အရွယ်အစား အလယ်အလတ် ရှိတဲ့ Sedan ကားတွေထဲမှာတော့ အရမ်းကြီး စိတ်ဝင်စား မခံရပေမယ့်လည်း ခန့်ခန့်ညားညား ကားကောင်းတစ်စီးအဖြစ်တော့ Audi A 6 တို့ ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ်။ အခုဆိုရင် တော့ အဆိုပါ ကားကို အဆင့်မြှင့်တင် ပေးတော့မှာ ဖြစ်ပေမယ့် ကားရဲ့ အပြင်ပန်း မူလဒီဇိုင်းကိုတော့ သိသိသာသာ ကြီး အပြောင်းအလဲ လုပ်ပေးမယ့်ပုံ မပေါ်သေးပါဘူး။ လက်ရှိ A6 အမျိုးအစားကတော့ ၂၀၁၈ ခုနှစ် မှာ 2019 Model အနေနဲ့ ထွက်ရှိခဲ့တာ ဖြစ်ပြီး အဆင့်မြှင့်တင် လာမယ့် ကားသစ်ကိုတော့ 2024 Model အဖြစ်နဲ့ အခုနှစ် နှောင်းပိုင်း ဒါမှမဟုတ် နောက်နှစ် အစောပိုင်းလောက်မှာ ထွက်လာနိုင်ပါတယ်။ ဒီကား မလာခင်မှာတော့ ၂၀၂၁ ရှန်ဟိုင်း ကားပြပွဲ မှာ Concept မြင်ခဲ့ရပြီးတဲ့ A 6 E-Tron ကားကို အရင် စောင့်ကြည့်သင့်ပြီး လျှပ်စစ် စွမ်းအင်သုံး A 6 အသစ် ကလည်း လာမယ့် ၂၀၂၃ အရောက်မှာပဲ 2024 Model အဖြစ် နဲ့ ဆက်တိုက် ထွက်လာဖို့ ရှိနေပြန်ပါတယ်။

Photo Credit: MotorAuthority

အခု A6 အသစ်ကိုတော့ Spy ပုံရိပ်များစွာ မြင်ထား ခဲ့ကြရပြီး သာမန် A6 ကိုပဲ အခြေခံကာ ဒီဇိုင်းတစ်ချို့ ပြောင်းလဲ ထားတာ တွေ့ရမှာပါ။ ကားရဲ့ မီးလုံးပိုင်းအသစ်တွေ အပြင် Grille နဲ့ အရှေ့ဘက်က Intakes တွေကိုလည်း ဒီဇိုင်းအသစ် တွေတော့ ဖန်တီးပေးထားပါသေးတယ်။ ဒါ့အပြင် ကားရဲ့အနောက်ဘက် Fascia ကိုလည်း ပုံစံအသစ် ပြုလုပ်ပေးထားပြီး ပြောင်းလဲမှု အတော်များများကတော့ A 6 Family ထဲက Avant နဲ့ Allroad Wagons တွေ ၊ S6 နဲ့ S6 Performance ကားတွေတုန်းကလိုမျိုးပဲ အလားတူ ဖန်တီး ပေးထား တာ တွေ့ရမှာပါ။ ဒါပေမယ့် ကားရဲ့ အတွင်းခန်း Cabin ပိုင်းနဲ့ Powertrain အင်ဂျင်ပိုင်းတွေကိုတော့ ဘယ်လိုပြောင်းလဲ ပေးထားမှာလည်း ဆိုတာ သေချာ မသိရသေးပဲ Infotainment System နဲ့ ကားရဲ့ စွမ်းဆောင်ရည်ပိုင်းတွေမှာလည်း သေချာပေါက် အပြောင်းအလဲတွေ တော့ ဖြစ်လာဖို့ ရှိပါတယ်။ အမေရိက ဈေးကွက်မှာ ဆိုရင်လည်း A6 ရဲ့ Plug-In Hybrid အမျိုးအစား တစ်ရပ်ကို ဒီတစ်ခေါက်တော့ ရလာနိုင်ပြီ လို့ မျှော်လင့်ရမှာပါ။

Photo Credit: MotorAuthority

လက်ရှိ အမေရိက ဈေးကွက်ထဲက အင်ဂျင်ကတော့ 2.0 Liter Turbocharged Inline-4 Engine ကို သုံးထားတာ ဖြစ်ပြီး 248 hp အထိ ရှိပါတယ်။ ဒီအင်ဂျင်အပြင် နောက်ထပ် ရွေးချယ်စရာ အနေနဲ့ကတော့ 3.0 Liter Turbocharged V 6 Engine လည်း ရှိပြီး 335 hp အထိ ရှိပါတယ်။ ဒါ့အပြင် လက်ရှိ S6 ကား မှာတော့ 2.9 Liter Turbocharged V 6 Engine သုံးထားတာကြောင့် 444 hp အထိကိုရှိနေပြီး အမြင့်ဆုံး အမျိုးအစားကတော့ Wagon ပုံစံနဲ့ RS 6 ပါပဲ။ အဆိုပါ ကားမှာတော့ 4.0 Liter Turbocharged V8 Engine ကြီးကြောင့် 591 hp အထိကို စွမ်းဆောင် နိုင်တာ ဖြစ်ကာ A 6 E-Tron ကတော့ RS 6 E-Tron ရဲ့ စွမ်းဆောင်ရည် အတိုင်းပဲ ဖြစ်လာနိုင်ပါတယ်။ A 6 ရဲ့ Plug-In Hybrid အမျိုး အစားကတော့ အခြား သော နိုင်ငံတကာ ကားဈေးကွက် တစ်ချို့မှာ ရထားနှင့်ပြီဖြစ်ပြီး 2.0 Liter Turbo-4 အင်ဂျင် ကိုမှ လျှပ်စစ် မော်တာနဲ့ ပေါင်းစပ်ထားလို့ 367 hp အထိရှိလို့နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအဆင့်မြှင့်တင် ပေးထား မယ် ဆိုတဲ့ A 6 အသစ်ကရော စွမ်းဆောင်ရည် ဘယ်လောက် ရှိလာမလဲ ဆိုတာ စောင့်ကြည့်ကြရမှာပါ။

Ref: MotorAuthority