2023 Model တွေအတွက် Toyota Corolla Hybrid SE ကားသစ်တွေကို မိတ်ဆက်ပေးအပြီးမှာတော့ အခုဆိုရင် Toyota ကနေ နောက်ထပ် အထူးထုတ်မော်ဒယ် တစ်ခုအဖြစ် Infrared Edition အသစ်တစ်မျိုး ကို ထုတ်လုပ် ပေးလိုက်ပြန်ပြီ ဖြစ်ပါတယ်။ အဆိုပါ Edition အသစ်ကိုတော့ Ice Cap၊ Midnight Black Metallic အရောင်တို့နဲ့ ရနိုင်မှာဖြစ်ပြီး ကားအောက်ဘက်ပိုင်းတွေ တစ်လျှောက်ရဲ့ ဘန်ဘာနဲ့ Side Skirts တွေမှာ အနီရောင် Highlights လိုင်းလေးတွေကိုလည်း ထည့်ပေးထား ပါသေးတယ်။ ကားမှာ အသစ်ပါဝင်လာမယ့် ၁၈ လက်မအရွယ် Gloss Graphite Alloy ဘီးတွေကလည်း SE Model တွေအတွက် Standard ဖြစ်လာကာ အတော်လေးလည်း လိုက်ဖက် ကြည့်ကောင်းနေတာ တွေ့ရမှာပါ။

Photo Credit: AllAutoExperts

အတွင်းခန်းမှာတော့ ကားရဲ့ အပြင်မှာ မြင်ခဲ့ရတဲ့ အနီရောင်လိုင်း အသေးစိတ် ‌အပြင်အဆင် လေးတွေကို ကြမ်းခင်းတွေ၊ တံခါး ဘောင်တွေ ၊ ဂီယာအုံနဲ့ ထိုင်ခုံတွေအထိဆက်ပြီး မြင်တွေ့ရမှာပါ။ SE Model အနေနဲ့ အရှေ့ ဘက် ထိုင်ခုံတွေကို Bolstered ဒီဇိုင်း၊ Smart Key နဲ့ ဝင်ရတဲ့ စနစ် စတာတွေနဲ့ ထည့်သွင်းပေးထားတဲ့အပြင် ၈ လက်မ အရွယ် Toyota Audio Multimedia စနစ်ကိုလည်း ရရှိ နိုင်ပါသေးတယ်။ အဆိုပါ စနစ်နဲ့ တွဲဖက်ပြီး Toyota ရဲ့ ကိုယ်ပိုင် Cloud Navigation လမ်းညွှန်စနစ်၊ OTA Software Update စနစ်တွေအပြင် Hey,Toyota လို့ အသံနဲ့ ခိုင်းစေလို့ ရမယ့် Intelligent Assistant စနစ်တွေ စသဖြင့် တော် တော်လေးကို စုံစုံလင်လင် ထည့်သွင်းပေးထားပြီ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

စက်ပိုင်း ဆိုင်ရာမှာတော့ 1.8 Liter Four-Cylinder Engine ကို တပ်ဆင်ထားပြီး Hybrid ဖြစ်တာကြောင့် Lithium- Ion ဘက်ထရီ အသေးတစ်လုံးကိုလည်း တွဲဖက် ပေးထားပါသေးတယ်။ အခု Hybrid စနစ် အတွက် အဓိကကျတာ ကတော့ Two Motor Generators စနစ်ဖြစ်ပြီး အခြားသော ကားတွေအတိုင်း အခု Infrared Edition အသစ်မှာလည်း သုံးပေးလာတာ တွေ့ရပါတယ်။ အခုစနစ်တွေအားလုံး ပေါင်းစပ်ပေး လိုက်တာကြောင့် 134 hp နဲ့ 156 lb-ft Torque ဆိုတဲ့ စွမ်းဆောင်ရည် ကောင်းတစ်ရပ်ကို ရလာနိုင်တာ တွေ့ရတာပဲ ဖြစ်ပါတယ်။ အခုမြင်ရတဲ့ အထူးထုတ် အသစ် အတွက် ဈေးနှုန်း အတိအကျကို မသိရသေးပေ မယ့်လည်း အတော်လေးတော့ ရွေးချယ်စရာ ကောင်းလာမယ့် ကား တစ်စီး ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။

Ref: AllAutoExperts