Toyota ကတော့ 2023 GRMN Supra ကားမှာ BMW M Competition ကားရဲ့ Twin-Turbocharged Six-Cylinder Motor ကိုအသုံးပြုလာဖို့ စီစဉ်နေတယ်လို့ Spyder7 ဆီက သတင်းကြောင့် အဆိုပါကားနဲ့ ပတ်သက်ပြီး ကာလရှည်ကြာ စောင့်မျှော်နေသူတွေအတွက် မျှော်လင့်ချက်တွေ ပြန်လည်အသက်ဝင်လာခဲ့ ပါတယ်။ Gzaoo Racing Meister Of Nurburgring (GRMN) ရဲ့ အဓိက ပန်းတိုင်ကတော့ ယခုနှစ်အ စောပိုင်းက ထုတ်ဖော်ပြသခဲ့တဲ့ GRMN Yaris လိုမျိုး Toyota ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ကားတွေ ကို ဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအတိုင်းသာ BMW ရဲ့ Powerplant ကိုသာ တပ်ဆင်လိုက်မယ်ဆိုရင် Supra ကားရဲ့ စွမ်းအင် နဲ့ စွမ်းဆောင်ရည် ၂ မျိုးစလုံးက သိသိသာသာ မြင့်တက် သွားမှာ အသေအချာပါပဲ။

Photo Credit: AllAutoExperts

Spyder 7 ရဲ့ အဆိုအရတော့ GRMN Supra ကားက 530 hp စွမ်းဆောင်ရည်ရှိတဲ့ M4 Competition ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Version ကို ရရှိလာမှာဖြစ်ပြီး GRMN ကားမှာတော့ ဘယ်လောက် စွမ်းဆောင်လာ နိုင်မယ် ဆိုတာကို ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ သတင်းတွေအတိုင်းသာ အမှန်ဖြစ်လာမယ် ဆိုရင်တော့ M Competition ကားတွေက All-Wheel Drive စနစ်နဲ့သာ ရရှိနိုင်တာကြောင့် Supra ကား မှာ လက်ရှိရရှိနေတဲ့ Front-Engine Rear-Drive Configuration နဲ့ မရရှိနိုင်တော့ပဲ All-Wheel Drive စနစ်နဲ့ မောင်းနှင်နိုင်မယ့် Supra ကားတစ်စီး အဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။ အလေးချိန်ကို လျော့ချနိုင်ဖို့ အတွက်တော့ GRMN Supra ကားမှာ ကြီးမားတဲ့ Hood Scoops နဲ့ ကာဗွန်ကိုယ်ထည်တွေ ပါဝင်လာနိုင် သလို ပုံရိပ်တွေထဲမှာ Muscular Front Fascia နဲ့ ကြီးမားတဲ့ အနောက်ဖက် တောင်ပံကြီးတစ်ခုကိုလည်း တွေ့မြင်ရမှာပါ။

Photo Credit: AllAutoExperts

အဆိုပါကားက Basic Model ထက်ပိုမို နိမ့်ပြီး ကျယ်ပြန့်လာနိုင်ပေမယ့် အပြင်ပိုင်း စတိုင်နဲ့ပတ်သက်ပြီး အသေးစိတ်ကို သိရှိရခြင်းမရှိသေးပါဘူး။ 2022 Supra 3.0 ကားကတော့ 382 hp နဲ့ 368 lb-ft Torque အထိ စွမ်းဆောင်နိုင်ကာ 0-62 mph အထိ အရှိန်တင်နိုင်ဖို့ အချိန် ၃ စက္ကန့်အောက်သာ ကြာမြင့်တာပါ။ GRMN Supra ကားကတော့ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ထွက်ရှိလာနိုင်ပြီး ခန့်မှန်း ဈေးနှုန်းအနေနဲ့က တော့ ဒေါ်လာ 80,695 ဝန်းကျင်ကျသင့်နိုင်ကာ အရေအတွက် အကန့်အသတ်နဲ့သာ ထွက်ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts