Volkswagen ကတော့ 2023 Golf GTI ကို 40th Anniversary Edition အနေနဲ့ အထူးထုတ် ထုတ်လုပ် ပေးလိုက်ပါတယ်။ နှစ် ၄၀ ပြည့် အနေနဲ့ အထူးထုတ် ပေးလိုက်တဲ့ အဆိုပါကားကတော့ မြောက်အမေရိက ဈေးကွက် အတွက် သီးသန့်ဖြစ်ပြီး အစီးရေကလည်း ၁,၅၀၀ ပဲ ထုတ်လုပ်ပေးလာမှာ ဖြစ်ပါတယ်။ Golf GTI ကားကိုတော့ အမေရိက ဈေးကွက်ထဲမှာ Rabbit GTI အနေနဲ့ ၁၉၈၃ ခုနှစ် ကတည်းက ရောက်လာခဲ့ တာဖြစ်ပြီး အခုချိန် အထိကို လူကြိုက်များ နေဆဲပါပဲ။ Volkswagen ကတော့ အဆိုပါ ခေတ်အဆက်ဆက်က ဂန္ဓဝင်ကားတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို အထူးထုတ် ကားသစ်ကို ထုတ်လုပ်ပေးလိုက်တာ ဖြစ်ပါ တယ်။ အရောင် အနေနဲ့ကတော့ ၄ မျိုးပဲ ရနိုင်မှာ ဖြစ်ပြီး သီးသန့် Edition အနေနဲ့ Urano Grey အရောင် ၊ Classic GTI ရဲ့ အရောင်ဖြစ်တဲ့ Tornado Red အရောင်တွေ လည်း ပါဝင်လာ ပါတယ်။ ဒါ့အပြင် နောက် ထပ် Opal White Pearl အရောင်နဲ့ Pomelo Yellow Metallic ဆိုတဲ့ အရောင်အသစ်တွေကိုလည်း ရနိုင်ပါသေးတယ်။

Photo Credit: AllAutoExperts

အခု အထူးထုတ် ကားမှာပိုထူးခြားတာကတော့ အနက်ရောင် အမိုးနဲ့ အနက်ရောင် ဘက်မှန်တွေကို လှလှပပ ထည့်သွင်း ပေးထားတာပဲ ဖြစ်ပါတယ်။ အတွင်းခန်း မှာတော့ Scalepaper Plaid Upholstery အပိုင်း တွေနဲ့ ပြင်ဆင် ခြယ်သပေးထားပြီး ဂေါက်သီးလုံး ပုံစံနဲ့ ဂီယာအုံလေးကိုလည်း ထည့်ပေးထား ပါသေးတယ်။ VW ရဲ့ ခန့်မှန်းချက် အရတော့ ထုတ်လုပ် ထားမယ့် ကားတွေရဲ့ တစ်ဝက်လောက်မှာ ဟိုးယခင် Manual Transmission Gear တွေကို အမှတ်ရသောအားဖြင့် ပြန်လည် ထည့်သွင်းပေးလာ နိုင်တယ်လို့ သိရပါတယ်။ ကျန်တဲ့ Manual မဟုတ်တဲ့ ကား တစ်ဝက် လောက်မှာတော့ Seven-Speed Automatic DSG Gear တွေကို သုံးပေးထားပါလိမ့်မယ်။

Photo Credit: AllAutoExperts

အခု ကားသစ်ရဲ့ အင်ဂျင်ကတော့ ယခင် Standard GTI Models တွေနဲ့ အတူတူပဲဖြစ်ပြီး 2.0 Liter Turbocharged Inline-Four Engine ကိုပဲ သုံးပေးထားပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကတော့ 241 hp နဲ့ 273 lb-ft Torque အထိကို ရှိလာမှာဖြစ်ပါတယ်။ နှစ် ၄၀ ပြည့် အထူးထုတ် ကားရဲ့ဈေးကတော့ Manual Gear နဲ့ ကားအတွက် ဆိုရင် $ 33,055 ကျသင့်မှာဖြစ်ပြီး DSG Auto Gear အတွက်ဆိုရင်တော့ $ 33,855 ကျသင့် ပါလိမ့်မယ်။ ကားသစ်တွေကိုတော့ လာမယ့် ၂၀၂၃ နှစ်လယ် လောက်မှာတင် စတင်ရောင်းချမှာဖြစ်ပြီး မြောက်အမေရိက ဈေးကွက်မှာတင် မကပဲ ကနေဒါ မှာပါ ရနိုင်မယ်လို့ သိရပါတယ်။

Ref: AllAutoExperts