Subaru ကတော့ WRX ကား မော်ဒယ် အသစ်ကို စတင်ချပြခဲ့ပြီဖြစ်ပြီး 2023 Model အသစ်တွေ အနေနဲ့ဆိုရင်တော့ ဈေးနည်းနည်း ပိုတက်လာခဲ့ပါတယ်။ အခု 2023 Model  မှာဆိုရင် ၅ ခု မြောက် မျိုးဆက်ကို ရောက်လာခဲ့ပြီဖြစ်ပြီး Base Trim အနေနဲ့တော့ $ 31,625 ကျသင့်မှာ ဖြစ်ပါတယ်။ Six-Speed Manual ဂီယာနဲ့ 2.4 Liter Turbocharged  Boxer အင်ဂျင်တို့ရဲ့ အတွဲအဖက်ကြောင့် 271 hp နဲ့ 258 lb-ft Torque အထိကို စွမ်းဆောင်လာ နိုင်တဲ့ WRX Lineup မှာတော့ Subaru ရဲ့ နောက်ဆုံးပေါ်  Symmetrical All-Wheel Drive စနစ်လည်း ပါဝင်လာ ပါသေးတယ်။

Photo Credit: motor 1.com

ကား Lineup ထဲမှာမှ Subaru Performance Transmission ဂီယာကို အသုံးပြုထားတဲ့ Base Trim ကတော့ $ 33,475 အထိ ကျသင့်တာ တွေ့ရပါတယ်။ အဆိုပါ ကားမှာတော့ EyeSight Driver Assist နည်းပညာကို သုံးထား ပြီး Adaptive Cruise Control အဆင့်မြင့် စနစ်ကိုလည်း Paddle Shifter တွေ ၊ SI-Drive တွေနဲ့ Electronic Parking ဘရိတ်‌တွေနဲ့အတူ တွဲဖက်အသုံးပြုပေးထား သေးတာပဲ ဖြစ်ပါတယ်။ WRX Premium Version ကားမှာ ဆိုရင်တော့ ၁၈ လက်မ အရွယ် အလွိုင်းဘီးတွေကိုမှ မီးခိုးအနက်ရောင်နဲ့ သုံးထားပြီး $ 34,125 အထိ ကျသင့်ပါလိမ့်မယ်။ ကားမှာတော့ ပိုကောင်းတဲ့ Summer တာယာတွေ ၊ LED Fog Lights တွေနဲ့ Low-Profile အနောက်ဘက် Spoiler တွေကိုလည်း ကိုယ်ထည်အရောင်နဲ့ တစ်ညီတည်း သုံးပေးထားတာကြောင့် ပိုကြည့်ကောင်းလာတာပါ။ ကားရဲ့ Headlight အဖွင့် အပိတ်မှာလည်း Wiper အဖွင့်အပိတ်နဲ့ပါ တွဲထားတာ တွေ့ရပါတယ်။ တကယ်လို့ $ 1,875 ပမာဏသာ အခုကားတန်ဖိုးမှာ ထပ်စိုက်‌နိုင်မယ် ဆိုရင်တော့ စပီကာ ၁၁ လုံးပါ Harman Kardon အသံစနစ်နဲ့ Moonroof ပါ ရရှိလာ ဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

WRX Limited အမျိုးအစားမှာ ဆိုရင်တော့ $ 38,515 အထိ ကျသင့်မှာဖြစ်ပြီး စတီယာတိုင်နဲ့အတူ အလိုအလျောက် တုံ့ပြန်နိုင်တဲ့ LED ရှေ့မီးတွေအပြင် ဘေးဘက်မှန်တွေကိုလည်း ဘေးအချက်ပြမီးတွေနဲ့ အလိုအလျောက် ချိတ်ဆက် ပေးထားပါတယ်။ အမြင့်ဆုံးသော WRX GT ကားမှာ ဆိုရင်တော့ $ 44,415 အထိ ကျသင့်မှာဖြစ်ပြီး အထူးထုတ် အနေနဲ့ Recaro Performance Design နဲ့ အရှေ့ထိုင်ခုံတွေကို ထုတ် လုပ်ထားပြီး အနက်ရောင် Ultrasuede ကို အနီရောင် လိုင်းတွေနဲ့ လိုက်ဖက်အောင် အလှဆင်ထားတာ တွေ့ရမှာပါ။ ဒါ့အပြင် ထိုင်ခုံတွေ အနောက်မှာလည်း Recaro Logo ကို သီးသန့် ထည့် သွင်းပေးထားသေးတာ ဖြစ်ပါတယ်။ အခု ကားသစ်ဈေးတွေ အကုန်လုံးမှာ $ 1,020 တန် Destination Charge ပါဝင်ထားပြီးသား ဖြစ်တာကြောင့် ယခင်နှစ်ကထက် $ 995 လောက်အထိ ဈေးပို မြင့်လာတယ်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါ တယ်။

Ref: motor 1.com