Subaru ကတော့ သူတို့ရဲ့ Crosstrek ကား မော်ဒယ်သစ်ကို ဂျပန်ပြည်တွင်း ဈေးကွက်ထဲမှာပဲ တရားဝင် စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အခု တတိယမြောက်မျိုးဆက်ကားသစ်နဲ့အတူ တစ်ချို့ ဈေးကွက် တွေထဲမှာ တော့ ယခင်မြင်နေကျ XV Trim မဟုတ်တော့ပဲ Crosstrek ဆိုတဲ့ နာမည်နဲ့ပဲ ရှေ့ဆက်တော့မှာပါ။ Subaru Global Platform (SGP) ပေါ် အခြေခံပြီးပဲ ဆက်လက် ထုတ်လုပ်ထားတယ် ဆိုပေမယ့် သက်တောင့်သက်သာရှိမှု အပိုင်းမှာ တော့ ယခင်ထက် ပိုလာပါတယ်။ ယခင်မျိုးဆက်နဲ့ ယှဉ်မယ်ဆိုရင် ကားကိုယ်ထည်ကလည်း Frame အပြည့်သုံးပြီး အတော်လေး တောင့်တင်းလာခဲ့ကာ Levorg နဲ့ WRX တို့ရဲ့ မျိုးဆက်တွေလို ဖြစ်လာပါပြီ။ အပေါ်ပိုင်း ကိုယ်ထည်တွေ ကိုလည်း ယခင်လိုမျိုး သပ်သပ်စီ တပ်ဆင်ထုတ်လုပ်တာမျိုး မလုပ်တော့ပဲ Suspension ၊ အင်ဂျင် ပိုင်းတွေကိုလည်း လမ်းနဲ့အညီ ပိုပြီး သက်တောင့် သက်သာ‌ဖြစ်အောင် မောင်းနှင်ပေးနိုင်မယ့် အပိုင်းတွေ လုပ်ဆောင် ပေးလာခဲ့ပါတယ်။

Photo Credit: motor 1.com

အပြင်ဘက် ဒီဇိုင်းပိုင်း သိသိသာသာ တိုးတက်လာခဲ့သလိုပဲ အတွင်းပိုင်းမှာလည်း အဓိက ပြောင်းလဲလာခဲ့တာ ကတော့ Infotainment System အသစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ၁၁.၆ လက်မအရွယ် Infotainment Screen ကို ယခင်အတိုင်း အတူတူပဲ သုံးထားဆဲ ဆိုပေမယ့်လည်း Digital Instrument Cluster ကိုတော့ အပြည့်မထည့် ပေးထားသေးပါဘူး။ အခု ကားရဲ့ ထိုင်ခုံတွေကလည်း သက်တောင့်သက် သာ ပိုရှိဖို့ကိုပဲ ဦးစားပေး ဖန်တီးထားကာ တုန်ခါမှုကို လျှော့ချနိုင်မယ့် ဒီဇိုင်းတွေ သုံးထားပါတယ်။ ဒါ့အပြင် အသံ ဆူညံမှုကို ပိုလျှော့ချပေးနိုင်မယ့် သတ္တုတွေ ကို အသုံးပြုပေးထားပြီး Dual-Pinion Electric Power စတီယာတိုင်နဲ့ နောက်ဆုံးပေါ် EyeSight Safety လုံခြုံရေးနည်းပညာ တွေပါဝင်လာခဲ့ပါပြီ။ အခု မျိုးဆက်သစ် ကားရဲ့ မီးလုံးတွေကလည်း Full LED မီးတွေ ဖြစ်လာခဲ့ ပြီး Subaru ကားတွေထဲ ပထမဆုံး အနေနဲ့ LED Lamps တွေလည်း ပါလာခဲ့ပါသေးတယ်။

Photo Credit: motor 1.com

အရှည် ၁၇၆.၃ လက်မ ၊ အကျယ် ၇၀.၉ လက်မရှိလာတဲ့ အခု Crosstrek အသစ်ကတော့ ယခင်မျိုးဆက်ဟောင်း ကားထက် ၀.၆ လက်မ လောက် ပိုရှည်လာ ခဲ့ပါတယ်။ အမြင့်ကလည်း ၆၂.၂ လက်မ အထိ ရှိလာခဲ့ ပြီး Wheelbase ကလည်း ၁၀၅.၁ လက်မ အထိ ရှိလာပါတယ်။ ဘီးတွေ အနေနဲ့ကတော့ ၁၈ လက်မအရွယ် ဘီးတွေအထိ ‌ရွေးချယ် တပ်ဆင်နိုင်ပြီး အနိမ့်ဆုံး မြေပြင်ကင်းလွတ် အမြင့်ကလည်း ၇.၉ လက်မ အထိ ရှိလာပါတယ်။ ကားမှာ ရွေးချယ် တပ်ဆင်မယ့် အရာတွေပေါ် မူတည်ပြီး ကားကတော့ ၁၅၄၀ ကီလို ဂရမ်က‌နေ ၁၆၂၀ ကီလို အထိ အလေးချိန် ရှိနေမှာ ပါ။ ကားရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကိုတော့ လုံးဝ ချပြထားခြင်း မရှိသေးပဲ JDM-Spec ကားတစ်စီးအနေနဲ့ ဆိုရင်တော့ 2.0 Liter Gasoline Engine ကိုနဲ့ လျှပ်စစ်မော်တာပေါင်းကိုမှ e-Boxer Setup အနေနဲ့ ထည့်သွင်းလာမယ်ဆိုတဲ့ တစ်ချက်ကိုပဲ ပြောပြထားပါ တယ်။ သေချာတာကတော့ အဆိုပါ အင်ဂျင်နဲ့ ဂီယာ ဘောက်စ် တွေမှာ တုန်ခါမှုကို လျှော့ချပေးနိုင်ဖို့ ပြင်ဆင်မှုတွေ ကောင်းကောင်း လုပ်ထားဦးမှာပါပဲ။ အဆိုပါ ကားသစ်တွေကို တော့ ဂျပန်ဈေးကွက်ထဲ လာမယ့် နှစ်မှာ စတင်ရောင်းချ လာတော့မှာဖြစ်ပြီး နောက်မှသာ အခြားဈေးကွက်ထဲ ရရှိ နိုင်မှာ ဖြစ်ပါတယ်။

Ref: motor 1.com