Volkswagen ကတော့ သူတို့ရဲ့ 2023 Amarok ကားသစ် အကြောင်းကို တစ်စတစ်စ စိတ်ဝင်စားမှု မြင့် တက် လာအောင် ချပြနေခဲ့ပြီး အခုဆိုရင်လည်း အတွင်းခန်း Infotainment System အကြောင်း ပုံသစ် တစ်ချို့ မြင်လာ ရပြန်ပါတယ်။ အခု ထွက်ပေါ်လာတဲ့ Video ထဲမှာ ဆိုရင်တော့ ဒေါင်လိုက် ပုံစံ နဲ့ ၁၂ လက်မ အရွယ် Screen ကြီးကို မြင်ရမှာ ဖြစ်ပြီး အဆိုပါ Panel ပတ်ပတ်လည်မှာလည်း မှန်နဲ့ အုပ်ထားတာ တွေ့ရပါတယ်။ ထူးခြားတာကတော့ အခုလို Screen Design မျိုးကို ထိုင်းနိုင်ငံ ကားဈေးကွက်ထဲက  2023 Ford Ranger မှာ မြင်ထားဖူးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု အသစ်ထွက်လာမယ့် Amarok ကားက တော့ Ford Ranger အခြေပြုကာ ဖန်တီးထားတာကြောင့် အခုလိုမျိုး ဒီဇိုင်းဆင်တာ ဖြစ်နိုင်ပြီး Ford ရဲ့ SYNC 4 Infotainment System ကိုလည်း သုံးလာနိုင်ပါတယ်။

Photo Credit: motor 1.com

အခုလိုမျိုး Ranger ကားရဲ့ Screen အတိုင်း ခပ်ကြီးကြီးကိုမြင်လိုက်ရတာကြောင့် Amarok ရဲ့ ကားအ တွင်း Control တွေ အကုန်လုံးကို ဒီ Screen ကြီးကနေပဲ လုပ်ဆောင် နိုင်တော့မယ့် သဘော ဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက် တွေထဲမှာ ဆိုရင်တော့ အပူချိန် ချိန်ညှိပေးမယ့် Climate Control စနစ်တွေအပြင် လမ်းကြမ်းမောင်းမယ့် Setting တွေ ၊ အနောက်ဘက် Differential တွေ ဖွင့်တာတွေကအစ အခု Infotainment Screen ကြီးထဲမှာပဲ လုပ်ဆောင်လာ နိုင်ရဖို့ ရှိနေတာပါ။ ဒါပေမယ့် တစ်ခုရှိတာကတော့ ကားမောင်းနေတုန်း သေချာရွေးနေဖို့ အဆင်မပြေပဲ အလွယ် တကူ လုပ်ရမယ့် ကားရဲ့ အဲကွန်းစနစ်တွေ ကိုတော့ ခလုတ်တွေနဲ့ သီးသန့် ခွဲပေးထားပြီး အလုပ်လုပ်နိုင်မယ့် အသွင် ရှိနေပါတယ်။ ယခင်တုန်းကလည်း အခု ကားရဲ့ အနောက်ဘက် အပိုင်းကို VW ဘက်ကနေ အနည်းငယ် ချပြခဲ့ဖူးပြီး V 6 ဆိုတဲ့ တံဆိပ်နဲ့ အတူ ပုံစံတွေ ပြောင်းလဲထားတဲ့ Taillight နဲ့ Tailgate တွေကို တပ်ဆင်ထားတာ မြင်လာ ရပါတယ်။ ဒါပေမယ့် လည်း တစ်ခု မသေချာ သေးတာကတော့ အခု ကားရဲ့ Six-Cylinder စနစ် အနေနဲ့ VW TDI စစ်စစ် ဖြစ် လာ နိုင်မလား ၊ ဒါမှမဟုတ် Ranger အသစ် ကနေပဲ ပြန်ယူ ထားမယ့် စနစ်တွေလား ဆိုတာပါပဲ။

Photo Credit: motor 1.com

အခု 2023 Amarok ရဲ့ ‌အသေးစိတ် အချက်အလက် တစ်ချို့ကိုပါ ကုမ္ပဏီဘက်က ချပြထားနိုင်ခဲ့ပြီး ကားရဲ့ အရွယ် အစားကိုပါ သိထားရပါပြီ။ ကားရဲ့ အရှည်ကတော့ ယခင် မော်ဒယ်ထက် ၃.၉၃ လက်မ ပိုရှည်လာမှာ ဖြစ်ပြီး ၁.၅၇ လက်မ ပိုကျယ် လာတော့မှာပါ။ ကားရဲ့ တင်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်ပိုင်း ကလည်း ၂,၆၄၅ ပေါင် အထိ ရှိလာပြီ ဖြစ်ကာ နောက်တွဲယာဉ်တွေကို ဆွဲနိုင်မယ့် Towing Capacity ကလည်း ၇,၇၁၆ ပေါင် အထိ ရှိလာ ခဲ့ ပါတယ်။ လက်ရှိ မှာတော့ Base ၊ Life ၊ Style ၊ Panamericana နဲ့ Adventure တို့လို့ အမည် အသီးသီး ရထားတဲ့ Trim Level တွေ ပါလာလိမ့်မယ်လို့သိထားရပြီး ဘီး အရွယ် တွေကတော့ အမျိုးအစားတွေ ပေါ်မူတည်ကာ ၁၇ လက်မ ကနေ ၂၁ လက်မ အထိ ရှိလာနိုင်ပါတယ်။ Volkswagen ကတော့ အခု 2023 Amarok ကားသစ်တွေကိုလာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာတင် တရား ဝင် မိတ်ဆက်‌မယ်လို့ ဆိုထားတာကြောင့် ဘယ်လောက်အထိ ကြမ်းလာမလဲ ဆိုတာတော့ စောင့်ကြည့်ရ တော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com