ဂျပန် ဈေးကွက်အတွက် Toyota Corolla ကားသစ်တွေကတော့ အရှေ့ဘက် မီးကြီးပိုင်း အပြောင်းအလဲ အနည်းငယ်နဲ့အတူ Grille ပုံစံ သစ်လေးတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကားရဲ့ အရှေ့ဘက်မှာလည်း ယခင် မော်ဒယ် တွေထက် ပိုကြီးတဲ့ C-Room ရဖို့အတွက် တံဆိပ်ကို ပြောင်းပေးလာ ခဲ့ပါတယ်။ ‌အနောက်ဘက် က Tailgate ပေါ်မှာ ကတော့ ယခင်အတိုင်း Corporate Logo ကိုပဲ ဆက်သုံး ပေးထားပြီး ကားရဲ့ အရှေ့ ရော အနောက်ရောမှာ တူတာ ကတော့ လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားတယ် ဆိုတာကို ကိုယ်စားပြုနိုင်မယ့် အပြာရောင် Accents လေးတွေပါပဲ။ အဆိုပါ ၁၂ ခုမြောက် မျိုးဆက်ကားကိုတော့ ၂၀၁၈ ကတည်းက ထုတ်လုပ်လာနေခဲ့တာဖြစ်ပြီး အခုချိန် အထိတော့ ပြည်တွင်း ဈေးကွက်ထဲမှာ နည်းနည်းစီ ပုံစံပြောင်းပေးနေဆဲ ဖြစ်ပါတယ်။ အသေးစိတ် ကြည့်ရမယ် ဆိုရင်တော့ အခု ကားသစ်တွေမှာက လျှပ်စစ်မော်တာနဲ့အတူ 1.8 Liter Engine သုံးပြီး Hybrid တွေ ဖြစ်လာ ခဲ့ပါတယ်။ အခုလို အင်ဂျင်စနစ် ပြောင်းလိုက်တာကြောင့် 1.5 Liter ပဲဖြစ်ဖြစ် 2.0 Liter Gasoline Engine ပဲဖြစ်ဖြစ် ယခင်ထက် ပိုဆီစား သက်သာလာမှာပါ။ ဒါ့အပြင် ကားရဲ့ အပြင်ဘက်ကိုယ်ထည် အရောင်အသစ် တွေလည်း ပါလာတာကြောင့် ယခင်ထက်တော့ ရွေးစရာပိုစုံလာဖို့ ရှိနေပါတယ်။

Photo Credit: motor 1.com

ပိုကောင်းသွားတာကတော့ ကားအတွင်း ၈ လက်မ အရွယ် Infotainment screen ကို Apple CarPlay ပါ တစ်ပါတည်းရတဲ့ ၁၀.၅ လက်မ အရွယ် Screen အကြီးစားအဖြစ် ရသွားတာပါပဲ။ ကားတန်ဖိုးထက် ပိုပေး ပြီးဝယ်လို့ ရသေးတဲ့ ဝန်ဆောင်မှုတွေ ထဲမှာတော့ ကားအတွင်း ဝိုင်ဖိုင်စနစ်ပါဝင်လာပြီး တစ်ချို့ Trim Level တွေမှာ ဆိုရင် အရှေ့ရော အနောက်ပါ တပ်ဆင်လို့ရမယ့် ပါကင် Sensor တွေ ပါဝင်လာပါတယ်။ Safety Kit အသစ် ကိုလည်း ထပ်ထည့် ပေးထားပြီး အဆိုပါစနစ်သစ်မှာဆိုရင် Proactive Driving Assist ဆိုတဲ့ နည်းပညာတစ်မျိုးလည်း ရရှိလာမှာပါ။ အဓိက ကတော့ အဆိုပါ နည်းပညာဟာ ကားမောင်းနေရင်း လမ်းသွားလမ်းလာတွေ ၊ စက်ဘီးတွေနဲ့ ရပ်ထားတဲ့ ယာဉ်တွေနဲ့ အရမ်းကပ်သွားတဲ့အခါမျိုးမှာ စတီယာတိုင်ကို ဘေးကင်းမယ့်ဘက် လှည့်ပြီး အလိုအလျောက် ဘရိတ်ဖမ်းပေးနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် အခု 2023 Corolla JDM Version တွေ အကုန်လုံးမှာ OTA Update တွေ ဆက်ရဦးမှာဖြစ်လို့ ဝယ်ယူပြီးရင်တောင် နောက်ပိုင်းအချိန် အတော် ကြာကြာအထိ အဆင့်မြင့် လုံခြုံရေးစနစ်တွေကို အာမခံ ပေးနိုင်ပါတယ်။ အဆိုပါ OTA Update တွေကနေ နောက်ပိုင်းရလာမယ့် စနစ်သစ်တွေမှာဆိုရင် အဝိုင်းတို့လမ်းဆုံတို့ကို ဖြတ်နေချိန်မှာ ရုတ်တရတ်ကားဝင်လာ တာတို့ ဘာတို့ဆိုရင် ကားကို အန္တရာယ်ကင်းတဲ့ဘက် အလိုအလျောက် ပို့ပေးမယ့် ယာဉ်တိုက်မှု ကြိုတင်ကာကွယ်စနစ်လို အဆင့်မြင့်စနစ်တွေ ပါဝင်နေမှာပါ။

Photo Credit: motor 1.com

အခု ကားသစ်တွေရဲ့ ဈေးနှုန်းတွေကတော့ $ 13,700 ကနေ $ 20,700 အကြားမှာ အစားစား ရှိလာနိုင်ပါတယ်။ Touring လို့ လူသိများတဲ့ Wagon ကိုယ်ထည် ကားမျိုးကွဲကတော့ $ 14,200 ဝန်းကျင်ကနေ $ 21,000 လောက် အထိဈေးရှိလာမှာပါ။ ဒါ့အပြင် Sport အနေနဲ့ ရောင်းချတဲ့ Hatchback ကား ဆိုရင်တော့ $ 15,100 ကနေ $ 20,000 အတွင်း စသဖြင့် ရွေးချယ်စရာအစုံ ရှိနေမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com