Volkswagen ကတော့ Amarok ကားသစ်ကို ပြီးခဲ့တဲ့လပိုင်း ကတည်းကချပြခဲ့ပြီးဖြစ်ကာ Tuners တွေကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီကားအတွက် ပြင်ဆင်မှုတွေ ဆက်လုပ်နေကြပါပြီ။ VW ရဲ့ အဆိုပါကား Lineup ထဲကအမြင့်ဆုံး PanAmericana Trim Level ထက် ပိုကြမ်းပိုမြင့်တာကိုမှ လိုချင်ကြသူတွေအတွက် အခုဆိုရင် ဂျာမနီရဲ့ လမ်းကြမ်းပိုင်း Tuning Specialist Delta 4×4 က Package အသစ် ဖန်တီးပေး လာပါပြီ။ အဆိုပါ Pack အသစ်ကိုတော့ လောလောဆယ်မှာ Beast လို့ပဲ အမည်ဝှက် ပေးထားပြီး ဖန်တီးနေဆဲလို့ သိရပါတယ်။ ပြန်လည် Tuning လုပ်ထားတဲ့ Setup ထဲမှာတော့ သာမန်ထက် ၆ လက်မလောက် ပိုမြင့်သွားတဲ့ Suspension ကို ထည့်ပေးထားပြီး All-Terrain လုပ်ဆောင်ချက်တွေလည်း ပါဝင်လာမှာပါ။ Delta 4×4 ကားကတော့ Beadlock ဘီးတွေအပြင် တာယာ အကြမ်းစားတွေ ၊ Fender Flares အကြီး စားတွေကိုလည်း အခုကားမှာ ထည့်ပေးလာမှာ ဖြစ်တာကြောင့် ဘယ်လိုလမ်းကြမ်းမဆို မောင်းနိုင်မယ့် ကားသစ်အကြီးကြီး တစ်မျိုးအဖြစ် မြင်ရမှာပါ။

Photo Credit: motor 1.com

2023 Amarok အနေနဲ့ကတော့ အမိုးပေါ်မှာလည်း LED Bar ကို ထပ်ထည့်ပေးထားပြီး အရှေ့ဘက် Full Bar မှာ မီးအားပိုကောင်းမယ့်မီးလုံးတွေလည်း ပိုပါဝင်လာတာဖြစ်ပါတယ်။ အခု Tuning ပိုင်းတွေအတွက် PIAA Tuning ကလည်း မီးအပိုတွေ ထပ်ထည့်ပေးဦးမှာဖြစ်ပြီး ၊ Horntools တွေကိုလည်း လိုက်ဖက်အောင် ထည့်ပေးထားဦးမှာ ပါ။ အဆင့်မြှင့်တင်ပေးထားတဲ့ အမိုးကိုင်းသစ်တွေအပြင် Delta 4×4 ဆိုတဲ့ တံဆိပ်တွေကိုလည်း အရှေ့အနောက် မှာ ထည့်ပေးထားပါတယ်။ ကားနောက်တွဲ ဘေးဘက်မှာလည်း Beast ဆိုတဲ့ အနီရောင် နာမည်ကပ်လေးတွေ ကိုလည်း ထည့်ပေးထားဖို့ ရှိနေပါတယ်။ နောက်ထပ် စက်ပိုင်း အသေးစိတ် အချက်အလက်တွေကိုတော့ မသိ ရသေးပေမယ့် ဒီဂျစ်တယ် ပုံကြမ်းအရဆိုရင် V6 Six-Cylinder Engine ကို သုံးထားနိုင်ပါတယ်။ Ten-Speed Automatic Transmission ဂီယာကိုလည်း ယခင် 2023 Ford Ranger တုန်းက အတိုင်း တွဲဖက်သုံးထားနိုင်တာ ကြောင့် 238 hp တဲ့ 247 hp စွမ်းဆောင်ရည်တွေအကြား လောက်အထိ ဖြစ်လာနိုင်ပါတယ်။

Photo Credit: motor 1.com

မူလ Amarok ကားတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ စတင် မိတ်ဆက်ပေးပြီးကတည်းက စက်တင်ဘာ လက စလို့ တောင်အာဖရိက၊ Pretroia က Ford စက်ရုံမှာ စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံမှာတော့ Amarok ၊ Life ၊ Style ၊ Pan Americana နဲ့ Aventura တို့ဆိုတဲ့ Trim Level ၅ မျိုး စလုံးကိုတပ်ဆင် ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ယခင် Ranger နဲ့ မတူတာကတော့ VW ရဲ့ Amarok ကားမှာ Ladder-Frame SUV နဲ့ မဟုတ်လာတာ ပါပဲ။ ဒါ့အပြင် ၂၀၁၀ ကတည်းက စတင်ထွက်ရှိခဲ့တဲ့ မူလ  VW Amarok ကားတွေကို လက်ရှိအချိန်အထိ အာဂျင်တီးနားနိုင်ငံ၊ Pacheco မှာ ဆက်လက် ထုတ်လုပ် နေဆဲဖြစ်ကာ တောင်အမေရိက ဈေးကွက်အတွက် အဓိက ဖြစ်တယ်လို့ သိရပါတယ်။

Ref: motor 1.com