Toyota ရဲ့ Avalon ကားက အဆုံးသတ်သွားတဲ့ အချိန်မှာပဲ လှည့်ကွက်တစ်ရပ်အနေနဲ့ 2023 Toyota Crown ထွက်ပေါ်လာပါတယ်။ Crown အသစ်ကတော့ Crossover တစ်စီးရဲ့အမြင့် ၊ Full-Size Sedan တစ်စီးရဲ့ အချိုးအစားတွေနဲ့ Hybrid အင်ဂျင်တွေတွဲဖက်ပြီး Avalon မျိုးဆက်သစ်လိုကို ထွက်ပေါ်လာခဲ့တော့ တာ ဖြစ်ပါတယ်။ အခု Crown အသစ် တစ်မျိုးချင်းစီမှာတော့ Hybrid နဲ့ All-Wheel Drive စနစ်တွေ ပါဝင်လာမှာဖြစ်ပြီး XLE Model နဲ့ Limited Edition တွေကို 2.5 Liter Inline-4 နဲ့ ပွဲထွက်လာကာ အနောက်ဘက်မှာ လျှပ်စစ်မော်တာတွေ ပါဝင်လာ ပါသေးတယ်။ All-Wheel Drive စနစ် သုံးလာပေမယ့် စွမ်း ဆောင်ရည် အချက်အလက်တွေကို မပြောကြားထား သေးပဲ Fuel Economy အပိုင်းအနေနဲ့ ကတော့ ယခင် Avalon ကားထက် နည်းနည်း ပိုတိုးတက်လာပါ တယ်။ Drive Modes တွေ အနေနဲ့လည်း Eco ၊ Normal ၊ Sport နဲ့ EV တွေဆိုပြီး စိတ်ကြိုက်ရွေးချယ် မောင်းနှင်နိုင်ပါသေးတယ်။

Photo Credit: MotorAuthority

Platinum Trim Model တွေမှာတော့ 2.4 Liter Turbo-4 Engine ကို လျှပ်စစ်မော်တာ ၂ လုံးနဲ့ တွဲဖက်ထားပြီး 6- Speed Automatic Transmission နဲ့ အတူ 340 hp အထိ စွမ်းဆောင်ထားနိုင်ပါတယ်။ Turbocharged Power Mode နဲ့ ကားကို မောင်းမယ် ဆိုရင်တော့ သာမန် EV Drive Mode ကို ‌သုံးလို့ မရတော့ပေမယ့် စွမ်းဆောင်ရည် ပိုကောင်းတဲ့ Sport+ ၊ Comfort နဲ့ Custom Mode တွေဆိုပြီး ရရှိလာမှာပါ။ ဒါဆိုရင် Avalon ကိုပဲ အခြေခံပြီး နည်းနည်း လေး ပြောင်းပေးလာတာလား ဆိုရင်တော့လည်း မဟုတ်ပါဘူး။ Toyota ရဲ့ TNGA-K Platform အသစ်ကို သုံးထားပြီး Crown Sports ကားမှာဆိုရင် Wheelbase အပိုင်းက ၁၁၂.၂ လက်မရှိကာ ၊ အရှည် ၁၉၄ လက်မနဲ့ အကျယ် ၇၂.၄ လက်မ ရှိနေတာ ဖြစ်ပါတယ်။ ဒီ အချိုးအစားတွေ အရ‌ကတော့ Full-Size Sedan တစ်စီးနီးပါး သတ်မှတ်လို့ ရနေပြီ ဖြစ်ပေမယ့် တစ်ခုမတူတဲ့ အပိုင်းကတော့ ၆၀.၆ လက်မ အထိ မြင့်တဲ့ ကားအမြင့် အပိုင်းပါပဲ။ ဒီ အခြေအနေဟာ ယခင် Avalon နဲ့ Camry တို့ထက် ၄ လက်မလောက် ပိုမြင့်တာဖြစ်ပြီး အောက်ဘက်က မြေပြင်ကင်းလွတ် အမြင့်ကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ကားသစ် မှာ ထူးခြားတာကတော့ Multi-Link Rear Independent Suspension စနစ်ကို ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဘီးတွေ အနေနဲ့ကတော့ အနိမ့်ပိုင်း XLE နဲ့ Limited Trim တွေထဲမှာဆိုရင် ၁၉ လက်မ ဘီး တွေရမှာဖြစ်ကာ အမြင့်ပိုင်း Platinum Trim တွေကိုတော့ Adaptive Dampers တွေ ပါလာတဲ့ ၂၁ လက်မ အရွယ် ဘီးတွေ သုံးပေးထားပါတယ်။

