Motorhome လို့ခေါ်တဲ့ အိမ်တစ်လုံးလို နေနိုင်တဲ့ ကားတွေထဲမှာတော့ အခုမြင်ရတဲ့ 2023 Thor Miramar ဇိမ်ခံ RV ကားကြီးက ‌အ‌ကောင်းဆုံး ဖြစ်လာပြီလားလို့ မေးခွန်းထုတ်ရတော့မှာပဲ ဖြစ်ပါတယ်။ အခု ကားကြီးကို ရိုက်ပြထားတဲ့ Video ထဲမှာတော့ ကားကြီးက အတော်လေးကို ယှဉ်ဖို့ခက်ခဲတဲ့ ကား ကောင်းတစ်စီး ဖြစ်နေတယ် ဆိုတာကို မြင်တွေ့ လိုက်ရပြီး ကားအတွင်း နေရာအသုံးချမှု ‌များနဲ့ နည်းပညာ ပိုင်းတွေ အရပါ အတော်လေးကို စမတ်ကျ ကောင်းမွန်လွန်း လှတယ် ဆိုတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။ အဆိုပါ 2023 Thor Miramar ဇိမ်ခံ RV ကားကြီးကိုတော့ ခရီးရှည်ကြီး တွေထွက်ဖို့ ရည်ရွယ်ထားတဲ့ သူတွေအဖို့ ကားအတွင်း တကယ့်အိမ်တစ်လုံးလို သက်တောင့်သက်သာ ရှိစေဖို့ ရည်ရွယ်ကာ ပစ္စည်းနေရာ ချထားမှုကို ကောင်းကောင်း အသားပေး ပြင်ဆင်ပေးထားတာ တွေ့ရမှာပါ။ ကိုဗစ် ၁၉ ကပ်ရောဂါ အနေအ ထားတွေကြောင့်လည်း အဆိုပါ Motorhome ကားတွေ အပေါ် လူကြိုက်များမှုတွေက ယခင် ကထက်ပို များလာခဲ့တ ဖြစ်ပြီး အခြားလူတွေနဲ့ ထိတွေ့ရမယ့် ဟိုတယ်အခန်းတွေ ၊ Campsites တွေ ထက်စာရင် ကိုယ်ပိုင် နေရာလေး တစ်နေရာကိုရောက် လေရာမှာ အလွယ်တကူ ဖန်တီးပြီးသား ဖြစ်နေလို့ပါပဲ။

လက်ရှိမှာလည်း ကမ္ဘာ့ဇိမ်ခံ RV Motorhome ဈေးကွက်ကပါ အတော်လေး တိုးတက်နေပြီး ဇိမ်အကျဆုံး ခံစားနိုင်မယ့် နည်းပညာတွေနဲ့ အတွင်းခန်း ဖွဲ့စည်းပုံတွေကိုလည်း ဝယ်ယူသူတွေက မက်မောလာကြတာပါ။ ဒါကြောင့် အခု RV ကားသစ်ကြီးကတော့ မျိုးဆက်သစ် နည်းပညာတွေ အကုန်ပါဝင် ထည့်ပေးထားတဲ့ ကားဆိုတာ သေချာတဲ့ အပြင် ပိုထူးခြားတာ တစ်ခုကတော့ ဧည့်ခန်းလို အခန်းထဲက ရုပ်ရှင်ရုံ ဆန်ဆန် ကိုယ်ပိုင်ထိုင်ခုံတွေနဲ့ နေရာ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အိမ်တွေမှာ မြင်ရမယ့် မီးဖိုးချောင် Cabinet အကျယ်ကိုတောင် ယှဉ်ပြိုင်နိုင်မယ့် မီးဖိုနေရာပါ ပါဝင်နေပြီးတော့ ရေချိုးခန်းကလည်း ၂ ခန်းတောင် ပါဝင် တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကောင်းကောင်း အနားယူနိုင်မယ့် အဓိက ဧည့်ခန်းနေရာ တစ်နေရာနဲ့အတူ နောက်ထပ် Master Bedroom တစ်ခုလည်း ပါဝင် ပါသေးတယ်။ အဆိုပါ Master Bedroom ထဲမှာ ဆိုရင် တော့ Queen Size ရှိမယ့် အိမ်ယာကိုတောင် ထည့်သွင်းနိုင် သေးသလို အတော်လေးကို သီးသန့်ဆန်တဲ့ အိပ်ယာ အတွေ့အကြုံကို တကယ့် ဇိမ်ခံအိမ်တစ်လုံးအတိုင်း ပေးစွမ်းနိုင် မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကား ရဲ့ Cockpit မှာ ဆိုရင်တော့ Ford ရဲ့ Switch Gear ကို မြင်ရမှာဖြစ်လို့ Ford 7.3 Liter V 8 Engine ကိုပါ သိသာ နေစေတာ ဖြစ်ပြီး အခုကားကြီးကို ထိန်းဖို့ အတွက် လုံလောက်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အပြင်ဘက် မှာ အပြည့်တပ်ဆင် ပေးထားတဲ့ ကင်မရာတွေကြောင့်လည်း ယာဉ်မောင်းအဖို့ ဒီကား ကြီးကို လမ်းပေါ်မှာသက်တောင့်သက်သာနဲ့ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်မှာဖြစ်ကာ ပါကင်ထိုးတာကို လည်း ပိုပြီး တိတိကျကျနဲ့ ထိုးနိုင်မှာဖြစ်ပြီး အေးဆေး အနားယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ကားကို စမ်းသုံး ကြည့်တဲ့ သူတွေကတော့ အရှေ့ ဘက် ထိုင်ခုံတွေက နည်းနည်းလေး သက်တောင့်သက်သာ မရှိဘူးလို့ဆိုပေ မယ့် 2023 Thor Miramar Luxury RV ကား ကတော့ ခရီးရှည်ကြီးတွေအတွက် သက်သက်သာသာ အနားယူနိုင်မယ့် ကားအိမ်ကြီး တစ်လုံးလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com