Volkswagen ရဲ့ အရွယ်အစား အလယ်အလတ်ရှိ SUV တစ်စီးဖြစ်တဲ့ Touareg ကားကတော့ အခုဆိုရင် အဆင့်မြှင့်တင် ထားမယ့် နောက်ထပ် Version တစ်ခု အနေနဲ့ အသစ် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ကားသစ်ရဲ့ ပုံရိပ်တစ်ချို့ပါ ပေါက်ကြားလာခဲ့ပါပြီ။ အဆိုပါကားကတော့ အမေရိက ရဲ့ ကားဈေးကွက် တွေထဲမှာဆိုရင် ၂၀၁၇ ခုနှစ် ကတည်းက ပျောက်သွားခဲ့တာ ဖြစ်ပြီး အခု ဆိုရင်တော့ တတိယမြောက် ကားမော်ဒယ် ထုတ်ဖို့အထိ ဖြစ်လာခဲ့ပါပြီ။ အခုလိုမျိုး Update အနေနဲ့ ထွက်လာမယ့် SUV ကိုတော့ ၂၀၂၃ အစောပိုင်းလောက်မှာ မြင်ရဖို့ ခန့်မှန်းထားကြပြီး အဆိုပါ ကားကိုလည်း အမေရိက ဈေးကွက်တွေအထိ ပြန်ပို့ ပေးနိုင်ဖို့တော့ အလားအလာ မရှိ သေးပါဘူး။

Photo Credit: MotorAuthority

Update အနေနဲ့ ကတော့ Prototype ပုံရိပ်တွေ အရ ကြည့်ရမယ်ဆိုရင် သက်တမ်းတစ်ဝက် အတွက် ထုတ် ပေးတဲ့ Mid Cycle Update ဖြစ်နိုင်ပါတယ်။ ကားရဲ့ အရှေ့ဘက် မှာကိုက ပုံစံပြောင်းထားတဲ့ Headlight တွေ၊ Grille နဲ့ Fascia သစ်တွေသုံးပြီး အသစ်ဖြစ်လာပါတယ်။ လောလောဆယ်မှာတော့ အဆိုပါ အပြောင်း အလဲတွေ လုပ်ထားတဲ့ အဓိက အပိုင်းတွေကို Camouflage တွေ အပြည့် အုပ်ထားဆဲ ဖြစ်တာကြောင့် အတိအကျ မသိနိုင်သေးပဲ အရှေ့ဘက် Fascia မှာပါလာတဲ့ Intake တွေကတော့ နောက်ဆုံးထွက် Tiguan ကားရဲ့ ပုံနဲ့တောက် ခပ်ဆင်ဆင် ‌တူနေပါသေး တယ်။ ဒီကား အတွက် Volkswagen အနေနဲ့ စက်ပိုင်း ဆိုင် ရာမှာ ဘယ်လိုတွေ ဖန်တီး ထားမယ်ဆိုတာကိုတော့ မသိရသေးပေမယ့် လက်ရှိ ဒီဇယ်အင်ဂျင်တွေ အစား Plug-In Hybrid ကိုအစားထိုးလာတာ မျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ Line Up ထဲမှာ အမြင့်ဆုံး ဖြစ်လာ မယ့် Touareg R ကတော့ Plug-In Hybrid ဖြစ်ထား ပြီးဖြစ်လို့ စွမ်းဆောင်ရည် ပိုမြင့်လာတာမျိုး ဖြစ်လာ ဖို့မျှော်လင့်ရပါတယ်။ လက်ရှိ Turbocharged 3.0 Liter V 6 Engine နဲ့ လျှပ်စစ်မော်တာ တွဲလာတာမျိုး ကလည်း 455 hp နဲ့ 516 lb-ft Torque အထိ ရှိထားတဲ့ စွမ်းဆောင်ရည်မို့လို့ အတော် ကောင်းတယ်လို့ ဆိုရမှာပါ။

Photo Credit: MotorAuthority

VW ကတော့ အမေရိကမှာ ဆိုရင် ဒီကားအစား Mid Size Atlas ကား ကို ရောင်းချ နေတာ ဖြစ်ပြီး ID.8 လို အမည် ရနိုင်တဲ့ နောက်ထပ် လျှပ်စစစ် သီးသန့် SUV အသစ် တစ်မျိုးကိုလည်း ရောင်းလာဖို့ စီစဉ်နေပါ သေးတယ်။ ဒါကြောင့် အခု Touareg ကား ကလည်း Internal-Combustion Engine ပါဝင်လာမယ့် နောက်ဆုံးသော Touareg ကား ဖြစ်လာ ဖို့ များနေခဲ့ပါပြီ။ တစ်ခု သိထား ရမှာကတော့ အခုကားက Audi Q7 နဲ့ Porsche Cayenne တို့နဲ့ Platform အတူတူ ပေါ်မှာ ဖန်တီးထားတာ ဖြစ်ပါတယ်။ အဆိုပါ ကား နှစ်မျိုးလုံး ကလည်း မကြာမီမှာပဲ အဆင့်မြှင့်တင် ပေးထားမယ့် Version တွေ ထွက်လာနိုင်ပြီး Cayenne အသစ် အတွက်‌ဆိုရင် Spy ပုံရိပ် တစ်ချို့ပါ ရရှိထားပြီး ဖြစ်ပါတယ်။

Ref: MotorAuthority