အရွယ်အစား အလယ်အလတ်ရှိတဲ့ Toyota Camry ကားကတော့ သက်တမ်းနှစ် ၄၀ အထိရှိလာပြီ ဖြစ်တာ ကြောင့် အခု ၂၀၂၃ မော်ဒယ်အသစ် မှာ ဆိုရင် Nightshade Edition အသစ်နဲ့ အတူ ပွဲထွက်လာပါတယ်။ အဆိုပါ Package ကတော့ ၂၀၂၁ မှာတုန်းက ကားရဲ့ ၅ % လောက် အထိ ရောင်းချခဲ့ ရပြီး 2022 Model မှာတော့ ၇ % လောက်အထိ ဝယ်လို အားထပ်တက်လာ ခဲ့တာပါ။ အခုလို ရောင်းအား ကောင်းနေတဲ့ Package အသစ်ကို ပိုပြီး အဆင်ပြေစေဖို့ အတွက် အခုကားမော်ဒယ် အသစ်မှာတော့ Nightshade Mood ၃ မျိုး နဲ့ ဖန်တီးပေးလာပြီး Midnight Black ၊ White နဲ့ Reservoir Blue တို့အပြင် အရောင်အသစ် တို့ကို ရွေးချယ်နိုင်အောင် ထည့်ပေးလာခဲ့ပါတယ်။ အင်ဂျင်က‌လည်း Four-Cylinder အင်ဂျင်ကိုမှ Front-Wheel Drive အနေနဲ့ရော All-Wheel Drive အနေနဲ့ပါ မောင်းနိုင်တာကြောင့် အတော်လေး အဆင်ပြေတဲ့အပြင် Hybrid စနစ်လည်း ရပါသေးတယ်။ ဒီဇိုင်းပိုင်းမှာ ဆိုရင်လည်း အနက်ရောင် Grille ပုံစံ အသစ်ကိုမှ ပိုပြီး Aggressive ဖြစ်တဲ့ အသွင်ကို Camry TRD ထံကနေ တိုက်ရိုက် ယူသုံးပေးလာတာပါ။ ယခင် တုန်းက တော့ အနက်ရောင် Spoiler တွေ ၊ ဘက်မှန်တွေအပြင် ဘက်တံဆိပ်တွေကိုလည်း အနက်ရောင် အနေနဲ့ အခု Package ကိုဖန်တီးခဲ့ဖူးတာဖြစ်ပါတယ်။ 2023 Model အတွက်ကတော့ အနက်ရောင်အစင်း ကြောင်း လေးတွေ ပါတဲ့ Headlight နဲ့ Taillight တွေ သုံးပေးထားပြီး မီးခွက်တစ်ခုလုံး နက်မှောင်နေမယ့် ပုံစံကို လည်းအားဖြည့် ပေးထားပါ သေးတယ်။

Photo Credit: motor 1.com

အဆိုပါ Camry Nightshade Version ရဲ့ဘီးတွေကလည်း Matte Bronze ပါဝင်တဲ့ ၁၉ လက်မအရွယ် ဘီးတွေ သုံးပေးထားကာ SE Trim ကိုလည်း Sports ဆန်ဆန် Tuning ပြန်လုပ် ပေးထားတဲ့ Suspension တွေ ပြောင်းပေးထား ပါသေးတယ်။ သာမန် Sedan ကားတွေနဲ့ မတူပဲ ပိုပြီး သိသိသာသာကွဲထွက်ကာ လူငေးခံရမယ့် အသွင်သဏ္ဍာန်မျိုး ကို အခု ကားအသစ်ရဲ့ Package မှာ အဓိက ဖန်တီး ပေးထားတယ်လို့ လည်း Toyota က ဆိုထားတာပါ။ 2023 Model အတွက်တော့ အခု ကားအသစ်မှာ Trim Level တွေရော အင်ဂျင်တွေပါ စုံစုံလင်လင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Four-Wheel Drive စနစ်ရတဲ့ Trim Level ၅ မျိုးနဲ့ All-Wheel Drive ရတဲ့ Grade ၅ မျိုး ဖြစ်တဲ့ LE၊ XLE၊ SE၊ SE Nightshade နဲ့ XSE တို့ ကိုလည်း စိတ်ကြိုက် ရွေးနိုင်မှာပါ။ Hybrid Model အတွက်ကိုလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ပေးထားတာ ကြောင့် Trim Level ၅ ခု အတိုင်းပဲ အင်ဂျင်စွမ်းအင် သုံးစွဲနှုန်းက တစ်ဂါလံကို ၅၂ မိုင် လောက်ရတဲ့ အထိ အလုပ်ဖြစ်လာပါပြီ။ ဒါ့အပြင် Range အမြင့်ဆုံး မော်ဒယ် ၃ မျိုး အနေနဲ့တော့ V 6 Engine တွေသုံးကာ ပွဲထွက်လာတာဖြစ်ပြီး အဆိုပါ ကားတွေကတော့ XLE ၊ XSE နဲ့ Performance TRD တို့ဆိုတဲ့ ကားတွေ ဖြစ်ကြပါတယ်။ ပိုအရေးကြီးတဲ့ တစ်ချက်ကတော့ အခုထွက်လာတဲ့ ကားအသစ်တိုင်းမှာ အင်ဂျင်တွေ Trim တွေ မရွေး ပဲ ကားတိုင်းက IIHS က သတ်မှတ်တဲ့ လုံခြုံရေးအဆင့် ထိပ်တန်း Top Safety Pick + အဆင့် ကို ရထားတာပါပဲ။

Photo Credit: motor 1.com

အင်ဂျင်အကြောင်း ပြောရမယ်ဆိုရင်တော့ အဆိုပါ Sedan က  2.5 Liter Four-Cylinder Engine ကို အခြေခံ ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ထပ်‌ရွေးချင် သေးတယ် ဆိုရင်တော့ 3.5 Liter V6 Engine ရှိနေပါ တယ်။ အဆိုပါ အင်ဂျင်နှစ်လုံးကတော့ 203 hp နဲ့ 310 hp တို့ ဆိုပြီး စွမ်းဆောင်ရည် အသီးသီး ရှိကြပါ တယ်။ ဂတ်စ်အင်ဂျင်သုံး အဆိုပါ ကားအတော် များများမှာဆိုရင်တော့ Standard အနေနဲ့ Eight-Speed Automatic Transmission ဂီယာ တွေ ကို ရကြမှာဖြစ်ပြီး 2.5 Liter Atkinson Cycle Engine ပါတဲ့ ကားမှာဆိုရင်တော့ Camry ရဲ့ Hybrid စနစ်ကြောင့် 208 hp အထိကို စွမ်းဆောင် ထားနိုင်မှာပဲ ဖြစ်ပါ တယ်။

Ref: motor 1.com