BMW ကတော့ သူတို့ရဲ့ M Performance ဆီက ပစ္စည်းတွေကို BMW ကားအမျိုးမျိုးမှာ ‌ထည့်သုံးနိုင်ဖို့ အတွက် ကြော်ငြာ Video တစ်ခု ချပြလာခဲ့ပါတယ်။ အဆိုပါ Video ထဲမှာ အဓိက ပါလာတဲ့ကားကတော့ 2024 BMW X5 Facelift Version ဖြစ်ပြီး အရှေ့ဘက်မှာ ကာဗွန်ဖိုက်ဘာနဲ့ အနောက်ဘက်မှာ အနက် ရောင် အမိုးပြောင်ပြောင် ဒီဇိုင်းတို့ကို M Performance ရဲ့ ထုတ်ကုန်တွေအဖြစ် ယူသုံးပြထားပါတယ်။

Photo Credit: AllAutoExperts

တကယ်တော့ အဆိုပါ SUV က xDrive40i Version ကို အခြေခံပြီးမှ M Sport Package ကို ထည့်သုံး ပေးထားတာ ဖြစ်ပါတယ်။ အရောင်ကတော့ Mineral White Metallic ဆိုတဲ့ အဖြူပြောင်ပြောင်လေး ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြှင့်တင်ထားပြီးသား M Sport ဘရိတ်တွေကိုမှ အနက်ရောင် ဘီး တွေနဲ့ ကွဲထွက် နေစေမယ့် အနီရောင် Calipers လေးတွေကိုပါ သုံးပေးထား ပါတယ်။ ဒါတင်မကသေးပဲ အခု SUV Version မှာတော့ အနက်ရောင် Kidney Grille ၊ ကာဗွန်ဖိုက်ဘာ ဘေးဘက်မှန် အဖုံးတွေနဲ့ Shadowline တွေပါတဲ့ ရှေ့မီးကြီးတွေကိုလည်း ထည့်သွင်း အသုံးပြုထားတာ ဖြစ်ပါတယ်။

အခု Video ထဲမှာ ပြသထားတာ တကယ်တော့ ဒီကား တစ်စီးတည်း မဟုတ်ပဲ အခြားသော M Performance ရဲ့ ပစ္စည်းတွေသုံး BMW ကားတွေကိုပါ ပြသ ထား ပါသေးတယ်။ အဆိုပါကားတွေထဲ မှာတော့ M340i LCI ၊ M3 Touring နဲ့ i4 M50 ကားတွေလည်း ပါဝင်နေတာပါ။ ဒါပေမယ့် သိသိသာသာ ကွဲထွက် နေတဲ့ ကား ကတော့ အခုဖော်ပြခဲ့တဲ့ M2 ကားပဲဖြစ်ပြီး အရောင်ရော ကာဗွန်ဖိုက်ဘာတွေများများ သုံးပေးထားတာ တွေရောကပိုပြီး မြင်သာနေစေတဲ့ ပြင်ဆင်မှုတွေ ဖြစ်နေတော့တာပါပဲ။

Ref: AllAutoExperts