လေးခုမြောက် မျိုးဆက် Toyota Yaris ကားသစ် တွေကတော့‌ ရရှိနိုင်မယ့် ဈေးကွက်ပေါ်မူတည်ပြီး တံခါး ၃ ပေါက် ၊ ၅ ပေါက် Hatchback ဒါမှမဟုတ် High-Ride Yaris Cross ကားတွေအဖြစ် အမျိုးမျိုးကို ကွဲပြားနေမှာ ဖြစ်ပါတယ်။ တစ်ချို့သော ဈေးကွက် အနည်းငယ် လောက်မှာတော့ အဆိုပါ ကားသစ်ကိုမှ Gazoo Racing စွမ်းဆောင်ရည်မြင့် မျိုးကွဲတွေကိုလည်း ရနိုင်သေးတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တံဆိပ်ပြန်ပြောင်းထားတဲ့ Mazda 2 ကပါ ပုံစံတူ ရှိနေသေးပြီး တစ်ချို့သော ဈေးကွက်တွေထဲမှာတော့ Sedan ပုံစံနဲ့ပါ အဆိုပါကားကို မြင်လာရပါပြီ။ အခုဆိုရင်တော့ အဆိုပါ ကားပုံစံသစ်ကို မြင်ရတဲ့ ဈေးကွက် တစ်ရပ်အဖြစ် ထိုင်းနိုင်ငံ ဈေးကွက်ပါ ပါဝင်လာပြီ ဖြစ်ပါတယ်။ Yaris Ativ လို့ အမည်ရမယ့် ကားသစ်ကတော့ ကျစ်ကျစ်လစ်လစ်နဲ့ B-Segment ကားတစ်စီးဖြစ်ပြီး ဈေးကလည်း အတော်ကို သက်သာကာ Trim Level ပေါ်မူတည်ပြီး $ 15,300 ကနေ $ 19,500 အတွင်းသာ ကျသင့်မှာ ဖြစ်ပါတယ်။ Base Sport Model ‌မှာတောင်မှ ၁၆ လက်မအရွယ် အလွိုင်းဘီးတွေနဲ့ LED Headlights တွေ ပါဝင်နေပြီး ၈ လက်မ အရွယ် Touchscreen နဲ့ Start Button တွေလည်း ပါဝင်လာပါတယ်။ Infotainment Screen ပိုင်းကလည်း ၉ လက်မ အရွယ် အထိကို ရှိလာခဲ့ပြီး Dashcam နဲ့ အနောက်ဘက်မှာလည်း USB အပေါက်တွေကိုပါ ထည့် ပေးလာခဲ့ပါပြီ။

Photo Credit: motor 1.com

Premium Trim မှာဆိုရင်တော့ ကားမှာ Automatic Climate Control စနစ်နဲ့ အနောက်ခန်း သီးသန့်အဲကွန်းတွေပါ ပါဝင်လာခဲ့တာတွေ့ရပြီး Adaptive Cruise Control စနစ်ကိုလည်း မြင်ရမှာပါ။ Range အမြင့် ဆုံးသော Premium Luxury Trim မှာဆိုရင်တော့ Pioneer အသံ စနစ်ကိုပါ ရဦးမှာ ဖြစ်ပါတယ်။ Toyota အနေနဲ့ လုံခြုံရေးပိုင်းတွေကိုပါ အသေအချာ အားစိုက် ပေးထားတာဖြစ်ပြီး ယာဉ်တိုက်မှုကို ကြိုတင် အသိပေးနိုင်တဲ့စနစ် ၊ အရှေ့အနောက် Departure Alert သတိပေးမှုတွေကို Standard အနေနဲ့ ထည့်ပေးထားတဲ့ အပြင် High End Trim တွေမှာလည်း ပိုကောင်းတာတွေပါ ထည့်ပေးထားပါသေးတယ်။ Infotainment စနစ်အပိုင်းကို ကြည့်မယ်ဆိုရင်လည်း Apple CarPlay နဲ့ Android Auto စနစ်တွေ တစ်ပါတည်း ပါလာခဲ့သလို Ambient Lighting ပိုင်းမှာလည်း အရောင် ၆၄ ရောင် အထိ ရလာပါတယ်။ လယ်သာ ပိုင်းတွေကလည်း မူလအရသာ Upholstery တွေ အကုန်သုံးပေးထားပြီး Standard Fabric ထိုင်ခုံတွေ ‌ကနေ တစ်ဆင့် တိုးပေးထားတဲ့ သဘောဖြစ်ပါတယ်။ အပြင်ဘက် အပိုင်းမှာလည်း အမျိုးမျိုးသော အဆင့်မြှင့်တင် ရွေးချယ်စရာတွေ ရှိနေခဲ့ပြီး Stripes အသစ်တွေနဲ့ မတူညီတဲ့ Trunk Lid Spoilers အသစ် ၂ မျိုးကို ပါ ရွေးချယ် နိုင်ဦးမှာပါ။

Photo Credit: motor 1.com

သေချာတာကတော့ အခုကားကအမြန်ဆုံး Sedan ကားအနေနဲ့ ဖန်တီးထားတာတော့ မဟုတ်တာပါပဲ။ ဒါပေမယ့်လည်း Naturally Aspirated 1.2 Liter Four-Cylinder Engine ကို တပ်ဆင် ပေးထားတာကြောင့် 94 hp နဲ့ 81 lb-ft Torque အထိ စွမ်းဆောင်ထားနိုင်ကာ CVT Gear စနစ်နဲ့လည်း တွဲဖက် ပါဝင်ထားပါတယ်။ ကားမှာ Disc Brake အသစ်တွေ ပါဝင်လာခဲ့ပေမယ့်လည်း Sport Mode တော့ မရနိုင်ပဲ Suspension ပိုင်းတွေ ကလည်းအရှေ့ ဘက်မှာ MacPherson Strut နဲ့ အနောက်ဘက် Torsion Beam အမျိုးအစားတွေ အသုံး ပြုထားပါတယ်။ SUV အမျိုး အစားတွေပဲ အများဆုံး ရနိုင်ထားတဲ့ အခုခေတ် ကားလောကထဲမှာ တော့ Yaris Ativ လို ကားမျိုးကအတော်လေး ရွေးချယ်စရာ ကောင်းတဲ့ ကားတစ်စီး ဖြစ်လာနိုင်ပြီး ဥရောပဈေးကွက်မှာ ဆိုရင်တော့ Dacia Logan ရဲ့ ပြိုင်ဘက် ကားကောင်းတစ်စီး ဖြစ်လာနိုင်ပါတယ်။ ကားထုတ် လုပ်မှုတွေကိုတော့ ထိုင်းနိုင်ငံ မှာရှိတဲ့ Toyota Gateway စက်ရုံကြီးမှာ တပ်ဆင်ထုတ်လုပ်မှာဖြစ်ကာ နိုင်ငံပေါင်း ၃၅ နိုင်ငံ ဈေးကွက်တွေဆီ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

Ref: motor 1.com