Toyota ရဲ့ နာမည်ကျော် ကားတွေထဲက တစ်မျိုးဖြစ်တဲ့ Prius ရဲ့ ၅ ခုမြောက်ကားကို ဥရောပဈေးကွက်ထဲက နေစတင် မိတ်ဆက် ပေးလိုက်ပါပြီ။ နောက်ပိုင်းမှာ အမေရိက ဈေးကွက်ထဲ ဆက်တိုက် ဆက်လက် မိတ်ဆက်လာ နိုင်မယ့် အဆိုပါ ကားကတော့ အခု ဥရောပဈေးကွက် ထဲကနေတင် အကျိုးရှိတဲ့ အချက်အလက် တစ်ချို့သိလာ ရပါတယ်။ ဥရောပ ဈေးကွက်မှာတော့ အဆိုပါ ကားကို PHEV အနေနဲ့သာရနိုင်မှာ ဖြစ်ပြီး 2.0 Liter Four-Cylinder အင်ဂျင်ကြောင့် 220 hp အထိ စွမ်းဆောင်နိုင်မှာပါ။ ဒါဟာ ယခင် 1.8 Liter Four-Pot အင်ဂျင်နဲ့တုန်းက 121 hp ပဲ ရှိခဲ့တဲ့ ကားအဟောင်းထက် 99 hp အထိကို ပိုပြီး စွမ်းဆောင် လာနိုင်တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဘက်ထရီ ပိုင်းကလည်း ယခင် 8.8 kWh ပမာဏကနေ 13.6 kWh ဘက်ထရီအဖြစ် တိုးတက်လာခဲ့ပြီး ‌Range ကလည်း ယခင်ထက်ကို ၅၀% လောက်အထိ တိုးတက်လာ လိမ့်မယ်လို့ သိထားရပါတယ်။ အဆိုပါ ပမာဏ အတိုင်းသာ ဆိုရင်တော့ ဘက်ထရီ သီးသန့်နဲ့ မောင်းရင်ကိုပဲလက်ရှိ ၃၉ မိုင်အစား ၅၈.၅ မိုင်လောက်အထိ ဖြစ်လာ မှာ ပါ။ Prius Plug-In ကားမှာ ထူးခြားလာတာ တစ်ခုကတော့ ရွေးချယ်ဝယ်ယူလို့ ရမယ့်
ဆိုလာ အမိုးပါပဲ။ ဒါပေမယ့် ဒီအမိုးကြောင့် ကားရဲ့ Range ကို ဘယ်လို အကျိုးသက်ရောက်မလဲ ဆိုတာကိုတော့ မသိရသေးတာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ Design ပိုင်းအရ ကြည့်မယ်ဆိုရင်တော့ အပြောင်းအလဲ တွေနဲ့ အတူ လန်းလန်းဆန်းဆန်းအသွင် ဖြစ်လာပါတယ်။ အထူးသဖြင့် ကားရဲ့ အမိုးကို အနောက်ဘက် နည်းနည်း ပိုရောက်အောင် ယူထားပေးတာကြောင့် Coupe ပုံစံ ပိုဆန်လာခဲ့ပြီး အချိုးအစား တွေအရလည်း အမြင့် ၁.၉၆၉ လက်မ နဲ့ ဘီး ၂ ဘီး အကြား အကွာအဝေးကလည်း ပိုလာတာပါ။ အရှည်ကတော့ ယခင် မျိုးဆက်ထက်ကို ၁.၈၁၁ လက်မ အထိ တိုလာခဲ့ပြီး အကျယ်ကတော့ ၀.၈၆၆ လက်မ လောက်အထိ ပိုတိုးလာခဲ့ပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းမှာတော့ Island Architecture ဆိုတဲ့ ဒီဇိုင်းအသွင်ကို ယူဆောင်လာခဲ့ပြီး Surroundings ၊ Driver Module နဲ့ Floating Instrument Panel တို့ဆိုတဲ့ အပိုင်းတွေကို သီးသန့်ဆီ ခွဲပေးလာပါတယ်။ ကားအတွင်းခန်းကတော့ bZ4X Crossover လျှပ်စစ်ကားနဲ့ ဆင်တူနေပြီး ပိုတူတာကတော့ Dashboard ကနေ ကွဲထွက်နေတဲ့ Gauge Display ပါပဲ။ ကားရဲ့ အလယ်မှာတော့ Dash ကနေ ထွက်နေပြန်တဲ့ Infotainment Display ကို မြင်ထားရပြီး အများစုက Touchscreen နဲ့ပဲ ထိန်းချုပ်ရတာဖြစ်ကာ ခလုတ်ဆိုလို့ ညာဘက်အောက်ထောင့်နားမှာ ပါလာတဲ့ ဂီယာ Knob လေး ပဲ ရှိပါတယ်။ HVAC Control လေအေး ပေး စနစ်တွေ အတွက်တော့ ကျောက်ကပ်‌ပုံစံ ဒီဇိုင်းနဲ့ လေထွက်ပေါက်လေး တွေက Infotainment Screen ကနေ သီးခြားဖြစ်အောင် ခွဲပေးထားသလိုပါပဲ။ ကားရဲ့ အပူချိန် ထိန်းညှိဖို့အတွက် အဆိုပါ အပိုင်းထဲမှာ ခလုတ်တွေ ပါဝင်လာမှာဖြစ်ကာ အတွင်းခန်းအတွက် အပူချိန်ကိုလည်း ထိန်းပေးနိုင်ပါလိမ့်မယ်။ အခုဆိုရင်တော့ ဥရောပဈေးကွက် ကားအကြောင်းကို သိရပြီဖြစ်ပြီး မကြာမီမှာ အမေရိက ဈေးကွက် အတွက် ဘာတွေပြောင်းလဲလာဦးမလဲ စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com