2024 Encore GX ကားကတော့ Buick ရဲ့ Encore အဆင့်မြင့် ကားတစ်စီးဆီက အကောင်းဆုံးသော မော်ဒယ် အသစ် တစ်စီးလို့ ပြောလို့ရပါတယ်။ အခု မော်ဒယ်အသစ်မှာတော့ အရှေ့ဘက် မျက်နှာစာ ဒီဇိုင်း အပြောင်းအလဲ ဖြစ်လာတဲ့ အပြင် အတွင်းခန်းမှာလည်း ဒီဂျစ်တယ် နည်းပညာသစ် တွေနဲ့ ပိုလန်း လာတာပါ။ အခုလို သက်သာသေးတဲ့ ဈေးတန်းမှာ ဇိမ်ခံအရသာကို ရှာလိုသူတွေ အတွက်လည်း အခုကားသစ်ရဲ့ Avenir Trim ကပါ ရွေးလို့ ကောင်းနေမှာ သေချာပါတယ်။ အခုကားရဲ့နောက်ထပ် ထူးထူးခြားခြား ပြောင်းလဲ သွားတဲ့ အပိုင်းကတော့ Instrument Dials တွေ ခလုတ်တွေ လုံးဝမရှိတော့တဲ့ အတွင်း ခန်းပိုင်းပါပဲ။ အဆိုပါ စနစ်အစား Digital Driver Display နဲ့ Center Infotainment Display ကို တစ်ခုတည်းပေါင်းပေးထားတဲ့ Virtual Cockpit စနစ် ကိုသုံးပေးထားလိုက်တာ ဖြစ်ပါတယ်။ ရလဒ်ကတော့ ၁၉ လက်မ အထိရှိတဲ့ Screen ကြီးရလာတာ ဖြစ်ပြီး ၈ လက်မကို Driver Display နဲ့ ၁၁ လက်မကို Center Display အဖြစ်သုံးပေးထားပါတယ်။ Buick ကတော့အခု Screen ကြီးက Encore GX ကားတွေထဲက အကြီးမားဆုံး Screen ဖြစ်ပြီး မကြာသေးမီ ကမှ မိတ်ဆက်ထားတဲ့ 2024 Chevrolet Trailblazer နဲ့ အတူတူပဲ ဖြစ်ပါတယ်။ အခုလို ဒီဂျစ်တယ် စနစ်တွေ သုံးလိုက်တာကြောင့် အတော်လေး သပ်သပ် ရပ်ရပ် ပုံပေါက်သွားပေမယ့် အပူချိန် ချိန်ညှိဖို့ အရာတွေကိုတော့ သာမန်ခလုတ်တွေပဲ ထည့်သုံးပေးထား ပါသေးတယ်။

Photo Credit: motor 1.com

Range အမြင့် Avenir Trim အသစ်အတွက် ထူးခြားလာတာကတော့ အနက်ရောင် Cabin နဲ့ ကွဲထွက် နေစေတဲ့ Beige လယ်သာ သားတွေပဲ ဖြစ်ပါတယ်။ Avenir ဆိုတဲ့ စာသားလေးတွေ ကိုလည်း တံခါးဘောင် တွေ ၊ ထိုင်ခုံ နောက်မှီတွေမှာ ထည့်ပေးထားတာပါ။ အမျိုးမျိုး ချိန်ညှိလို့ရတဲ့ ပါဝါထိုင်ခုံတွေ ကတော့ ယာဉ်မောင်းအတွက်ရော ခရီးသည်အတွက်ပါ သုံးပေးထားပါတယ်။ ပြန်လည် ဆန်းသစ်ထားတဲ့ ST Trim အနေနဲ့တော့ ပိုပြီး လှလှပပ ရှိလှတဲ့ အပြင်အဆင် အပြင် ပိုပြီးလည်း Sport ဆန်တဲ့ အသွင်အပြင်တွေကို ပေးလာနိုင်တာ တွေ့ရမှာပါ။ အပြင်ပိုင်း ပုံစံအရ‌ဆိုရင်တော့ ဒီဇိုင်း ပြောင်းထားတဲ့ Grille နဲ့ Fascia အနိမ့်တို့ က သိသာနေပြီး Grille အပေါ်မှာ မီးလုံးတွေကို ခပ်ပါးပါး ပုံစံ ပြောင်းပေးထားပါတယ်။ အခုကား ဒီဇိုင်း ကတော့ ဇွန် ၂၀၂၂ ကတည်းက မြင်ထားရတဲ့ Buick Wildcat Concept ဆီကနေ အတော်များများ ပြန်ယူသုံးထားတာ ဖြစ်ပြီး နောက်ပိုင်း Buick ကားတွေရဲ့ ပုံစံ တွေကိုပါ ကြိုပြပေးနိုင် သလိုပါပဲ။ အခု Encore GX Model တွေ အကုန်လုံးမှာတော့ LED Headlight တွေချည်းပဲ ပါလာမှာဖြစ်ပြီး Avenir နဲ့ ST Trim တွေမှာ ဆိုရင်တော့ အနောက်ဘက် မှာပါ LED တွေ သုံးထားတာပါ။ အဆိုပါ Trim တွေမှာတော့ ကားအရှေ့ဘက် Upscale Grille ပုံစံ ၊ ဘန်ဘာတွေက Chrome Accents တွေနဲ့ ၁၉ လက်မအရွယ် Chrome ဘီးတွေ အထိပါဝင် နေတာပါ။ ST Model တွေမှာတော့ ပိုပြီးတော့ Sport ဆန်မယ့် အနက်ရောင် ဘီးတွေကို ဘေးဘက်နဲ့ အနောက်ဘက်တွေက အနက်ရောင် Accents ‌တွေနဲ့ တွဲပေးထား လိုက်သေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ပုံစံ သစ်တွေ ပြောင်းလာပေမယ့် အင်ဂျင်ပိုင်းတွေကတော့ လက်ရှိ ကားတွေအတိုင်းပဲဖြစ်ပြီး 155 hp အထိ အမြင့်ဆုံး စွမ်းဆောင် နိုင်တဲ့ 1.2 Liter ဒါမှ မဟုတ် 1.3 Liter Turbocharged Three-Cylinder အင်ဂျင်ကို သုံးပေးထားမှာပါ။ Front-Wheel Drive စနစ်နဲ့အတူ CVT ဂီယာကို တွဲဖက်ပေးထားပြီး All-Wheel Drive Version ဆိုရင်တော့ Nine-Speed Automatic ဂီယာကို သုံးပေးထားမှာပါ။ အခု 2024 Buick Encore GX ကားကတော့ $ 26,895 ကနေ စတင် ကျသင့်တာဖြစ်ပြီး Four-Wheel Drive နဲ့ ရနိုင်မှာပါ။ Encore GX ST Trim ကတော့ $ 28,095 နဲ့ စတင်လာမှာဖြစ်ပြီး Flagship Level Avenir Trim အသစ်ကတော့ $ 33,195 အထိ ဈေးရှိနေပါလိမ့်မယ်။

Ref: motor 1.com