နာမည်ကြီး ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Volvo က ၂၀၂၂ ကို ခပ်နှေးနှေးပဲ စတင်ခဲ့တယ် ဆိုပေမယ့် အခုက စလို့တော့ အမေရိက ဈေးကွက်ထဲကို ကားသစ်တွေ စတင်ပို့ဆောင်လာရင်း ပုံမှန်လေး လှုပ်ရှားလာခဲ့ပါပြီ။ အဆိုပါ ဆွီဒင် ကားကုမ္ပဏီ ကြီး ကတော့ လျှပ်စစ်ကား ဈေးကွက်ထဲကို ထဲထဲဝင်ဝင် ဆက်တိုက် ဝင်လာနေ တာ ဖြစ်ပြီး အနာဂါတ် မှာ လျှပ်စစ် သီးသန့် နဲ့ Hybrid တစ်ချို့ ဖြစ်လာဖို့ ရည်မှန်းထားတဲ့ အနာဂါတ် အတိုင်း အခုကတည်းက ကားသစ်တွေကလည်း ဒီလမ်းကြောင်းကိုပဲ ရောက်လို့နေပါပြီ။ အခု ဈေးကွက်ထဲ မှာလည်း ကုမ္ပဏီရဲ့ XC မော်ဒယ် SUV တွေကရောင်းအား ကောင်းလာနေပြီး အခုဆိုရင်ပဲ အဆိုပါ မော်ဒယ် တွေထဲက XC 40 နဲ့ XC 40 Recharge တို့ကို 2023 Model အသစ်တွေ အနေနဲ့ ပြန်လည် ဆန်းသစ် ထုတ်လုပ်ပေးလိုက် ပြန်ပြီ ဖြစ်ပါတယ်။ အခု ကားသစ် တွေမှာတော့ ဒီဇိုင်းပိုင်း အသစ်တွေ အပြင် ၊ XC 40 အတွက်ဆိုရင် All-Hybrid စွမ်းဆောင်ရည်နဲ့ နောက်ထပ်ထူးခြားတဲ့ Google အခြေပြု Infotainment System တွေကိုလည်း ထည့်သွင်းပေးလာခဲ့တာပါ။

Photo Credit: CARBUZZ

အထူးသဖြင့် အခု ကားသစ်တွေမှာ အပြင်ပိုင်း ဒီဇိုင်းပါ ပြောင်းလဲလာတာ ဖြစ်ပြီး XC 40 Recharge ဆိုရင် အရှေ့ဘက် ဘန်ဘာကအစပြောင်းလဲသွားကာ Frame မပါတော့တဲ့ Grille Plate Design ဖြစ်လာပါ တယ်။ ကုမ္ပဏီရဲ့ အမှတ်သညာလို ‌ဖြစ်နေတဲ့ Superhero Thor ရဲ့ တူလိုမျိုး Headlight ကိုလည်း ပိုမို ဆန်းသစ်တဲ့ ဒီဇိုင်းလေးနဲ့ မြင်တွေ့ထားရပြီး ကုမ္ပဏီရဲ့နောက်ဆုံးပေါ် Pixel LED Light ‌တွေလည်း ရလာ ခဲ့ပါပြီ။ All Electric XC 40 Recharge မှာ ဆိုရင်တော့ Leather Free Upholstery ပိုင်း ရွေးချယ်စရာ ရလာခဲ့သလို နောက်ထပ် အပြင်ပိုင်း အရောင်အသစ် တွေနဲ့ ဘီး မျိုးစုံတို့ကိုလည်း ရွေးချယ်စရာ အနေနဲ့ ထည့်ပေးထား ပါတယ်။ Volvo Car တွေရဲ့ ဒီဇိုင်းပိုင်း ခေါင်းဆောင် ဖြစ်သူ Robin Page ကတော့ သူတို့ အနေနဲ့ လျှပ်စစ်သီးသန့် ကားကုမ္ပဏီ ဖြစ်ဖို့ ကြိုးစားနေတာနဲ့ အညီ ဒီဇိုင်းတွေ ကလည်း လိုက်ဖက်အောင် ပြောင်းလဲလာတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါတင်မကသေးပဲ XC 40 လျှပ်စစ် သီးသန့် ကားဆိုရင် လည်း သိသာထင်ရှားပြီး မှတ်မိလွယ်တဲ့ ဒီဇိုင်းကို ရထားသလို ယခင်ကထက်လည်း ပိုခေတ်ဆန် တဲ့ အရှေ့ ပိုင်းဒီဇိုင်းနဲ့ Grille တို့ ရလာပြီ ဖြစ်တယ်လို့ Robin Page က ဆိုထားပါသေးတယ်။

Photo Credit: CARBUZZ

Recharge Models အသစ်တွေမှာ Google အခြေပြု Infotainment စနစ်ကို စံအနေနဲ့ ရရှိ ထားခဲ့ပြီဖြစ် ပြီး အခု ဆိုရင် တော့ 2023 အတွက် XC Lineup အသစ်မှာပါ အခုစနစ် ရလာခဲ့ပါပြီ။ အထူးသဖြင့် အိမ် ၊ ကား ပေါ်နဲ့ ကားအတွင်း ဒီဂျစ်တယ် ပစ္စည်းတွေအကြား ချောချောမွေ့မွေ့ ဆက်သွယ် ဆောင်ရွက်နိုင်တော့ မှာ ဖြစ်ပါတယ်။ အဆိုပါ စနစ် သစ် မှာတော့ Google Maps ၊ Google Assistant တို့ အပြင် Google Play ပါ နဂိုပါဝင် လာတော့မှာပါ။ အခု ချပြ ခဲ့တဲ့ ကားအသစ် တွေကိုတော့ စတင်ထုတ်လုပ်နေပြီ ဖြစ်ပြီး လာမယ့် နွေရာသီထဲမှာပဲ အမေရိက ဈေးကွက်ထဲ စတင် ပို့ဆောင်လာ နိုင်ပါတယ်။ လက်ရှိမှာတော့ 2022 XC 40 ရဲ့ Base Model ကို $ 35,100 နဲ့ ရောင်းချနေပြီး T5 R-Design ကိုတော့ $ 42,350 အထိ ကျသင့်တာလည်း ဖြစ်ပါတယ်။ XC 40 Recharge ဆိုရင်တော့ $ 51,700 က စတင် ကျသင့်တာ ဖြစ်ပြီး Pure Electric Ultimate P8 ဆိုတဲ့အမြင့်ဆုံး ကားဆိုရင်တော့ $ 58,150 အထိ ကျသင့်မှာပါ။ အခု ၂၀၂၃ မော်ဒယ် အနေ နဲ့ ချပြခဲ့တဲ့ ကားသစ်တွေရဲ့ ဈေးနှုန်းတွေကိုတော့ သေချာ မသိရသေးတာကြောင့် စောင့်မျှော် ရဦးမှာ ဖြစ်ပါ တယ်။

Ref: carbuzz.com