ပြီးခဲ့တဲ့ 2022 Subaru Crosstrek ကားနဲ့ အတော်လေး ဆင်တူတဲ့ 2023 Version အသစ်ကားကို Subaru တို့က တရားဝင် မိတ်ဆက်ခဲ့တာကြောင့် အနည်းဆုံးတော့ နောက်တစ်နှစ်လောက် ထပ်မြင်ရသေး တယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် ဈေးနှုန်းပိုင်းနဲ့ Trim Level အသစ် တွေလိုမျိုး သိသာထင်ရှားတဲ့ အပြောင်း အလဲတွေ ကိုတော့ မြင်တွေ့ ထား ရပါတယ်။ ဒါပေမယ့် ပထမ‌ဆုံးပြောပြရမှာကတော့ သတင်းဆိုး ဖြစ်နေပါ တယ်။ အကြောင်းကတော့ အဆိုပါ 2023 Crosstrek ရဲ့ Trim level  တွေ အကုန်လုံးကို $ 550 ဈေး ပို တက် လာတာပါပဲ။ သာမန် ဈေးပိုင်းမှာ ဆိုရင်တော့ $ 500 နဲ့ပဲ ဆိုပေမယ့် Subaru ရဲ့ အခွန်အခ တွေက လည်း $ 50 လောက်ထပ်မံ ကျသင့်လို့ ဖြစ်ပါတယ်။ ဒါကြောင့် အခု ကားသစ် ရဲ့ Base Trim Level မှာ ဆိုရင် $ 24,870 အထိ စတင် ကျသင့်လာမှာဖြစ်ပြီး မနှစ်ကတော့ $ 24,320 ပဲ ရှိခဲ့တာပါ။ Crosstrek Limited ကားဆိုရင်လည်း $ 30,720 ကျသင့်လာပြီး အားလုံး ‌လိုချင်တာတွေ ထပ်ဝယ်ဦးမယ် ဆိုရင်တော့ $ 33,000 လောက်အထိ ကျသင့်လာနိုင်ပါတယ်။ Crosstrek Hybrid ကားကတော့ $ 38,070 ဆိုတဲ့ ပမာဏနဲ့အတူ Flagship ကား တစ်စီး အဖြစ် ပွဲထွက် လာတာပါ။

Photo Credit: motor 1.com

အခု သတင်းကောင်း အလှည့်ကတော့ 2022 Model Trim တွေအတိုင်း အကုန်ပြန်ရလာတာ ဖြစ်ပြီး Crosstrek Special Edition ကိုလည်း Premium နဲ့ Sports Trim တွေ အကြား ထည့်ပေးလာပါတယ်။ နှစ်ပေါင်းများစွာ အကြာမှာ တစ်ကျော့ပြန်‌ ပါလာတဲ့ Desert Khaki ဆိုတဲ့ Shade အရောင်သစ် လေးကို လည်း မြင်ရမှာပါ။ ဒါ့အပြင် Special Edition ကားမှာဆိုရင်လည်း မီးခိုးရောင် ၁၇ လက်မ အရွယ် ဘီးတွေ ကို သုံးပေးလာပြီး အနက်ရောင် အစင်းလေးတွေနဲ့ တွဲပေးထားပါတယ်။ အတွင်းခန်းထဲမှာတော့ ပိုများတဲ့ အနက်ရောင် အသုံးတွေကိုမြင်ရမှာ ဖြစ်ပြီး အနီရောင် အစင်းလေးတွေနဲ့ Upholstery တွေ ကအတော်လေး လိုက်ဖက်နေစေပါတယ်။ နည်းပညာပိုင်းမှာ ဆိုရင် တော့ ၈ လက်မအရွယ် Infotainment Screen အပါ အဝင် Premium Trim Level ကားတွေမှာ ရှိသင့်တဲ့ အချက် အလက်တွေ အကုန် ပါဝင်လာမှာပါ။

Photo Credit: motor 1.com

အင်ဂျင်ပိုင်း ကတော့ 2.0 Liter Four-Cylinder အင်ဂျင်ကိုပဲ Base ၊ Premium နဲ့ SE Trim တွေမှာ ယခင်အတိုင်း သုံးပေးလာတာကြောင့် 152 hp စွမ်းဆောင်ရည် ရှိနေပါလိမ့်မယ်။ ဒါ့အပြင် ပိုကြီးမားတဲ့ 2.5 Liter Four-Pot Engine ကိုတော့ Sport နဲ့ Limited Trim တွေမှာ သုံးပေးထားကာ 182 hp အထိ ကိုရှိနေမှာပါ။ CVT ဂီယာ ကိုတော့ Trim Level အကုန်လုံးမှာ ထည့်ပေးထားပြီး Base Models နဲ့ Premium ကားတွေ မှာကတော့ Six-Speed Manual Gearbox ပါဝင် လာပါတယ်။ All-Wheel Drive ကိုတော့ ကား အမျိုးအစားတိုင်းမှာ Standard အနေနဲ့ ထည့်ပေးထားပါတယ်။ အဆိုပါ ကားတွေ ထဲမှာပဲ 2.0 Liter Engine ကိုမှ လျှပ်စစ် မော်တာနဲ့ ပေါင်းကာ စုစုပေါင်း စွမ်းဆောင်ရည် 148 hp အထိရမယ့် Hybrid Model လည်း ပါဝင်ပါသေးတယ်။ ယခင် ၂၀၂၁ နွေရာသီ လောက်ကတည်းက အဆိုပါ ကားစမ်း သပ်နေတဲ့ ပုံရိပ်တွေ မြင်ခဲ့ ရတာဖြစ်ပြီး အမြင်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အများကြီးကို တွေ့ခဲ့ရတာပါ။ လက်ရှိ ဈေးကွက်ထဲ ရှိနေဆဲ Crosstrek မျိုးဆက်ကတော့ ၂၀၁၇ ကတည်းက ထွက်ခဲ့တာ ဖြစ်လို့ အခု ကားသစ်ကိုတော့ လာမယ့် ၂၀၂၃ ထဲမှပဲ ပွဲထုတ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: motor 1.com