Buick ကား ကုမ္ပဏီရဲ့ LaCrosse Sedan ကားတွေကတော့ မြောက်အမေရိက ကားဈေးကွက်ထဲကနေ ထွက်သွား ခဲ့တာ ၄ နှစ် လောက်အထိ ရှိခဲ့ပေမယ့် တရုတ်ကားဈေးကွက် ထဲတော့ ဆက်ရှိနေဆဲပဲ ဖြစ်ပါ တယ်။ အခုဆိုရင်တော့ အဆိုပါ ကားကို ဈေးကွက်အတွင်း ပိုအဆင်ပြေစေဖို့အတွက် မျိုးဆက်သစ်ကား အနေနဲ့ အပြောင်းအလဲများစွာ ပြုလုပ်ကာ အသစ်ထုတ်လုပ်ပေးလိုက် ပြန်ပါတယ်။ ထူးခြားတာကတော့ ယခင်မျိုးဆက် အဟောင်းနဲ့ သိသိသာသာ ကွဲထွက်သွားစေတဲ့ ကားသစ်ရဲ့ ဒီဇိုင်း အသစ်ပါပဲ။ အထူးသဖြင့် ကားရဲ့ အရှေ့ဘက်မှာ ပိုလို့တောင် သိသာနေတာ ဖြစ်ပြီး မူလသာမန် ရှေ့မီးကြီးတွေကို LED မီးတွေနဲ့ အစားထိုးထား လိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် ကားရဲ့ အရှေ့ဘက်က Grille ကိုကအစ Electra 5 လျှပ်စစ် ကားသစ်နဲ့ Encore GX ကားသစ်တို့က Grille ပုံစံ အသစ်တွေ အတိုင်း ထည့်ပေးလိုက်ပါတယ်။ ဒါတင်မကသေးပဲ LaCrosse Sedan ကား ရဲ့ အနောက်ဘက်ကလည်း လုံးဝကို အပြောင်းအလဲ ကြီးကြီးမားမား တစ်ရပ် ဖြစ်သွားခဲ့ပြီး ခေတ်ပေါ် LED နောက်မီးတွေကိုမှ Light Bar အနေနဲ့ ရော Chrome Accent အနေနဲ့ပါ ထည့်ပေးထား လိုက်တာပဲ ဖြစ်ပါတယ်။ ကားရဲ့ စက်ပိုင်းဆိုင်ရာ အနေနဲ့ ဆိုရင်တော့ 2.0 Liter Turbocharged Four-Cylinder အင်ဂျင်ကို သုံးထားမှာ ဖြစ်ပြီး စွမ်းဆောင်ရည် ပိုင်းအရတော့ 237 hp အထိ ရှိလာနိုင်ပါတယ်။ အခု အင်ဂျင်နဲ့ စွမ်းဆောင်ရည် ပိုင်းက 2024 Buick LaCrosse အတွက် တကယ် Standard တစ်ရပ် ဖြစ်လာနိုင်ပြီး ကားရဲ့ အင်ဂျင် လုပ်အားနှုန်းကို ပိုကောင်းအောင် ထောက်ပံ့ပေးမယ့် ဂီယာကတော့ 9-Speed Automated ဂီယာ စနစ်ပဲ ဖြစ်ပါတယ်။ အဆိုပါ All-New LaCrosse Sedan ကားသစ်ကိုတော့ လာမယ့်နှစ်ထဲမှာတင် တရုတ်ဈေးကွက်မှာပဲ စတင် ရောင်းချလာတော့မှာပါ။

Ref: AllAutoExperts