၂၀၁၁ ကတည်းက ပထမမျိုးဆက် ထွက်ရှိထားတဲ့ Toyota Aqua ဆိုတာကတော့ ဂျပန်ဈေးကွက်ရဲ့ Prius ကားအစား အခြားဈေးကွက်တွေအတွက် တံဆိပ်ပြောင်းပေးထားတဲ့ ကားတစ်စီးပဲ ဖြစ်ပါတယ်။ မနှစ်က ဆိုရင် Yaris ကားနဲ့ Platform အတူတူသုံးပြီး ပုံစံအသစ်နဲ့ ထွက်လာခဲ့သေးကာ Supermini ကားထက် နည်းနည်း ပိုရှည်တဲ့ ပုံလည်း ပေါက်ပါတယ်။ အခု 2023 Version အသစ်မှာတော့ ပိုကောင်းတဲ့ GR Sport မျိုးကွဲကိုပါ ရရှိလာခဲ့ပါပြီ။ တကယ်တော့ ယခင် မျိုးဆက်ကတည်းက GR Treatment ကို ၂၀၁၇ မှာ တစ်ခေါက်ရခဲ့ဖူးပြီး အခြားသော Midrange GR နဲ့ Flagship GRMN တွေလောက် မဟုတ်တာကြောင့် သိပ်တော့ အထွေအထူး မရှိခဲ့တာပါ။ အခု တစ်ခေါက်မှာတော့ Hardware ပိုင်း အပြောင်းအလဲ တစ်ချို့ရှိလာနေခဲ့ပြီး Electric Power စတီယာတိုင် ဖြစ်သွားတာကြောင့် ထိန်းရတာလည်း ပိုကောင်းစေမှာပါ။ အရှေ့နဲ့အနောက်က Suspension ပိုင်းတွေက အစ ပြောင်းပြီး အဆင့်မြှင့်ပေးထားလိုက်တာကြောင့် Multi-Link ပုံစံနဲ့အတူ ပိုမောင်းကောင်းတဲ့ အရသာကို ပေးလာ နိုင်ပါလိမ့်မယ်။

Photo Credit: motor 1.com

ကားသစ် ရဲ့ အောက်ဘက်ပိုင်းမှာတော့ Bracing အပိုတွေ ထည့်သွင်းပေးထားပြီး အနောက်ဘန်ဘာ ကိုလည်း အကွေ့အကောက်တွေမှာ အရှိန်နဲ့မောင်းတဲ့အခါ အဆင်ပြေအောင် ပြင်ဆင်ပေးထားပါတယ်။ ထူးခြား တာ ကတော့ Three-Pot Engine နဲ့ လိုက်ဖက်မယ့် စွမ်းဆောင်ရည်ကို ထိန်းတဲ့နေရာမှာ ပိုကောင်းတဲ့စတီယာတိုင် တုံ့ပြန်မှု ကောင်းရဖို့ အတွက် Power+ Mode ဆိုတာ ပါဝင်လာပါသေးတယ်။ ကားရဲ့ ကိုယ်ထည် ပိုင်းကလည်း ၁၇ လက်မအရွယ် သီးသန့်ဘီးတွေနဲ့အတူ ပိုပြီး Aggressive ဖြစ်တဲ့ ကိုယ်ထည်မြင်လာရပါတယ်။ အတွင်းခန်း ပိုင်းမှာလည်း GR တံဆိပ်နဲ့ လယ်သာထိုင်ခုံတွေကို Fabric နဲ့ ပေါင်းစပ်ဖန်တီး ပေးထား ပါတယ်။ နောက်ထပ်အပြောင်းအလဲတွေ အနေနဲ့ကတော့ အလူမီနီယံခြေနင်းတွေ ၊ Three-Spoke စတီယာတိုင်နဲ့ အနက်ရောင် Accents အသစ်တွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု Aqua GR Sport Trim မှာတော့ Front-Wheel Drive နဲ့ပဲ ရနိုင်တယ် ဆိုပေမယ့် အခြားသော Trim တွေမှာ ဆိုရင်တော့ AWD ရနိုင်ပါလိမ့်မယ်။ အင်ဂျင်ပိုင်းကတော့ Three-Cylinder 1.5 Liter ဓာတ်ဆီ အင်ဂျင်ကိုပဲသုံးထား ပြီး 91 hp နဲ့ 89 lb-ft Torque အထိကို စွမ်းဆောင် နိုင်ပါလိမ့်မယ်။ GR Lineup တွေထဲမှာတော့ Copen ၊ Yaris ၊ C-HR ၊ Hilux နဲ့ Land Cruiser တို့ရဲ့ အနောက်မှာ ၆ ခု မြောက် ကားမော် ဒယ်အဖြစ် Aqua တို့ ရရှိလာခဲ့တာ ဖြစ်ပြီး ဂျပန်ပြင်ပ ဈေးကွက်မှာ ဆိုရင်တော့ RAV4 နဲ့ Corolla Cross တို့မှာပါ ရနိုင်ပါသေးတယ်။ ဒါ့အပြင် Toyota Fortuner လိုကားကြီးတောင်မှ GR Sport အနေနဲ့ ရသေး တာဖြစ်ပြီး Rear-Wheel Drive နဲ့ Body-On-Frame SUV အနေနဲ့မြင်ခဲ့ရတာပါ။ အခု Aqua GR Sport Trim အသစ်ကိုတော့ $ 18,800 ဆိုတဲ့ ပမာဏနဲ့အတူ ဂျပန်ဈေးကွက်အတွင်းမှာပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: motor 1.com