Photo Credit: MotorAuthority

အခု Crown အသစ်ရဲ့ အနေအထားကတော့ Venza Crossover SUV ပထမဆုံး မျိုးဆက်နဲ့ Avalon Sedan နောက်ဆုံး သော ကားတွေ အကြားမှာ ရွေးချယ် စရာလိုမျိုး ထွက်လာတာဖြစ်ပြီး Toyota နောက်ဆုံးပေါ် ဒီဇိုင်းဖြစ်တဲ့ Fastback အသွင်ကိုလည်း မြင်နေရပါတယ်။ ကားကတော့ ကြည့်လိုက်ရင် Hatchback လို ထင်နိုင်ပေမယ့် တကယ် ကတော့ Sedan ကိုပဲ နောက်အမြင့်ပိုင်းဖြစ်ကာ ကြည့်ရတာ ခန့်ခန့်ညားညားတော့ ရှိဆဲပါပဲ။ ဒါ့အပြင် Platinum Models အမြင့် တွေမှာတော့ ပို‌လှတဲ့ ၂ ရောင်စပ်‌ကို ရရှိနိုင်ဦးမှာပါ။ ကားရဲ့ အတွင်းခန်းမှာတော့ ထိုင်ခုံတွေကအစ ယခင်ထက် ၄ လက်မ လောက် ပိုမြင့်လာတဲ့ ခပ်မြင့်မြင့် ဒီဇိုင်းပိုင်းတွေ သုံးထားပြီး ၁၂.၃ လက်မ အရွယ် Digital Cluster ကို ၁၂.၃ လက်မအရွယ် Touchscreen Infotainment Display နဲ့ ပေါင်းစပ် ပေးထားပါ တယ်။ XLE လို မော်ဒယ်အနိမ့်တွေမှာ တော့ ပိတ်စသားနဲ့ Suede Upholstery တွေကိုသုံးထားပြီး Limited နဲ့ Platinum Models အမြင့်တွေမှာ ဆိုရင်တော့ လယ်သာအစစ် ၊ Panoramic Sunroof ကြီးနဲ့ စပီကာ ၁၁ လုံးပါ JBL အသံ စနစ်တွေကို ထည့်ပေးထားပါတယ်။ ဒါ့အပြင် Platinum Models တွေကို ဝယ် မယ့်သူတွေအဖို့ Cooled Front Seats ထိုင်ခုံတွေနဲ့ ၊ Surround-View Camera စနစ်တို့အပြင် ဒီဂျစ်တယ်ကားသော့ တွေလည်းရဦးမှာပါ။ ကြိုးမဲ့ Apple CarPlay နဲ့ Android Auto စနစ် တွေ ၊ လမ်းညွှန်စနစ် ၊ ကြိုးမဲ့ဖုန်းအားသွင်း စနစ်တွေ အပြင်  OTA Update တွေလည်း ဆက်တိုက်ရနေဦးမှာ ဖြစ်ပါတယ်။ Crown ကား အမျိုးအစား တိုင်းမှာတော့ Toyota Active Safety နည်းပညာတွေကို လုံခြုံရေး အတွက် အသားပေးသုံးထားပြီး အလိုအလျောက် အရေးပေါ် ဘရိတ်စနစ် ၊ လမ်းသွားလမ်းလာတွေကို ထောက်လှမ်းသိရှိနိုင်တဲ့စနစ် ၊ Cross-Traffic Alert စနစ်တို့အပြင် Adaptive Cruise Control စနစ် ၊ လမ်းကြောင်း အလိုအလျောက် ထိန်းပေးတဲ့ စနစ်နဲ့ Blind-Spot Monitor စနစ်တွေလည်း အစုံအလင် ပါဝင်လာမှာပါ။ ဒါ့အပြင် Platinum Models တွေမှာတော့ အလို အလျောက် ကားပါကင် ထိုးပေးတဲ့ စနစ်တောင် ပါရှိလာပါပြီ။ Toyota ကတော့ အဆိုပါ ကားသစ် တွေကို အခုနှစ်နှောင်းပိုင်းမှာ စတင်ရောင်းချ လာမယ်လို့ ဆိုထားပြီး ရောင်းချခါနီးမှသာ ဈေးနှုန်းတွေ ကြေညာပေးမှာ ဖြစ်ကာ ဂျပန်မှာပဲ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Ref: MotorAuthority