လက်ရှိကျင်းပ‌လျက် ရှိတဲ့ နယူးယောက် ကားပြပွဲကြီး ဆီမှာတော့ 2023 Subaru Outback က ရုပ်ထွက် အသစ် ၊ အဆင့်မြင့် နည်းပညာ တစ်ချို့နဲ့ အတူ ပွဲထွက်လာခဲ့ပါပြီ။ အဆိုပါ ကားသစ်ကိုတော့ အခုလာမယ့် ဆောင်းရာသီမှာ မှ စတင် ရောင်းချ မှာဖြစ်တာကြောင့် ဈေးနှုန်းတွေကိုတော့ ဈေးကွက်ထဲ ရောက်ခါနီးမှသာ ချပြလာနိုင်ပါတယ်။ Wilderness Trim က လွဲလို့ အခြားသော Outback Trim တွေ အကုန်လုံးမှာ အရှေ့ ဘက် ရုပ်ထွက် ပြောင်းလဲ ပေးလာခဲ့ပြီး ယခင်ကထက် ပိုနိမ့်သွားတဲ့ Fascia မှာ တော့ Foglight အဝိုင်း တစ်ခုနဲ့ အလယ်က လေထွက်ပေါက် တစ်ခုကို အလျားလိုက် ထည့်ပေးထားပါသေးတယ်။ Grille ကတော့ ယခင် ကား အဟောင်း နဲ့ အတူတူပဲ ဖြစ်ပေမယ့် အလယ် တည့်တည့်မှာ ပိုပြီး ထင်ရှားတဲ့ Pattern လေးတွေ ကြောင့် ပိုလှပလှပါတယ်။ ကားရဲ့ Headlight တွေကတော့ ဒီဇိုင်းပိုင်း ပြန်ပြင် ပေးထားတာကြောင့် ယခင် ကထက် ပိုပြီး တိကျတဲ့အသွင်ကို အပြင်က ကြည့်တာနဲ့တင် သိသိသာသာ မြင်နေရပါတယ်။

Photo Credit: motor 1.com

ကားရဲ့ Fender ကိုလည်း ကားဒီဇိုင်းအသစ်နဲ့ ပိုလိုက်ဖက်အောင် ပြောင်းလဲပြင်ဆင် ပေးထားပြီး အခု လိုမျိုး ပြောင်းလဲ ပေးထားတာက ဒီဇိုင်းပိုင်း အတွက်တင် မကပဲ ကားကို ပိုပြီး အကာအကွယ် ပေးနိုင်အောင်ပါ ရည်ရွယ် ပေးထားတယ် လို့ သိရပါတယ်။ နည်းပညာ ပိုင်းမှာတော့ Subaru ရဲ့ EyeSight Driver Assistance နည်းပညာရဲ့ အဆင့်မြင့် Version ကို ထည့်ပေးထားပြီး ကင်မရာကလည်း မြင်ကွင်းကျယ် ပြပေးနိုင်ပြီ ဖြစ်ကာ Software ကိုလည်း တစ်ပါတည်း Update တင်ပေးထားပါတယ်။ Blind Spot ကို ကြိုသိနိုင်မယ့် အဆင့်မြင့် နည်းပညာ ပါဝင်တဲ့ ကားမှာဆိုရင်တော့ အလို အလျောက် အလုပ်လုပ် နိုင်တဲ့ အရေးပေါ် စတီယာတိုင်ကို ထည့်ပေးထားပြီး ယာဉ်တိုက်မှု ဖြစ်နိုင်တယ်ဆိုတာ နဲ့ ဘရိတ် အလိုအလျောက် သုံးပေးတဲ့ အပြင် တစ်နာရီ မိုင် ၅၀ အောက်သာ ရှိမယ့် မောင်းနှင်မှုပုံစံကိုလည်း လိုအပ်ရင် မောင်းနှင် ပေး ထားဦးမှာပါ။ ဒါ့အပြင် Range အမြင့်ဆုံး Touring Trim မှာတော့ EyeSight ရဲ့ ကင်မရာ ၂ လုံးအပါအဝင် နောက်ထပ် မြင်ကွင်း ကျယ်ကင်မရာ တစ်လုံးကိုပါ အပို ထည့်ပေးထားပါသေးတယ်။ ဒီ မြင်ကွင်းကျယ် ကင်မရာကြောင့် လမ်းဆုံတွေနဲ့ လမ်းသွားလမ်းလာ တွေရှုပ်တဲ့ နေရာတွေမှာ ဆိုရင် အလျှင်အမြန် ထောက် လှမ်းပြီး သတိပေး နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Infotainment System ပိုင်းမှာတော့ ၁၁.၆ လက်မ အရွယ် Screen ကိုပဲ Apple CarPlay နဲ့ Android Auto တို့ကို သုံးနိုင်အောင် ပြင်ဆင် ပေးလာပါတယ်။ အင်ဂျင် တွေ ကလည်း 2.5 Liter Boxer Four-Cylinder Engine ကိုပဲ ယခင် အတိုင်း ပြန်သုံးစွဲထားပြီး 182 hp ၊ 176 lb-ft Torque တို့ အထိ စွမ်းဆောင် ရည် ရှိပါတယ်။ ဒါပေမယ့် 2.4 Liter Turbocharged Engine ကိုလည်း ရွေးချယ်ဝယ်ယူနိုင်သေးပြီး 260 hp နဲ့ 277 lb-ft Torque အထိကို စွမ်းဆောင် နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂီယာ အနေနဲ့ကတော့ CVT စနစ်တစ်မျိုးတည်းကိုပဲ ရနိုင်မှာပါ။ 2023 Outback အသစ်ရဲ့ Onyx Grade မှာ ဆိုရင်တော့ 2.5 Liter Naturally Aspirated Flat-Four Engine ကို ပြောင်းလဲ ထည့်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် နဂို ပါဝင်လာမယ့် Power Moonroof ၊ အနက်ရောင် ပြတင်းပေါက် Molding တွေနဲ့ အတူ အနက်ရောင် ၁၈ လက်မ ဘီးတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Limited Trim မှာ ဆိုရင်တော့ ယာဉ်မောင်းရဲ့ ထိုင်ခုံ ကို ၁၂ မျိုး အထိ ချိန်ညှိနိုင်တာမျိုး လုပ်လို့ရမှာ ဖြစ်ပြီး ကြိုက်နှစ်သက်ရာ ပုံစံ ၁၀ မျိုး အထိ ကိုလည်း မှတ် ထားလို့ ရပါသေးတယ်။ အခု ဆိုရင်တော့ စတီယာတိုင်ကလည်း ပတ်ပတ်လည်နေရာ အနှံ့ ပူနွေးနေအောင် လုပ်ပေးထားမယ့် စနစ်ပါဝင် လာခဲ့ပြီ ဖြစ်ပြီးအဆင့်မြင့် Touring Trim မှာဆိုရင်တော့ Nappa Leather အနက်ရောင်သားတွေနဲ့လည်း ရနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ကားမှာတော့ ထူးထူးခြားခြားပဲ Digital Rearview Mirror ကိုပါထည့်ပေးထားပြီး အလိုအလျောက်မှိန်သွားတာမျိုးတဲ့ သံလိုက် အိမ်မြှောင် ကိုပါ ထည့်ပေးထားတာကြောင့် ယခင် ကားတွေနဲ့ ယှဉ်ရင်တော့ သိသိသာသာ အဆင့်မြင့်လာခဲ့ပြီပဲ ဖြစ်ပါ တယ်။

Ref: motor 1.com