ပြီးခဲ့တဲ့ မေလ ၂၀၂၀ မှာ တုန်းကတော့ Toyota ဟာ ဥရောပဈေးကွက် အတွက် Highlander အသစ်ကို လက်ရှိ Brand ရဲ့ အကြီးဆုံးသော SUV တစ်စီးအဖြစ် ချပြခဲ့ပြီး အခုဆိုရင်တော့ 2023 Model အဖြစ်ပါ ဈေးကွက်ထဲ ရောက်လာခဲ့ ပြန်ပါပြီ။ အခုဆိုရင်တော့ တစ်ချို့သော ဈေးကွက်တွေ အတွက် အင်ဂျင်အသစ် ၊ နည်းပညာအသစ်နဲ့ ရွေးချယ်စရာ အသစ် အသစ်တွေကို ပိုပြီး ထည့်ပေးလာတာပဲ ဖြစ်ပါတယ်။ 2023 Highlander အသစ်ကိုတော့ ဥရောပဈေးကွက်အတွက် စတင်မှာယူနိုင်ပြီဖြစ်ပြီး အခုနှစ်ရဲ့ စတုတ္ထ မြောက် ၃ လ ပတ် ကာလထဲမှာ ကားသစ်တွေ စတင်ရရှိ လာနိုင်ပါတယ်။ အခု ဥရောပ မော်ဒယ်မှာတော့ အမေရိက ဈေးကွက်ထဲက ကားအသစ်အတိုင်းပဲ 2.4 Liter Turbocharged Four-Cylinder Engine ကိုပြောင်းသုံး ပေးလာခဲ့ပြီး ယခင်က Naturally Aspirated 3.5 Liter V 6 Engine ရဲ့ နေရာကို အစားဝင်လာတာလည်း ဖြစ်ပါတယ်။ Toyota ကတော့ အဆိုပါ အင်ဂျင်အသစ်နဲ့ ဆိုရင် 269 hp အထိ စွမ်းဆောင်နိုင်မယ်လို့ သိရပြီး ယခင် အမေရိက ဈေးကွက်ထဲက ကားထက် 4 hp ကို ပိုပြီး များလာဦးမယ်လို့ ဆိုထား ပါတယ်။ ဒါ့အပြင် ကားရဲ့ Torque ပမာဏ ကလည်း 309 lb-ft လောက် အထိတော့ ရှိလာ နိုင်မယ်လို့ ခန့်မှန်း ရပြီး ယခင် အင်ဂျင်နဲ့ယှဉ်မယ် ဆိုရင်တော့ နံပါတ်တွေအရ အနည်းငယ်နိမ့်သွားပေမယ့်လည်း ကားရဲ့မြန်နှုန်းနဲ့ Torque အပိုင်းတွေမှာ ပိုမြန်လာလိမ့်မယ်လို့ ကုမ္ပဏီဘက်က အာမခံ ထားပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ဥရောပ ဈေးကွက် ထဲကဝယ်ယူ ချင်သူတွေအဖို့ စိတ်မကောင်းစရာ တစ်ချက်ကတော့အဆိုပါ 2.4 Liter Engine အသစ်ကို ဥရောပ အရှေ့ပိုင်းမှာပဲ ရနိုင်မှာဖြစ်ပြီး ဥရောပ အနောက်ဘက်ပိုင်း ဈေးကွက်တွေ ထဲမှာတော့ 2.5 Liter Atkinson-Cycle Gasoline အင်ဂျင်ကိုမှ အရှေ့ရော အနောက်ပါ လျှပ်စစ်မော်တာ တွေ ပေါင်းစပ်ထားတဲ့ Hybrid အနေနဲ့ပဲ ရောင်းချပေးမှာဖြစ်ပါတယ်။ အဆိုပါစနစ်ရဲ့ အမြင့်ဆုံး စွမ်းဆောင် ရည်ကတော့ 248 hp အထိ ရှိနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့ အတွက် Hybrid ဖန်တီးထားတာ ဖြစ် လို့ ကာဗွန်ထုတ်လုပ်မှု ကလည်း တစ်ကီလိုမီတာ ကို ၁၄၆ ဂရမ်ပဲ ရှိမယ်လို့ သိရပါတယ်။ ဒီပမာဏ ကတော့ Toyota ရဲ့ အခုကား Segment တွေထဲ အနိမ့်ဆုံး ပမာဏ ပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

အခု ဥရောပဈေးကွက် အတွက် နောက်ထပ် အရေးကြီးတဲ့ ပြောင်းလဲမှု တစ်ရပ်ကတော့ အတွင်းခန်းထဲက ၁၂.၃ လက်မ အရွယ် Infotainment System သစ်ကြီးပဲ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ စနစ်သစ် မှာ Cloud စနစ် အခြေစိုက် ထားတဲ့အချိန်နဲ့ တစ်ပြေးညီ ယာဉ်လမ်းကြောင်း အခြေစိုက်စနစ်တွေ ၊ OTA Software Update အသစ် တွေ ၊ မြို့ပြ မြေပုံတွေကို 3 D ပုံဖော် ပေးထားတာတွေ ၊ Camera Speed Location နေရာတွေနဲ့ အခြားသော အချက် အလက် အတော်များများကိုလည်း  အသုံးဝင်ဝင် ပြသလာနိုင် ပါပြီ။ 2023 Model အတွက်ကတော့ အသစ်တွေ များနေပြီး နောက်တစ်မျိုး အသစ်ကတော့ Instrument Cluster ဖြစ်ကာ အခုဆိုရင် ဒီဇိုင်းအသစ် ဖြစ်လာခဲ့ပါတယ်။ ကားရဲ့ ဒီဇိုင်းအသစ်မှာတော့ 3D Effect နဲ့ အတူ မတူညီတဲ့ ဒီဇိုင်း Theme ၄ မျိုးကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 2023 Highlander ကားသစ်တွေ မှာတော့ ကြိုးမဲ့ ဖုန်းအားသွင်း စနစ်တွေအပြင် Apple CarPlay စနစ်ကိုပါ ကြိုးမဲ့ ဖန်တီး ပေးလိုက်ပါပြီ။ ဒါပေမယ့် Android Auto စနစ်ကတော့ ကြိုးနဲ့ချိတ်ရဦးမှာ ဖြစ်ကာ ကားကို အဝေးကနေ Lock Unlock လုပ်တာတွေနဲ့ မီးအဖွင့်အပိတ် တွေကို အဝေးကနေကို ထိန်းချုပ်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com