Volkswagen ရဲ့ လုပ်ငန်းသုံး ကားသစ်တွေထဲမှာတော့ လောလောဆယ်မှာ ဆိုရင် ID.Buzz တို့က ကောင်းကောင်းကို နာမည်ရ လူကြိုက် များနေပြီဖြစ်ပြီး အခုဆိုရင် နောက်တစ်မျိုး အနေနဲ့ ဒုတိယမြောက် မျိုးဆက် Amarok အသစ်ကိုပါ ချပြလာဖို့ ရှိနေခဲ့ပါပြီ။ အခုဆိုရင်တော့ အသစ်မြင်လာရတဲ့ အဆိုပါ ကားရဲ့ Teaser ပုံရိပ်အရ ဆိုရင် Matrix LED Headlight တွေကိုပါ ‌ရွေးချယ်စရာ တစ်ရပ်အဖြစ် ရလာနိုင်ပါ တယ်။ အဆိုပါ ကားသစ်ရဲ့ Trim Level အကုန်လုံးမှာ တော့ အလင်းရောင် ထုတ်ပေးတဲ့ Diodes တွေ အကုန်ပါဝင်ပြီးသား ဖြစ်နိုင်တာ ကြောင့် ဒီထက်ပိုဈေးကြီး အဆင့်မြင့်တဲ့အရာ ဆိုလို့ IQ Light ပဲ ကျန်တော့မှာပါ။ VW ရဲ့ အခြားသော ကားသစ်တွေ ဖြစ်ကြတဲ့ Polo Facelift နဲ့ အထက် ကားတွေမှာ မြင်ခဲ့ရတဲ့ Matrix LED Headlight တွေဆိုတာကတော့ မီးပွိုင့်တွေနဲ့ တစ်ချို့သော မလိုအပ်တဲ့ နေရာ တွေမှာ ဆိုရင် အလိုအလျောက် မီးကိုမှိန် ပေးထားလိုက်တာဖြစ်ပြီး လမ်းအကွေ့အကောက်တွေမှာ ဆိုရင်လည်း တစ်ဖက် ကားလည်း အနှောင့်အယှဉ်မဖြစ် ၊ လမ်းကြောင်းကိုလည်း ‌မြင်ရအောင် အလိုအလျောက် ချိန်ပေးနိုင် ပါသေးတယ်။ အဆိုပါ Matrix LED မီးတွေမှာ ဆိုရင်တော့ သာမန် မီးကြီးတွေထက် စာရင် 900 Lumens လောက်ကို ပိုပြီး ထုတ်လုပ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။

Photo Credit: motor 1.com

အပြောင်းအလဲ အတော်လေး များလာမယ့် အဆိုပါ ကားသစ်မှာကတော့ အခုမီးအလင်းရောင် နည်းပညာအသစ် အပြင် Driver-Assistant နည်းပညာသစ် ၃၀ ကျော် ၊ Digital Instrument Cluster အသစ်တဲ့ ၊ Ford ဆီက ယူဆောင်ထားတဲ့ SYNC 4 Infotainment စနစ်တွေ ပါ ပါဝင်လာတော့မှာပါ။ အဆိုပါ စနစ်နဲ့ တွဲဖက်ဖို့ အတွက် ၁၂ လက်မအရွယ် Screen နဲ့အတူ Harman Kardon ရဲ့ အဆင့်မြင့် အသံစနစ် တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားသစ်ဝယ်ယူမယ့် သူတွေကလည်း ပုံစံ ၁၀ မျိုးအထိကို အလိုအလျောက် ချိန်ပေးထားနိုင် မယ့် ထိုင်ခုံတွေနဲ့ Fancy Trim Level ၂ ခု တို့ အကြား ရွေးချယ်နိုင်ဦးမှာပါ။ အဆိုပါ Trim တွေကတော့ လမ်းကြမ်းပိုင်းပိုအသား ပေးထား တဲ့ Panamericana နဲ့ သာမန်လမ်းကြောင်းတွေ အတွက် Aventura တို့ပဲ ဖြစ်ကြပါတယ်။ လက်ရှိ အချိန် အထိ သိထား ရသလောက် အရ ဆိုရင် တော့ အဆိုပါ ကားသစ်ဟာ နောက်ဆုံး ပေါ် မျိုးဆက်သစ် Ford Ranger ပေါ် အခြေခံ ဖန်တီးထားတာ ဖြစ်ပြီး တည်ဆောက်ပုံတွေ အတော်လေး အချိုးအစားအရ တူညီလာနိုင်ပါတယ်။ ဒါတင် မကသေးပဲ Greenhouse ၊ အမိုး ၊ ဘက်မှန်တွေနဲ့ ၊ တံခါးလက်ကိုင်တွေ ၊ လေကာမှန်တွေက အစ Ford ဆီက နေယူဆောင် ပေးလာမှာဖြစ်ပြီး ဒီဇိုင်းကတော့ အတွင်းရော အပြင်ပါ သီးသန့်ကွဲပြားလာမှာ ဖြစ်တယ် လို့သိရပါ တယ်။

Photo Credit: motor 1.com

ပိုပြီး အဆင့်မြင့်မယ့် Amarok Mk 2 ဟာဆိုရင်တော့ ၁၇ လက်မ ကနေ ၂၁ လက်မအထိ ဘီးတွေနဲ့လာမှာဖြစ်ပြီး Single Cab ဒါမှမဟုတ် Double Cab ပုံစံနဲ့လည်း ပွဲထွက်လာမှာပါ။ ဒါ့အပြင် Rear-Wheel Drive နဲ့ Four-Wheel Drive တို့အကြား ရွေးချယ်လို့ရအောင်လည်း စီစဉ်ပေးထားနိုင်ပြီး 4WD စနစ်ကတော့ ပုံသေထည့်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် အင်ဂျင်တွေ ဆိုရင်လည်း Four-Cylinder Engine နဲ့ Six-Cylinder Engine တွေဆိုပြီး ရွေးချယ်လို့ရလာ နိုင်ကာ ဓာတ်ဆီ အင်ဂျင်ပဲ ဆိုပေမယ့် ဒီဇယ်လည်း တစ်ချို့ အမျိုးအစားတွေမှာ ရလာနိုင်ပါသေးတယ်။ ဖြစ်လာနိုင် ချေ အများဆုံး အင်ဂျင်ကတော့ 3.0 Liter V6 TDI ဖြစ်ပြီး VW ဆီက TDI Engine လား ဒါမှမဟုတ် Ford Ranger ဆီကပဲလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ လာမယ့် ဇူလိုင် ၇ ‌ရက်နေ့မှာ တရားဝင် မိတ်ဆက်တော့မယ့် အဆိုပါ ကား သစ်ဟာ တောင်အာဖရိကရဲ့ Pretoria မှာ ထုတ်လုပ်လာနိုင်ပါတယ်။ လက်ရှိမျိုးဆက် Amarok ကားသစ်တွေကိုတော့ အာဂျင်တီးနား က Pacheco မှာ ရှိတဲ့ Volkswagen ရဲ့ စက်ရုံမှာ ထုတ်လုပ်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com