့်သုံးပေးထားပါတယ်။ အမြင် ဒီဇိုင်းပိုင်းအရတော့ ယခင် Version တွေနဲ့ အတော် ခပ်ဆင်ဆင်ဖြစ်ပြီး ပိုပို ပါးလျလာတဲ့ LED မီး ဒီဇိုင်းတွေကို ကားရဲ့ ထောင့်မှာ ဒေါင်လိုက် တပ်ဆင်ပေးထားတာပါ။ အနောက်ဘက်မှာ ဆိုရင်တော့ ယခင်က  အလျားလိုက် Reflector တွေကို Fascia ပုံအပြောင်းအလဲနဲ့အတူ ဒေါင်လိုက်ပြောင်းပေးလိုက်ပြီး ဘီးအသစ်တွေကိုလည်း ထည့်သုံးပေးထားပါတယ်အင်ဂျင် အနေနဲ့တော့ Turbocharged 2.0 Liter Four-Cylinder အင်ဂျင်ကို သုံးပေးထား ပြီး Nine-Speed Automatic ဂီယာနဲ့အတူ 235 hp အထိ စွမ်းဆောင်နိုင် မှာ ဖြစ်ပါတယ်။ အခု ကားသစ်တွေ မှာတော့ Base Model Luxury Trim ၊ Mid-Level Premium Luxury Trim နဲ့ Range အမြင့်ဆုံး Sport Trim တွေ ဆိုပြီး ပါဝင် လာမှာပါ။ ဈေးနှုန်းတွေ ကိုတော့ ဝယ်ယူလို့ရကာနီးမှ ကြေငြာပေးမှာဖြစ်ပြီး ယခင် 2023 XT4 Luxury ကားတုန်းက ဆိုရင် $ 37,490 အထိ ကျသင့်ခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com