ကားလောကထဲမှာတော့ ကားအသစ်ရော တစ်ပတ်ရစ်တွေပါ အရာရာ ဈေးတက်နေတာကြောင့် ဒေါ်လာ ၃၀,၀၀၀ အောက်လောက်မှာ Rear-Wheel Drive အသစ် စက်စက် ကား ကောင်းကောင်း ဝယ်လိုက်နိုင် တယ်ဆိုရင်ပဲ အတော်လေးအထင်ကြီးစရာ ကောင်းနေမှာသေချာပါတယ်။ အခုလိုဈေးမျိုးနဲ့ စွမ်းဆောင်ရည် ကောင်းကို ပေးနိုင်တဲ့ ကားတော့ တကယ်ရှိနေသေးပြီး အဲ့ဒါကတော့ 2023 Subaru BRZ အသစ်ပါပဲ။ လက်ရှိမှာ Destination Charge $ 1,020 အပါ အဝင် $ 29,615 အထိပဲ ကျသင့်တာပဲ ဖြစ်ပါတယ်။ ဘယ် လိုပဲ ဖြစ်ဖြစ် မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေကို Subaru လည်း မတက်နိုင်တော့ပဲ ကားဈေးကိုပါ လိုက် မြှင့်ခဲ့ရတာပါ။ ဒါကြောင့်လည်း အခု ၂၀၂၃ ကား မော်ဒယ်အသစ် က ၂၀၂၂ ကားတုန်းကထက် အနည်းငယ် ဈေးတက်ခဲ့ပြီး 2022 Model တုန်းကတော့ $ 28,955 ပဲ ရှိတာပါ။

Photo Credit: MotorAuthority

အခု 2023 BRZ အတွက် $ 30,000 နီးပါးဆိုတဲ့ ဈေးနှုန်းကတော့ Standard ပါဝင်လာတဲ့ 6-Speed Manual ဂီယာ ကြောင့်လည်း အဓိက ဖြစ်နိုင်ပါတယ်။ တကယ်လို့ ကားကို 6-Speed Automatic Transmission နဲ့သာ ရွေးချယ်ဝယ်ယူချင်တယ် ဆိုရင်တော့ $ 31,115 အထိကို ဈေးက ကျသင့်သွားတော့ မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေရာမှာတော့ အကြိုက်ချင်း မတူကျပဲ ဈေးနည်းလို့ Manual က မကောင်းတာ လည်း မဟုတ်ကာ တစ်ချို့ကတော့ Manual ဂီယာကိုပဲ ပိုရွေးချင်ကြတာလည်း ဖြစ်လို့ပါပဲ။ အဆိုပါ BRZ Model ကိုတော့ မနှစ်ကတည်းက ဒီဇိုင်း ပြန်လည် ဆန်းသစ်ပေးခဲ့တာ ဖြစ်လို့ အခုနှစ် မှာတော့ အပြောင်း အလဲ သိပ်မကြီးမားတော့တာ တွေ့ရပါတယ်။ အင်ဂျင် ပိုင်းကတော့ 2.4 Liter Flat-4 ကို သုံးထားပြီး စွမ်း ဆောင်ရည်ကလည်း 228 hp နဲ့ 184 lb-ft Torque အထိ ရှိနေတာပါ။ ဒါကြောင့် တစ်နာရီ မိုင် ၆၀ နှုန်း အထိ အရှိန်တင်ဖို့ ဆိုရင်တော့ Manual ဂီယာနဲ့ ဆိုရင် ၆ စက္ကန့် လောက် အတွင်း မောင်းနှင်နိုင်မှာ ဖြစ်ကာ Automatic ဂီယာနဲ့ ဆိုရင်တော့ ၇ စက္ကန့် ဖြစ်သွားမှာပါ။

Photo Credit: MotorAuthority

ဒါ့အပြင်ကားမှာ နဂိုထည့်ပေးထားမယ့် ရွေးချယ်စရာတွေကလည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းပြီး Torsen Limited-Slip Differential စနစ် ၊ LED မီးကြီးတွေ ၊ ၁၇ လက်မ အရွယ် ဘီးတွေနဲ့အတူ အခြား သော ၇ လက်မအရွယ် Digital Instrument Cluster တွေလည်းပါဝင်လာတာပါ။ ဒါ့အပြင် ကားမောင်းရာ မှာ ပိုပြီး တည်ငြိမ်နေစေဖို့ အထောက်အကူ ပေးနိုင်မယ့် Track Mode လည်း အသင့်ပါလာပါသေးတယ်။ Digital Instrument ရဲ့ တစ်စိတ် တစ်ပိုင်းကိုလည်း ကိုယ်တိုင် စိတ်ကြိုက်ချိန်ညှိ နိုင်ဖို့ပြင်ဆင်ပေးထားပြီး Amps ပမာဏတွေပြပေးတာ ၊ Coolant အပူချိန် ဒါမှမဟုတ် Lateral G Forces ‌တွေပြပေးတာ စ‌တာတွေ ကို စိတ်ကြိုက်ပြောင်းလဲနိုင်ဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ ကားမှာ ပါဝင်လာတဲ့ Track Mode ကို ရွေးချယ် ထားပြီဆိုရင်လည်း Tachometer ကသာမန် Circular အဝိုင်းပုံစံကနေ Linear Graph ပုံစံကို ပြောင်းသွား မှာလည်း ဖြစ်ပါတယ်။ ကားမှာတော့ ၈ လက်မ အရွယ် Infotainment Screen ကို Standard အနေနဲ့ ထည့်ပေးထားပြီး Apple CarPlay နဲ့ Android Auto စနစ် တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ 2023 BRZ ကားအသစ်ကိုတော့ အခု လာမယ့် နွေရာသီမှာ စတင် ရောင်းချသွားမှာ ဖြစ်ပြီး အခု ကားနဲ့အတူတူ ဖြစ်လာမယ့် 2023 Toyota GR 86 ရဲ့ ဈေးနှုန်းတွေကိုတော့ သေချာမသိရသေးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority